" ဘာဗျမနေဘူးနော် ရှောင်းကျွန်တော်လုံးဝခင်များကြီးနဲ့တစ်ခန်းထဲမနေနိုင်ဘူး "
လက်ထပ်ပြီးတဲ့နေ့ကတော့ မတူသလိုမတန်သလိုနဲ့ရိပေါ်ကိုအခန်းခွဲနေခိုင်းပြီးအခုကျတော့မှ လင်မယားတွေမို့တစ်ခန်းထဲနေရမယ်တဲ့ ရှောင်းက လေ တစ်ကယ်ကိုနားလည်ရခက်တဲ့လူကြီး
" ဟ ဒီမှာ မင်းအဲ့လောက်ထိအကြောက်အကန်ဖြစ်နေစရာမလိုဘူး ငါလည်း နေချင်လို့နေတာမဟုတ်ဘူး... အဟမ်း မင်းမိဘတွေ ငါ့မိဘတွေ ဒီကိစ္စပြန်သိသွားရင်မကောင်းတတ်လို့ ပြီးတော့စိတ်ချ မင်းကိုငါလက်ဖျားနဲ့တောင်ထိမှာမဟုတ်ဘူး "
အခုချိန်ထိအခန်းဝမှာစကားအချေအတင်ဖြစ်နေကြသည်မို့ ရိပေါ်မှာ အကျီတောင်မဝတ်ရသေးပေ
" ပြီးရော ဒါပေမဲ့ ရှောင်း တကယ်ကျွန်တော့်ကိုလုံးဝမထိရဘူးနော် "
ရှောင်းကျန့် သူ့ကို မကောင်းသည့်လူပုံစံလာပြောနေသည်မို့ စိတ်တိုသွားရသည် ဘယ်သူကများ ဒီတစ်ယောက်ကို ထိချင်နေလို့လဲဝေးသေး
" မင်းငါ့ကိုဒီလောက်ထိဖြစ်ပျက်ပြမနေနဲ့ ဝမ်ရိပေါ် မင်းအပေါ်ငါ ဘာစိတ်ခံစားချက်မှမရှိတာလည်း မင်းအသိဆုံးဘဲ အဲ့နေ့ကဖြစ်သွားတယ်ဆိုတာလဲ ဆေးအရှိန်ကြောင့်နဲ့ ငါမထိန်းချုပ်နိုင်ဖြစ်သွားတာ အသိစိတ်ရှိတဲ့အချိန်ဆိုရင် မင်းကိုထိဖို့ဆိုတာ ဝေးသေး မင်းအနားမှရှိနေရတာတောင်ငါက နှစ်မြိုတာမဟုတ်ဘူး"
ဝမ်းနည်းခြင်းဆိုတဲ့ပြယုဒ်ကို မျက်ရည်တွေအဖြစ်ပုံဖော်ဖို့ ဘယ်ကောင်က တီထွင်ခဲ့လေသလဲမသိပေ ရှောင်းရဲ့စကားလုံးတွေဟာ ပေါ့ပေါ့ပါးပါးလေးဆိုပေမဲ့ ရိပေါ်ရဲ့ရင်ကို အဆမတန်ရိုက်ခတ်သွားသည်
ရိပေါ်ဝေ့ဝဲတက်လာတဲ့ မျက်ရည်တွေကို အံကြိတ်သီးခံလိုက်ရင်း" ကောင်းပြီလေ ကျွန်တော်က ထိချင်စရာမကောင်းတဲ့လူမို့ ရှောင်းဘယ်တော့မှ မထိဖို့မျှော်လင့်ပါတယ် "
ဝမ်းနည်းရိပ်တွေ စွန်းထင်းနေတဲ့ မျက်နှာဖြင့် ဝမ်ရိပေါ်ဟာ သူ့ရှေ့မှာ ပိတ်ရပ်နေတဲ့ ရှောင်းကျန့်ကို တွန်းတိုက်လို့အခန်းထဲဝင်သွားလေရဲ့ရှောင်းကျန့်အခုမှ သူပြောမိတဲ့စကားတွေကိုပြန်စဉ်းစားလို့ ဝမ်ရိပေါ်ကိုအားနာသွားမိသည် သို့ပေမဲ့လည်း ရှောင်းကျန့်ပြောတာက အမှန်တွေဘဲမဟုတ်လားအသိစိတ်ရှိနေတဲ့အချိန် သူဝမ်ရိပေါ်ကို လက်ဖျားနဲ့တောင်ထိဖို့စဉ်းစားမည်မဟုတ်ပေ
YOU ARE READING
This Is Call Love
Fanfictionငါကလေးတွေကိုမချစ်ဘူးဝမ်ရိပေါ် #xiaozhan အဲ့တာဆိုလည်းကျွန်တော်အသက်ကြီးတဲ့အထိစောင့်ပေးမလားရှောင်း #wang yibo