အပိုင်း(၇) ဂေးမုန်းတီးတဲ့အဖြောင့်ကောင်

178 16 1
                                    

နောက်တစ်နေ့က စနေတနင်္ဂနွေအားလပ်ရက်ဖြစ်၏။ အိပ်ယာထပြီးတဲ့နောက်မှာ ယဲ့ယောင် သူစီစဉ်ထားတဲ့အတိုင်း လုရွှမ်ကို ရုပ်ရှင်အတူတူသွားကြည့်ရန်ခေါ်လိုက်သည်။

လုရွှမ်ချက်ချင်းပင် သဘောတူလာပြီး ယဲ့ယောင်နှင့်အတူထွက်လာခဲ့သည်။ ရုပ်ရှင်ရုံသွားသည့်လမ်းတွင် သူတို့လမ်းလျှောက်ရင်းနဲ့ ဒီနေ့အတွက် ခရီးစဉ်ကို စီစဉ်နေခဲ့သည်။

"ရုပ်ရှင်ကြည့်မယ် တစ်ခုခုသွားစားမယ် .. အာ ... သိပ်မကြာခင်အေးလာ‌တော့မှာနော် ငါတို့အဝတ်အစားထူထူတွေဝယ်ဖို့လိုတယ် ပုံစံတူတဲ့အဝတ်အစားတွေကို ပြောင်းလဲသင့်နေပြီ မင်းကြိုက်တဲ့ပုံစံရွေးလိုက် ငါဝယ်ပေးမယ်"

လုရွှမ်ပြောလိုက်သည်။

မိန်းကလေးတစ်ချို့က သူတို့နှစ်ယောက်ဘေးမှဖြတ်သွားကြ၏။ ခြေလှမ်းအနည်းငယ် ကျော်သွားတဲ့နောက် သူတို့မကြားလောက်ဘူးအထင်ဖြင့် ထိုမိန်းကလေးများမှာ စိတ်လှုပ်ရှားစွာ ပြောကြလေတော့သည်။

"နင်ကြားလိုက်လား 'ငါဝယ်ပေးမယ်'တဲ့ အားးးး အရမ်းအလိုလိုက်တာပဲ"

"ပြီးတော့ သူတို့နှစ်ယောက်လုံးမှာ လက်ထပ်တာကြာနေတဲ့လူအိုစုံတွဲလို ခံစားချက်တွေရတယ် ဒီလိုပုံနဲ့ သီးသန့်ကမ္ဘာလေးမှာနေကြတယ်ဆိုတာ ငါမယုံနိုင်သေးဘူး ငါသူတို့ကို ထောက်ခံတော့မယ်!"

"ဒါပေါ့ ပုံစံတူအဝတ်အစားတွေကိုလည်း ရည်ရွယ်ချက်ရှိရှိဝယ်တာပဲဖြစ်ရမယ် အမှန်ကို သူတို့ကအတည်ကြီးဟ အားးးး"

ရိပ်မှန်းသံမှန်းကြားလိုက်ရသောယဲ့ယောင် : "....."

သူအနည်းငယ်တော့ရှက်ရွံ့သွား၏။

သူတို့နှစ်ယောက်ကြားက ခင်မင်ရင်းနှီးမှုကို အချစ်အဖြစ်ပုံဖော်နေတာသာသိရင် လုရွှမ်ဘယ်လိုတုန့်ပြန်မလဲ သူသိချင်နေခဲ့သည်။

ယဲ့ယောက် ရုတ်တရက် သိုင်းဖက်ခံလိုက်ရပြီး လုရွှမ်က သူ့နားထဲသို့ လေသံတိုးတိုးဖြင့်ပြောလာခဲ့သည်။

"မင်းကြားတယ်မလား ငါတို့မှာ CP fan တွေအများကြီးပဲနော်"

အံ့အားသင့်သွားသည့်လက္ခဏာများမရှိပါသော အဖြောင့်ကောင် လုရွှမ်သည် အန္တရာယ်ရှိသော အပြုံးတစ်ခုဖြင့် ဆက်ပြောလာသည်။

Don't Hide From Me (ဘာသာပြန်)Where stories live. Discover now