"ကိုကိုလို့ ။ ဟုန်းဂျီဆူးဆိုတဲ့ မောင့်သူငယ်ချင်းက ဂျောင်ဟန့်ကြောင့် ကိုယ့်ကိုတောင် ယောက်ဖ လို့ခေါ်နေပါတယ်ဆို"
"ထားလိုက်လေ မင်ရ ဘာလို့ကိုယ့်ကိုလာပြောနေတာတုန်း"
"ဟာ ကိုကို့ညီကို ကစားသွားမှာဆိုးလို့လေကိုကိုရ"
"ဟားးဟားး"
"ကိုကို ဘာလို့ရယ်တာလဲ"
ရှေ့မှာ နှုတ်ခမ်းဆူနေတဲ့ မင်ဂယူ့ကိုအသည်းယား၍ နှုတ်ခမ်းကို ဆွဲဆိတ်ပြီး
"ယွန်းဂျောင်ဟန်လား ကစားခံရမယ် ဟုန်းဂျီဆူးကို တစ်ပတ်တောင် လှည့်သွားအုံးမယ်"
"အာ့ဆိုလည်း ရပြီကိုကိုရာ ဂျောင်ဟန် ကစားခံလိုက်ရရင် မောင့်ကို ဆူမှာဆိုးလို့ပြောတာ"
"ဟုတ်ပါပြီ မောင်ရယ်"
_______
ဒီနေ့က ဟိုကလေးကို ကြိုရမယ့် ပထမဆုံးနေ့ဖြစ်သည်။ စိတ်လှုပ်ရှားနေလားလို့မေးရင်တော့ ဟုန်းဂျီဆူးတို့ လုံးဝ စိတ်မလှုပ်ရှားပါပေ။ ဘာကိစ္စစိတ်လှုပ်ရှားရမှာလဲ အဓိပ္ပာယ်မရှိတာတွေ
"သားရေ စောကြီးနိုးနေပါလား"
ဟုန်းဂျီဆူး အိမ်ပေါ်က ဆင်းလာတော့ အမေကမြင်၍ပြောခြင်းဖြစ်သည်။ မစောပါဘူး ဒီအချိန်ပဲကို အမေတို့ကတော့
"ဒီအချိန်ပါပဲ အမေရယ်"
"ကျောင်းက၈နာရီမှတက်တာကို ခါတိုင်း ၇နာရီ ပြင်ဆင်ပြီးသွားတာလေ ခုက ၆နာရီ ထသွားတော့မယ်ဆိုတော့ ငါပြောတာလွန်လား မင်းလုပ်နေတာ လွန်လားပဲကြည့်"
"မေမေကလည်းး"
"ရည်းစားများရနေတာလား ဘယ်က ကောင်မလေးလဲ အိမ်ကို ခေါ်လာခဲ့ပါအုံးလား"
"ရပါဘူး သားသွားပြီဗျာ*
မေမေတို့ကလည်း ဘာတွေပြောနေမှန်းမသိဘူး ဒီအချိန်ပဲကို ဟိုကောင်လေးတောင် ပြီးပြီလားမသိဘူး မြန်မြန်သွားမှပါ။
ကျွန်တော်စောင့်နေတာ ၁၀မိနစ်ရှိပြီ ဟိုကောင်လေးက ထွက်မလာသေးတာကြောင့် bell တီးလိုက်တော့
တံခါးကတော့ ပွင့်လာပါရဲ့။မျက်လုံးကတော့မပွင့်သေးပုံရတဲ့ ဂျောင်ဟန်ကိုမြင်လိုက်ရသည်။
တီရှပ်ပွပွကို ဝတ်ထားသောကြောင့် လက်တစ်ဖက်က ရှောကျနေပြီး ညှပ်ရိုးထင်းထင်းလေးကို အရင်မြင်လိုက်ရသည်။ဆံပင်က ရှုပ်ပွနေကာ ခုမှ အိပ်ရာထလာတဲ့မျက်နှာနှင့် အိပ်ချင်မူးတူးဖြစ်နေသောဂျောင်ဟန်သည် တံခါးလာဖွင့်ပေးသည်။