ကျောင်းရှေ့ရောက်တော့ ကိုကိုက ကျွန်တော့်ခေါင်းကို လာပုတ်ရင်းနဲ့
"အိုက်ဂူး ချစ်စရာလေး ငါတို့ဂျောင်ဟန်နီးက နေ့လည်ကျရင် ကိုကိုနဲ့တူတူ ထမင်းလာစားမယ်မလား"
"ဟုတ် လာခဲ့မယ် ကိုကို"
ကိုကိုက အဲ့လိုအရင်ခေါ်တော့ ကျွန်တော်က ပျော်တာပေါ့ ကိုကိုမဟုတ်ရင် မဖြစ်တော့တဲ့ ကျွန်တော့်နှလုံးသားလေးကို ကိုကို မြင်ရင် ပိုပျော်မိမှာပါ ဆိုတဲ့ စကားကိုတော့ ထုတ်မပြောခဲ့ပေ။ပြောရင် အထုခံရလိမ့်မယ်။ဂျောင်ဟန်က ဟုန်းဂျီဆူးကို ကြိုက်နေတာ အဲ..ချစ်နေတာ ၁နှစ်ပြည့်တာ ဒီနေ့ပေါ့ အဲ့ဒါမို့လို့ ချိုချဉ်ပန်းစည်းကို ပြင်ထားခဲ့တာ ကိုကိုကတော့ မသိလောက်ပါဘူး။ ဒါပေမဲ့ ရပါတယ်လေ နောက်လည်း ကိုယ့်အပိုင်ပဲ ဖြစ်မှာပဲ။
"တင်းးးတောင်"
'အယ်မုန့်စားကျောင်းတောင်ဆင်းပြီ project ကလုပ်လို့ကောင်းနေတာကို'
"ဂျောင်ဟန် မင်းမုန့်သွားစားတော့လေ",
ချွဲဆွန်းချောက မအော်ရုံတမယ်လာပြောသည်။ဂျောင်ဟန် မျက်ခုံးကျုံ့လိုက်ပြီး
"အာ..ကိုကိုဆွန်းချောကလည်း ခဏလေးပါ ပြီးတော့မယ် စောင့်ပေး နော် နော်လို့"
ဒီချစ်ဖို့ကောင်းပြီး ချွဲနေတဲ့ကောင်လေးကို ချွဲဆွန်းချော ဘယ်တုန်းက နိုင်ဖူးလို့လည်း
"ရတယ် ရတယ် အေးဆေးလုပ် ကိုယ်စောင့်ပေးမယ်"
၅မိနစ်အကြာ
"ကိုကိုရေဟန်နီးပြီးပြီ သွားကြမယ်"
သူများတွေနဲ့ဆို ကျွန်တော်လို့ပြောပေမယ့် ချွဲဆွန်းချောနဲ့ဆို ဟန်နီးလို့ ပြောသည်က ယွန်းဂျောင်ဟန်၏ ချစ်စရာကောင်းသော အကျင့်တစ်ခု
"သွားကြမယ် လာ"
"ဂျောင်ဟန်နီးး ဒီမှာ"
မုန့်ဈေးတန်းထဲရောက်ရောက်ချင်း လှမ်းခေါ်တဲ့ ကိုကို့ကြောင့် ဂျောင်ဟန့်ကိုယ်လေးတောင် တုန်သွားရသည်။
"အယ် ကိုကိုဆွန်းချော လာ ဟိုမှာ ဟန်နီးကိုကို နဲ့ စီနီယာ ဂျီဆူးက"