ထယ်ယောင်းအိမ်ဂျောင်ကုရောက်တာတစ်ပတ်အကြာမှာတော့ လသားအရွယ်ကလေးရဲ့အဖေတစ်ယောက်လို
ထယ်ယောင်းတစ်ယောက်အိပ်ရေးပျက်လွန်းလို့
မျက်နှာကအတော်လေးချောင်ကျနေပြီ~"Ceo doctorခေါ်ပြီး အားဆေးလေးဘာလေးထိုးပါလား မဟုတ်လဲ သောက်ဆေးလေးဖြစ်ဖြစ်~"
"မလိုပါဘူး ရပါတယ်~"
"ရတယ်လုပ်မနေနဲ့ ceoရဲ့ရုပ်က
သွေးမရှိသလိုဖြူဖတ်ပြီး မျက်လုံးကပြူးထွက်နေလို့
zombieလိုဖြစ်နေပြီ~""အဲ့တာ ဟိုကလေးကြောင့်လေ ညအိပ်ရင်
အိအိအဲအဲအရမ်းလုပ်တော့ ငါကောင်းကောင်းအိပ်မရဘူး~""ကြာရင်တော့အသားကျသွားမှာပါ အခုတော့
အားဆေးနဲ့တောင့်ခံထားလိုက်~"သူ့မန်နေဂျာပြောသလိုဘဲ အားဆေးနဲ့တောင့်ခံလိုက်တဲ့ထယ်ယောင်းကနှစ်လအကြာမှာ ဂျောင်ကုအိအိအက်အက်လုပ်ရင်တောင် အိပ်နေရင်း သူတောင်မသိဘဲလက်ကသူ့အလိုလိုဂျောင်ကုကျောကိုပွတ်ပေးတတ်နေပြီမို့ အိပ်ရေးမပျက်တော့~
"ဦးကဘာလို့လာမကြိုတာလဲ~"
"ceoကဒီနေ့ UKကဧည့်သည်နဲ့တွေ့ဆုံနေရလို့လာမကြိုနိုင်တာပါ~"
"မကျေနပ်ဘူး စိတ်ကောက်တယ်~"
"စိတ်ကောက်ရင်လဲceoကိုဘဲကောက်နော်
အခုတော့ကားထဲဝင်ပါတော့ခဗျ~"ထယ်ယောင်းအရမ်းအလုပ်ရှုပ်တဲ့နေ့တွေ
အရေးကြီးဧည့်သည်တွေနဲ့တွေ့နဲ့အချိန်တွေဆို
မန်နေဂျာကဂျောင်ကုကိုကျောင်းကြိုပေးရပြီး
ဂျောင်ကုရစ်တာကိုခံရတယ်။"ဦးကဒီနေ့သေချာပေါက် လာကြိုမယ်လို့ပြောပြီးတော့
ကတိမတည်ဘူး~""ဧည့်သည်ကရုတ်တရက်ကြီးရောက်လာတာကောင်လေးရဲ့
ceoရဲ့အပြစ်မဟုတ်ပါဘူး~""အဲ့ဧည့်သည်ကကိုယ့်အိမ်ကိုယ်မနေတတ်ဘူးလား
သူများဦးဆီဘာလာလုပ်တာလဲ~""အလုပ်ကိစ္စပါ အားအားယားယားလာတာမဟုတ်ပါဘူး~"
"ဘာလဲ မန်နေဂျာဦးလေးကြီးကအဲ့ဧည့်သည်ဘက်ကလား~"
"ဟာ ငါသေတာသေလိုက်ချင်တော့တယ်~"
"သေချင်တယ်?ဦးလေးကြီးကမကောင်းတဲ့လူဘဲ
မေးတာကိုမဖြေဘဲသေသွားတာကအရမ်းရိုင်းတယ် သိရဲ့လား~"
YOU ARE READING
~~သွေး~~