လက်စားချေပြီး လူရမ်းကားပြန်လုပ်ရမယ် ?
ဘယ်လိုလုပ်ရမှာလဲ ... လုရွှမ်ကို ဆွဲဖက်ပြီး အနမ်းတစ်ပွင့်ပေးလိုက်ရမှာလား ?ဒါထူးထူးဆန်းဆန်း ဇာတ်ကားတွေထဲကလို crush ကိုပိုးပန်းဖို့ကြိုးစားတဲ့အချိန် crush ကလည်းစိတ်လိုလက်ရပူးပေါင်းပေးတဲ့ ဇာတ်ကွက်မျိုးလားဟ?
လုရွှမ်ရဲ့ စူးနစ်လှတဲ့အကြည့်တွေထဲမှာ သူဘာလုပ်လုပ်ငြိမ်ခံနေမယ်ဆိုတဲ့ အရိပ်အယောင်တွေ တစ်စွန်းတစ်စတွေ့လိုက်ရတာမို့ ယဲ့ယောင်တခဏမျှ ရီဝေဝေဖြစ်သွားရသည်။
"ဘယ်လိုလဲ လုပ်မှာလား မလုပ်ဘူးလား?"
လုရွှမ်ကတော့ ဘာကိုမျှရေရေရာရာမသိပါဘဲ ယဲ့ယောင်ကိုဆက်စနေသည်။
~ဗွမ်း~
ယဲ့ယောင်ရေတွေကို လက်ဖဝါးနဲ့သပ်ယူပြီး လုရွှမ်ဆီသို့ လှမ်းပက်လိုက်၏။ လုရွှမ်အငိုက်မိသွားသဖြင့် ယဲ့ယောင်ရဲ့မျက်နှာကိုလွှတ်ကာ နောက်ကိုနှစ်လှမ်းလောက်ဆုတ်လိုက်ရလေသည်။
"ဟက်"
ယဲ့ယောင် လှောင်ရိပ်မြူးနေသောအပြုံးတစ်ခုဖြင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်၏။
"သိပ်တော်တယ် ယဲ့ယောင် ... အလစ်ဝင်တိုက်တယ်ပေါ့ ?"
လုရွှမ်ရှေ့ကိုပြန်တိုးလာပြီး ယဲ့ယောင်လည်ပင်းကို လက်မောင်းများဖြင့်ဖိချုပ်ထားကာ နောက်ကိုမှီလိုက်သည်။
"ရေထဲမှာ တစ်ပွဲလောက်တွေ့ရအောင် မင်းဘာတတ်နိုင်မလဲ ကြည့်ကြသေးတာပေါ့"
ယဲ့ယောင် အားကုန်သုံးကာ လုရွှမ်ကိုတွန်းထုတ်လိုက်သော်လည်း ထိုအချိန်မှာပဲ ခြေထောက်ကချော်သွားကာ ရေထဲသို့ နစ်ကျလေ၏။
သူမတုံ့ပြန်လိုက်နိုင်ခင်မှာပဲ ကြီးမားလှသောလက်တစ်ဖက်က သူ့ခါးနောက်ဘက်ကိုဖိကာ လှမ်းပွေ့ပေးထားလိုက်သည်။
လုရွှမ်က သူ့ရှေ့ကိုအလျင်အမြန်ရောက်လာပြီး မျက်မှောင်ကျုံ့၍ပြောလာ၏။
"အဆင်ပြေလား မှန်းစမ်း ကြည့်ရအောင်"
ယဲ့ယောင် လုရွှမ်နဲ့အရမ်းကြီးမနီးကပ်သွားအောင် လက်တွေနဲ့တွန်းထားလိုက်သော်လည်း နီးတာက နီးတာပါပဲ။
![](https://img.wattpad.com/cover/376995829-288-k928558.jpg)
YOU ARE READING
Don't Hide From Me (ဘာသာပြန်)
Romance你再躲试试 Author: 今闲 Tags: Modern, School Romance, Sweet, Roomates, Misunderstandings, Hiding True Feelings Status: 55+26 extras (completed) (Burmese translate from English tran) #Allrightdeservd