Sweetie

148 17 2
                                        

"tinnnnggg"

ဖုန်းက alarm မြည်လာတာကြောင့် ကြည့်လိုက်တော့ ၆နာရီ ခုချိန်မှ မထရင် ကျောင်းနောက်ကျတော့မှာသေချာသည်မို့ ထလိုက်ရတော့သည်။

ဒါပေမဲ့ ဘေးမှလှဲနေတာက ဘယ်သူ?

"ဂျိုရှူအာ!!"

အိပ်ချင်မူးတူးနဲ့မို့ မနေ့ညက ဘာဖြစ်ခဲ့လဲ မမှတ်မိသေးခင် အော်မိတော့ဖြစ်သွားတဲ့ရုပ်က ချစ်စရာ

"ဗျာ ဗျာ"
ရှူအာလည်း လန့်သွားပြီး ပြန်ထူးရှာသည်။ ဒီနေ့မှ ယဉ်ကျေးနေရော

မေးမလို့ ပြင်လိုက်ပေမယ့် ဦးနှောက်ထဲဝင်လာတဲ့ မနေ့ညက အဖြစ်အပျက်တွေကြောင့် အရှိန်လျှော့လိုက်ရသည်။ ဟိုက မူးပြီးလုပ်မိသည်ပဲမလား။

"ရှူအာက ဒီမှာဘာလုပ်... အာ.. မှတ်မိပြီ ထားလိုက်တော့ ရှူအာ မျက်နှာသွားသစ်တော့လေနော်"

အိပ်ချင်နေရင် အယောင်ယောင်အမှားမှားဖြစ်တတ်တာ ယွန်းဂျောင်ဟန်၏ အကျင့် ထင်သည်။ ပို စ ချင်‌တာကြောင့်

"ဂျောင်ဟန့် ကိုယ်ပေါ်က အနီကွက်တွေက ဘာတွေလဲ ဘာဖြစ်တာလဲ"

"အယ် အဲ့ဒါ ရှုအာလုပ်ထား..အာ.. ခြင်ကိုက်တာ ခြင်"

သူလုပ်တယ်လို့ပြောရင် ဘယ်လိုနေမလဲ တွေးမိပေမယ့် မူးနေသည့်လူကို အခွင့်အ‌ရေး
မယူတော့ပါဘူး ဟုတွေးရင်း လိမ်ပဲပြောလိုက်ရသည်။

ရှူအာ ကတော့ ပြုံးစိစိဖြင့် မျက်နှာသွားသစ်တော့သည်။ ဘာကိုပြုံးနေလဲတော့ မသိပါ။

))

"ဟန်နီးပြီးပြီလား ကျောင်းသွားတော့မလား"

"အွန်း သွားမယ်လေ ရှူအာ"

ဒီတိုင်းပဲပြောပြီး ထွက်မည်အလုပ် ရှူအာက လက်ကိုလှမ်းဆွဲကာ

"အပေါ်က တစ်ခုခုထပ်မဝတ်တော့ဘူးလား ဂျောင်ဟန်"

"အော် ဟုတ်သား ကျွန်တော်မေ့နေတာ"

ပြန်ပြောရင်း ပြုံးပြလိုက်တော့ အလိုမကျသလို ‌မျက်မှောင်တစ်ချက်ကြုံ့သွားပြီးပြန်ပြုံးပြလာသည်။

အပေါ်ထပ်တော့ ဝတ်ပြီးပေမယ့် လည်ပင်းက ဟာတွေက ဖုံးမရတာကြောင့် ဒီတိုင်းပဲ ကျောင်းသွားလိုက်ရသည်။

Candy 🍬Where stories live. Discover now