ယဲ့ယောင် သံပုရာရည်ဝယ်ပြီးပြန်ရောက်လာသည့်အချိန်တွင် လုရွှမ်မှာ ပုံမှန်အနေအထားကိုပြန်ရောက်နေပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။ ထိုအခါမှ သူလည်းစိတ်သက်သာရာရသွားလေ၏။
ယဲ့ယောင် လုရွှမ်လက်ထဲကဈေးဝယ်အိတ်ကိုကူကိုင်ရန် လက်လှမ်းလိုက်သော်လည်း လုရွှမ်က သူ့ကိုသယ်ခွင့်မပြုခဲ့ပေ။ တစ်ချိန်တည်းမှာပဲ လုရွှမ်က သံပုရာရည်ဘူးကိုကိုင်ထားသေးသည့်အပြင် ယဲ့ယောင်ကိုပါ မှီတွယ်နေသေးသည်။ ထိုအချိန်၌ ယဲ့ယောင်မှာ နောက်ထပ်လက်တစ်ဖက်လောက်ထပ်ထွက်လာစေရန် ဆုတောင်းမိသည်အထိ။
အဆုံးမှာတော့ လုရွှမ်က သံပုရာရည်ဘူးရော ဈေးဝယ်အိတ်ကိုပါ လက်တစ်ဖက်တည်းနှင့်သယ်ကာ ကျန်လက်တစ်ဖက်ကတော့ ယဲ့ယောင်၏ပုခုံးကိုသိုင်းဖက်လိုက်ပြီး ပြန်လာသည့်လမ်းအတိုင်း တမင်ပြန်လျှောက်သွားလေသည်။
လုရွှမ်ပြောခဲ့သည်မှာ
"ငါ့ရဲ့နာကျင်သွားတဲ့နှလုံးသားလေးကိုကုစားဖို့ ဒီညတော့ပျော်စရာတစ်ခုခုလုပ်မှဖြစ်တော့မယ်""အာ"
ယဲ့ယောင် ဘာကိုမှမထုတ်ဖော်မိအောင်ကြိုးစားရင်း လုရွှမ်၏ဂေးမုန်းသည့်ရောဂါကိုတုန့်ပြန်နိုင်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။
"မင်း ဂိမ်းသွားဆော့မလို့လား"
"မဟုတ်ပါဘူး အဲ့တာတွေသွားဆော့ပြီးဘာလုပ်ရမှာလဲ"
လုရွှမ်က တခစ်ခစ်ရယ်မောလိုက်၏။
သူတို့နှစ်ယောက်လုံးမှာ အလွန်ပင်နီးကပ်နေကြပြီဖြစ်သော်လည်း လုရွှမ်က ခေါင်းကိုစောင်း၍ သူ့နှုတ်ခမ်းကိုယဲ့ယောင်၏နားနားကိုကပ်ကာ ပြောလိုက်သည့်အခါ ယဲ့ယောင်၏နားထဲသို့ ပူနွေးသောလေစီးကြောင်းတစ်ခုက ထိုးဖောက်ဝင်ရောက်လာလေ၏။
လုရွှမ်၏စကားသံတွင် စနောက်လိုဟန်များ မျှော်လင့်နေသောလေသံများဖြင့်ပြည့်နှက်နေခဲ့လျက်။
"တစ်ယောက်နဲ့တစ်ယောက် ကူညီကြမယ်လေ"
လုရွှမ်စကားပြောရာမှထွက်ပေါ်လာသောလေစီးကြောင်းက ယဲ့ယောင်၏နားကိုယားယံစေလျက် နှလုံးသားဆီသို့တိုက်ရိုက်ရောက်သွားကာ နှလုံးသား၏ထိပ်ပိုင်းလေးကို ကုတ်ခြစ်နေသလို ယားယံသွားစေ၏။
![](https://img.wattpad.com/cover/376995829-288-k928558.jpg)
YOU ARE READING
Don't Hide From Me (ဘာသာပြန်)
Romance你再躲试试 Author: 今闲 Tags: Modern, School Romance, Sweet, Roomates, Misunderstandings, Hiding True Feelings Status: 55+26 extras (completed) (Burmese translate from English tran) #Allrightdeservd