💜9💜

516 130 18
                                    

ဂျောင်ကုကတစ်နေ့တစ်ခြားပိုပိုလှလာလေ
ထယ်ယောင်းကလဲစိတ်ထိန်းရခက်လေလေမို့
သူ့စိတ်ကိုထိန်းဖို့ရည်းစားထားပြီဖြစ်တဲ့ထယ်ယောင်း~

"အသေးလေး ဒီအစ်မက ဦးရဲ့ကောင်မလေး မာဆယ်ယောင်းတဲ့~"

"ဟုတ်ကဲ့~"

"ဆယ်ယောင်းရေ သူက ကိုယ့်ရဲ့တူလေးဂျွန်ဂျောင်ကုတဲ့
kookieလို့ခေါ်လို့ရတယ်~"

"တွေ့ရတာဝမ်းသာပါတယ်နော်တူလေးရေ~"

"ဟုတ်~kookieလဲတွေ့ရတာဝမ်းသာပါတယ်မမ~"

ညနေစာကိုဆိုင်မှာစားရင်း သူ့ရည်းစားနဲ့
ဂျောင်ကုကိုအပြန်အလှန်မိတ်ဆက်ပေးရာ
ထယ်ယောင်းရည်းစားဆယ်ယောင်းကပြုံးရွှင်နေပြီး
ဂျောင်ကုကလဲပြုံးလို့မို့ထယ်ယောင်းစိတ်ချမ်းသာရတယ်။

"အဲ့တာဆို စားကြရအောင်လေ
လွတ်လွတ်လပ်လပ်စားနော်ဆယ်ယောင်း~"

"Nae oppa~"

"အသေးလေးပေး ဦးလုပ်ပေးမယ်~"

"အတုံးသေးသေးလေးလွှာပေး~"

"Ok~"

မျက်နှာချင်းဆိုင်ထိုင်ထားတဲ့ရည်းစားဖြစ်တဲ့သူ့ကို
ကရုမစိုက်ဘဲ ဘေးချင်းကပ်ထိုင်နေတဲ့ဂျောင်ကုကို
အသားတွေသေချာလွှာပေး မစားတဲ့အသီးအရွက်တွေဖယ်ပေး ပါးစပ်မှာပေနေရင်သုတ်ပေး အကုန်လုပ်ပေးနေတော့
ဆယ်ယောင်းစိတ်ခုလာပြီ~

"အဲ့လိုမလုပ်ရဘူးအသေးလေးရဲ့ ဦးလုပ်ပေးမယ်ပေး~"

"Oppa...kookieသူ့ဟာသူလုပ်ပါစေ~"

"အသေးလေးကမလုပ်တတ်ဘူး သူလုပ်ရင်အကုန်ပေပွကုန်မှာ~"

"ဦး~အဲ့မမပန်းကန်ထဲကပုဇွန်ကို kookieစားချင်တယ်~"

"အဲ့လိုမလုပ်ရဘူးလေအသေးလေးရဲ့ ဦးအသစ်မှာပေးမယ်နော် ပုဇွန်ချည်းဘဲသီးသန့်မှာပေးမယ်~"

"မရဘူး အဲ့ဟာဘဲစားချင်တာ အဲ့တာဘဲယူပေး~"

"Ok ok ဆယ်ယောင်းရေ sorryပါကွာ
ကိုယ်အသစ်မှာပေးမယ်နော်~"

ဆယ်ယောင်းပန်းကန်ထဲကပုဇွန်ကိုယူကာ
ဂျောင်ကုပန်းကန်ထဲထည့်ပေးပြီး ဆယ်ယောင်းအတွက်
အသစ်ထပ်မှာပေးတဲ့ထယ်ယောင်းကြောင့်
တစ်ဘက်မိန်းကလေး တော်တော်ကိုစိတ်ဆိုးသွားတာအမှန်~

You've reached the end of published parts.

⏰ Last updated: 12 hours ago ⏰

Add this story to your Library to get notified about new parts!

~~သွေး~~Where stories live. Discover now