တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားလေး
ကင်မ်ထယ်ယောင်းတစ်ယောက်ဟာ
မိဘတွေရဲ့အလုပ်ကိစ္စနဲ့နယ်မြို့လေးကနေ
seoulမြို့ရဲ့ လူလတ်တန်းစားရပ်ကွက်ကိုပြောင်းရွှေ့လာရပြီ~"အိမ်က ကိုယ်တို့မိသားစုအတွက်အရမ်းသင့်တော်တယ်
ခြံဝန်းလေးပါပါတော့ ပိုလို့တောင်ကောင်းသေး~""ခြံဝန်းထဲပန်းတွေစိုက်လိုက်ရင်ပိုပြီးပြည့်စုံသွားမယ်ထင်တယ်နော်~"
"သေချာတာပေါ့~အာ အခန်းတွေသေချာသန့်ရှင်းလိုက်ဦးမယ်~"
အိမ်အသစ်မို့ Mr.kimတို့ကသန့်ရှင်းရေးလုပ်နေပြီး
သားဖြစ်သူထယ်ယောင်းကတော့ အိမ်ရှေ့ခန်းမှာထိုင်ကာ
ဖုန်းကြည့်နေလိုက်တာ စိတ်ပျော်ပုံလဲမပေါ်~"သားရေ အိမ်နီးချင်းတွေကိုဆန်မုန့်သွားပို့ကြရအောင်~"
"ဘာလို့လဲ~"
"အိမ်ပြောင်းလာတဲ့လူသစ်တွေက
အိမ်နီးချင်းတွေနဲ့မိတ်ဖွဲ့ရမယ်လေ~""လိုလို့လားOmmaရာ~"
"လိုတာပေါ့သားရဲ့ ထပါ Ommaလဲလိုက်မှာ~"
ထို့နောက်မှာတော့ထယ်ယောင်းကအမေဖြစ်သူနဲ့အတူ
အိမ်နီးချင်းတွေကိုဆန်မုန့်သွားဝေကြတော့
Mrs.kimကပြုံးရွှင်လို့ဆိုဘေမဲ့
ထယ်ယောင်းကတော့ရုပ်တည်ကြီးနဲ့မပြုံးမရွှင်~*ပတ်ဝန်းကျင်အသစ်နဲ့ဘယ်လိုနေရဦးမလဲမသိဘူး
တကယ်စိတ်ညစ်ပါတယ်~*"ပြုံးပြုံးလေးနေပါသားရယ် ဘယ်လောက်မှမကျန်တော့ပါဘူး~"
"တံခါးbellတီးလိုက်တော့မယ်~"
"အင်းပါ~"
~~Tito~~Tito~~
"........."
"ဘယ်သူမှမရှိတာလားမသိဘူး~"
"နောက်တစ်ခေါက်လောက်ကြိုးစားကြည့်ပါဦးသားရယ်~"
~~Tito~~Tito~~
"ဘူသူရဲ~"
"Aigooo..ချစ်စရာကောင်းလိုက်တာ~"
ထယ်ယောင်းတို့ရဲ့သုံးအိမ်ကျော်အိမ်က
တံခါးလာဖွင့်ပေးသူက ဖြူဖြူလုံးလုံးကလေးလေးတစ်ယောက်မို့ကလေးထပ်လိုချင်နေတဲ့Mrs.kimတစ်ယောက်
အသည်းယားနေရောဘဲ~
YOU ARE READING
~~သွေး~~