"tinnn iii tinnnn iii"
'အာ မနက်သုံးနာရီခွဲကြီး ဘယ်သူက ဖုန်းဆက်တာလဲဟ'
"ဟယ်လို ဘယ်သူလဲမသိဘူး"
"ဟယ်လို ကိုယ်ပါ ရှူအာ"
"ဟမ် ရှူအာ"
ဂျောင်ဟန် အလန့်တကြားထထိုင်လိုက်မိသည်။ ပူထူသွားရင်း
"ကိုကို အဆင်ပြေရဲ့လား ကိုကိုဘာဖြစ်လို့လဲဟင် ဟန်နီးလာခဲ့ရမလား ဟန်နီးလာခဲ့မယ်နော် ကိုကို"
ပြောလည်းပြော အပြေးသွားရင်း တံခါးကိုဖွင့်လိုက်တော့
"အယ် ကိုကိုက ဒီမှာဘာလုပ်"
ဂျောင်ဟန်ကြောင်သွားတာတော့အမှန်ပင် ကျောင်းက ၈နာရီမှလေ ၃နာရီကြီးဘာလာလုပ်တာတုန်း တွေးနေရင်း အိမ်ထဲဝင်သွားသူကြောင့် သူပါ အိမ်ထဲလိုက်ရတော့သည်။
ရှူအာက ခပ်တည်တည်နဲ့ပင် ဂျောင်ဟန့်အခန်းထဲသွားကာ ဝင်အိပ်တော့သည်။ဂျောင်ဟန့်မှာ ပြန်ပဲအိပ်ရမလား ထရတော့မလား မသဲကွဲ သည်မို့ ရပ်ကြည့်နေရင်းနဲ့ပင်
"ဟန်နီး လာအိပ်လေ အစောကြီးရှိသေးတယ်"ဟုဆိုကာ ကုတင်ကို ပုတ်ပြလာသူကြောင့် ဘေးနားမှာပဲ ဝင်အိပ်လိုက်ရသည်။
"Tinnn tonggg"
"ဟင်းးးအွန်းးး ဝါးးးး အာ ၆နာရီထိုးပြီပဲ ကိုကို ထ အယ်"
ရှူအာ့ကိုနှိုးမလို့လုပ်တော့ ရှူအာက ဂျောင်ဟန့်ခါးကို ဖက်ထားတာများ တင်းကြပ်လို့ ဂျောင်ဟန့်မှာ အနေအထားကို ကြည့်မိရင်း မျက်နှာတွေပါရဲလာသည်။
"ကိုကိုရေ ...ကိုကို ကိုကို ထတော့လို့ ကိုကိုကျောင်းအင်္ကျီရောပါလား လဲတော့လေ ထတော့ကိုကို"
"အွန်း ကလေးလေး ကိုကိုထပြီနော်"
"ကျွန်တော့်ကို ဖက်ထားတာဖယ်အုံး"
"ကျစ် ကျွန်တော်လို့မပြောပါနဲ့ဆိုနေ"
"ဟန်နီးကိုဖက်ထားတာ ဖယ်အုံးကိုကိုနော် ဖယ်ပါအုံး"
"ဟုတ်ပြီ သွားတော့နော် ကလေးလေးမြန်မြန်လုပ် ကိုကိုလည်း မျက်နှာသစ်ရအုံးမှာ"
ဟုန်းဂျီဆူသည် ညက အိပ်နေရင်းနဲ့ပင် ဂျောင်ဟန့်ကို စိတ်မချ၍ အိပ်မပျော်သောကြောင့် ၃နာရီလောက်ကြီး အင်္ကျီတွေထည့်ကာ လာခဲ့ခြင်းပင်။