ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ တစ်ခန်းလုံးမှာ ကိုယ်တစ်ယောက်ပဲ ရည်းစားမရှိတာတော့ နည်းနည်း မဟုတ်သေးဘူးလားလို့ဟုန်းဂျီဆူးသည် မွေးကတည်းက တစ်ကိုယ်တည်းဖြစ်ပြီး ခုထိလည်း တစ်ကိုယ်တည်းပင် ရံဖန်ရံခါ flirt တဲ့သူတွေလည်းရှိပေမယ့် ဟုန်းဂျီဆူး၏ နှလုံးသားလေးက လွယ်လွယ်ပါမသွားတော့ လက်လျော့လိုက်ရမြဲသာ အဲ ပါသွားတဲ့လူတစ်ယောက်တော့ရှိသည် ဒါပေမဲ့ ထိုကောင်မလေးက ghost သွားလို့ ကျန်ရစ်ဖြစ်ပြီး ရည်းစားထားဖို့ကြောက်သွားတာဖြစ်သည်။
သို့ပေသည့် ဟုန်းဂျီဆူး၏ ဘဝသည် သကြားလုံးလေးလို ချိုမြိန် လှပါသည် ချစ်ပေးပြီးနွေးထွေးတဲ့ မိသားစုကိုလည်း ပိုင်ဆိုင်ထားပြီး လိုလေသေးမရှိအောင် အထားခံထားရသည်။
"ဟျောင့် ဂျီဆူး လာ ကန်တင်းသွားရအောင်"
"တော်စမ်းပါ မင်ဂယူရာ ပြီးရင်ငါက သုံးဘီးပဲ ဖြစ်အုံးမှာများ မင်းပဲသွား"
ထိုလိုချိုမြိန်သော ဟုန်းဂျီဆူးဘဝ၏ အခါးဓာတ်ကို ပြောပါဆိုလျှင် အတွဲတွေပင် ဖြစ်သည်။
ဟုန်းဂျီဆူးနေ့တိုင်း လုပ်ဖြစ်သည်မှာ ချိုချဉ်စားတာပင် သူသည် နေ့စဉ် ချိုချဉ် ၃လုံး စားလေ့ရှိသည်။
"ဒီနေ့ရော ဘာချိုချဉ်လဲ"
"စတော်ဘယ်ရီ"
မင်ဂယူမေးလာသည်ကို ပြန်အဖြေပေးလိုက်ကာ နှုတ်ခမ်းလေးကော့တတ်ရုံမျှ ပြုံးနေသူသည် တကယ်ပင် ချိုချဉ်ကို သဘောကျပုံ
"စီနီယာ ရှူအာ!!"
ရှုအာ?? တစ်မိုးအောက် ဟုန်းဂျီဆူး လူတိုင်းကို အသိမခံတဲ့နာမည် သူ့၏ ချိုမြိန်တဲ့ဘဝကို အပျက်အစီးမခံနိုင်လို့ ပိတ်ပင်ထားခဲ့တဲ့ နာမည်ကို ခေါ်ရဲသည့် သူမှာ မည်သူနည်း
ခုနက စိတ်ကျေနပ်နေပုံရသော ဟုန်းဂျီဆူးသည် ချက်ချင်းပင် ဒေါသထွက်ကာ သူ့နာမည်ကိုခေါ်လိုက်သော ကောင်လေး၏ လက်ကိုဆွဲလျက် လှေကားအောက်သို့ခေါ်လာခဲ့သည်။
ဟုန်းဂျီဆူးထက် အရပ်နည်းနည်းနိမ့်ပြီး မျက်ခုံးတန်းတန်းလေးများဖြင့် နှာတံမှာဆင်းနေသည့်ကောင်လေးတစ်ယောက်