အတန်းဆင်းလို့ ထမင်းစားချိန်ရောက်လာတာကြောင့် ဂျောင်ဟန် ရှူအာတို့နဲ့ ထမင်းသွားစားဖို့ စာအသည်းအသန်ကုန်းလုပ်နေသည်ကို ကြည့်ရင်း ချွဲဆွန်းချော ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
"ဟန်နီးတို့များ ဟိုနေ့က မင်းကိုကိုမင်းကိုထမင်းစားနောက်ကျတာ ဆူလိုက်လို့ အမြန်လုပ်နေတာလား"
ချွဲဆွန်းချော၏ အမေးကို အပြုံးဖြင့် ပြန်တုံ့ပြန်လိုက်ရင်း
"အွန်း ဟန်နီးအခုပြီးပြီ ကိုကိုလိုက်အုံးမလား"
"နိုး ကိုယ်ကတော့တော်ပြီ"
"အိုခေ ဟန်နီးသွားပြီ"
ထိုသို့ပင် ချွဲဆွန်းချောကို နှုတ်ဆက်ပြီးထွက်လာခဲ့သည်။
ထမင်းစားပွဲတွင် ရှူအာ့ဘေးနား ဝင်ဝင်ထိုင်ချင်းမှာပင်
"ဘုန်း"
ရှူအာ ထလိုက်သဖြင့် မြည်သွားသော အသံထွက်လာတာကြောင့် ကျောင်းသားတွေအကုန် ကွက်ကြည့်ကွက်ကြည့်နှင့်လုပ်နေကြသည်။ ဤသည်ကိုပင် ဂရုမစိုက်ကာ ထွက်တော့မည် လုပ်နေသော ရှူအာ့ကို လက်က ဆွဲ၍
"ရှူအာ ဘယ်သွားမလို့လဲဟင်"
ဂျောင်ဟန်ပြောသည်ကိုလည်း အရေးမလုပ်ဘဲ လက်ကို ရုန်းသွားသည်။
ဂျောင်ဟန့်မှာ လက်ကိုဖွဖွလေး ဆွဲထားမိရာမှ အရုန်းခံရတော့ အရှိန်မထိန်းလိုက်နိုင်ဘဲ လက်သည် ပုလင်းကို သွားရိုက်မိလေသည်။ကျကွဲသွားသော ပုလင်းကို မကွဲသေးဘူးထင်၍ ကုန်းကောက်လိုက်တာ စူးစူးရဲရဲနာကျင်မှုကို ခံစားလိုက်ရ၏။ ပုလင်းသည်လည်း ကျကွဲသွားကာ လက်မှာလည်း သွေးအလိမ်းလိမ်း။ဂျိုရှူအာသည်တော့ ထွက်သွားခဲ့ပြီဖြစ်သည်။ရှူအာသည် စိတ်တိုနေတာကြောင့် ရုန်းသွားလိုက်ပြီးအမြန်ထွက်လာခဲ့လိုက်သည်။ဒါပေမဲ့ ပုလင်းကျကွဲသံနဲ့အတူ ဝန်းဝူး၏ "သွေး"ဟု ပြောသံကို ကြား၍ လှည့်ကြည့်မိတော့ ကျွန်တော့်ကို ကြည့်နေသည့် မျက်ဝန်းတစ်စုံနှင့်စုံသည်။
"ဂျောင်ဟန်နား သွေးတွေ"
ကျွန်တော် ဂျိုရှူအာ ဘာဖြစ်နေလဲ တကယ်နားမလည်ပါ။သူ့ကို ကိုကိုလို့မခေါ်နဲ့ဆိုလို့လည်း မခေါ်ဘဲနေရသေးတယ်။ခုကဘာတုန်း။ဂျိုရှူအာက ကျွန်တော့်ကို အဲ့လောက်တောင် မုန်းတာလား