7♡. unicode

261 35 20
                                    

               ရိပေါ်ရောက်တက်ရာရာ ကားမောင်းခဲ့မိတာဘယ်ကိုရောက်လို့ရောက်မှန်းမသိတော့ပေရုတ်တရက်ကြီးထိုးရပ်သွားတဲ့ကားကြောင့်သာလျှင် ရိပေါ်အခုအခြေနေကိုသတိဝင်လာမိတော့တာ မြို့ပြင်ဘက်တစ်နေရာဖြစ်ပုံရကာ လူနေအိမ်တွေကလည်း ကျိုးတိုးကြဲတဲပင် ရိပေါ်ပတ်ဝန်းကျင်အနေထားကို ကြာကြာဂရုမစိုက်နိုင်ပေ အကြောင်းမှာ ဒီလူသူကင်းမဲ့တဲ့နေရာမှာ ရုတ်တရက်ကြီးထိုးရပ်သွားတဲ့ကားကြောင့်ဘာဆက်လုပ်ရမှန်းမသိတော့ပေ သေချာစစ်ဆေးကြည့်တော့မှ ကားက ဆီတစ်စက်မှမရှိတော့တာပင်

နာကျင်နေတဲ့ရင်အစုံကြောင့် ပါး‌ပြင်ပေါ်က မခြောက်သွေ့သေးသည့် မျက်ရည်တွေရယ် အခုလိုဒုက္ခတရားတွေနဲ့ကြောင့် ရိပေါ် ကားစီယာတိုင်ပေါ် ခေါင်းငုံ့လို့ အသံထွက်ရိူက်ကာ ထပ်မံ‌ငိုကျွေးမိပြန်သည်ဒီအချိန်မှာသူဘာလုပ်လို့လုပ်ရမှန်းမသိတော့ပေ ဝမ်းနည်းနာကျင်လွန်းတဲ့ခံစားချက်တွေကို အော်ဟစ်ပေါက်ခွဲပစ်လိုက်ဖို့တစ်ခုဘဲ တတ်နိုင်တော့သည်

ရှောင်းရဲ့အနားရှိခွင့်ရတဲ့အချိန်ဟာဘယ်လောက်မှမကြာသေးဘဲ သူဟာထွက်သွားပေးရတော့မှာတဲ့လား ဒီအချိန်မှာ ရှောင်းဆီကို ပြန်သွားပြီးတိုက်ရိုက်ဖွင့်ဟမေးဖို့ ရိပေါ်နည်းနည်းလေးတောင်သတ္တိမရှိနေပေ သတ္တိမရှိဘူးဆိုတာတဲ့
" ဟုတ်တယ် မင်းငါ့ဘဝထဲကထွက်သွားပေးတော့"ဆိုသည့်စကားလုံးအားကြားနိုင်စွမ်းမရှိတာပင် အချိန်တန်ရင်ထွက်သွားပေးရမယ်ဆိုတာသိပေမဲ့ ဒီလောက်မြန်မြန်ကြီးလို့တော့မထင်ထားခဲ့တာ

ထိုအမျိုးသမီးနဲ့ရှောင်းဟာ ဘယ်အချိန်ထဲက ပတ်သတ်ခဲ့ကြသလဲရိပေါ်မသိပေ ရိပေါ်ရှောင်းကိုသိရှိခဲ့တဲ့နှစ်တွေအတွင်း ရှောင်းဟာ ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ ချစ်သူရည်းစားဆိုတဲ့ပတ်သတ်မှုမျိုးမရှိခဲ့ ဒါပေမဲ့လို့အခုကျတော့မှထိုအမျိုးသမီးက ဘယ်ကနေဘယ်လိုပေါ်လာရသလဲရိပေါ်မစဉ်းစားတတ်တော့ချေ

.....

ရိပေါ်ဖုန်းဖွင့်ကြည့်လိုက်မိတော့ ဖုန်းစခရင်ပေါ် ပေါ်နေသည့် ရှောင်းရဲ့ missed calls ပေါင်းများစွာ သို့ပေမဲ့လို့ ရိပေါ်ပြန်ခေါ်ချင်စိတ်လုံးဝမရှိပေ အနည်းဆုံးတော့ သူရှောင်းကိုစိတ်နာခွင့်ရှိသည်မလား တစ်ဖက်မိန်းကလေးက ရိပေါ်နဲ့ရှောင်းလက်ထပ်ထားတာကိုမသိလို့ မိတ်ဆတ်လာသည်ဖြစ်ပါစေအုန်းတော့ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်အနေနဲ့ရှောင်းဟာထိုသို့လုပ်ရက်ကိုလုပ်နိုင်သည်မှာ အံ့သြလို့မဆုံးပေ

This Is Call Love Where stories live. Discover now