အဆောင်ကိုပြန်ရောက်တဲ့အချိန် ချွေးနံ့တွေမခံနိုင်တော့တဲ့ ယဲ့ယောင်က ရေချိုးဖို့ကိုအလျင်လိုနေခဲ့သည်။ ထိုအချိန်မှာ ယဲ့ယောင်ရဲ့ကတိစကားကြောင့်ကျေနပ်နေခဲ့တဲ့လုရွှမ်ကတော့ စားပွဲမှာထိုင်ရင်းသူ့ဖုန်းကိုထုတ်ကာဆော့နေခဲ့၏။
နှုတ်ခမ်းပါးမှာအပြုံးတစ်ခုနဲ့အတူ လုရွှမ်က ကျောင်းရဲ့အမည်မသိဖိုရမ်ထဲကို မဝင်ခင်အချိန်ထိ အမျိုးမျိုးသော app တွေထဲကိုလျှောက်ဝင်နေခဲ့သေးသည်။
လုရွှမ်က ကျောင်းရဲ့အမည်မသိဖိုရမ်ထဲကို မကြာခဏဝင်လေ့ရှိသူမဟုတ်။ ထို့ကြောင့် ထိုဖိုရမ်ထဲဘယ်လောက်တောင်အလုပ်များသလဲ သူမသိခဲ့ပေ။ ဖိုရမ်ရဲ့ပထမစာမျက်နှာမှာ မကြာသေးမီကမှ တင်ထားခဲ့သောပို့စ်များနှင့်ပြည့်နှက်နေခဲ့ပြီး လုံးဝကိုတက်ကြွမှုတွေပြည့်နေတဲ့ ပိုစ့်သုံးခုကိုတွေ့လိုက်ရ၏။
{ငါကအဖြောင့်တစ်ယောက်၊ ငါ့ကောင်လေးကလည်းအဖြောင့်တစ်ယောက်ဆိုတာ မင်းတို့သိကြလားလို့ !!!!!}
{အလှလေးယဲ့ - antiများမဝင်ရ }
{လုရွှမ်ရဲ့ပုံသစ်ကလေးတွေ ကြိုက်ရင်ဝင်ကြည့်ကြ}
လုရွှမ်ရဲ့မျက်ခုံးတစ်ဖက်ပင့်တက်သွားရပြီး စိတ်ဆောင်တဲ့အတိုင်း ပထမတစ်ခုကိုဝင်ကြည့်လိုက်သည်။
ပို့စ်ထဲကိုဝင်လိုက်တာနဲ့ လုရွှမ်ရဲ့အမြင်အာရုံထဲပထမဆုံးဝင်ရောက်လာသည်မှာ ပြန်လည်ပြုပြင်ထားသောဓာတ်ပုံတစ်ခု။
ဓာတ်ပုံက နေ့ခင်းတုန်းကဆော့ခဲ့တဲ့ပြိုင်ပွဲတုန်းကပုံဖြစ်ပြီး ပုံရဲ့အလယ်မှာတော့ သူနဲ့ယဲ့ယောင်နှစ်ယောက်သားက စူးနစ်တဲ့အကြည့်တွေနဲ့တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတဲ့ပုံဖြစ်၏။
သူတို့နှစ်ယောက်ကြားက ကစားဖော်တွေကိုတော့ အရိပ်ပုံစံလိုင်းတွေဖြင့်ဝါးထားပြီး သူတို့နှစ်ယောက်အပေါ်မှာတော့ ပန်းရောင်ပူဖောင်းလေးတွေဖြင့်အလှဆင်ထားပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြတဲ့အကြည့်တွေကို အနီရောင်မျဉ်းတန်းလေးဖြင့် ဆက်သွယ်ထား၏။
ပို့စ်တင်သူ: *အားးး ဒီလိုအကြည့်မျိုး၊ သူတို့သူငယ်ချင်းတွေပါလို့ပြောရင်တောင် ငါလုံးဝမယုံဘူး သူတို့နှစ်ယောက်ကြား တစ်ခုခုတော့ရှိကိုရှိရမယ်*
YOU ARE READING
Don't Hide From Me (ဘာသာပြန်)
Romance你再躲试试 Author: 今闲 Tags: Modern, School Romance, Sweet, Roomates, Misunderstandings, Hiding True Feelings Status: 55+26 extras (completed) (Burmese translate from English tran) #Allrightdeservd