ယဲ့ယောင်ဟာ သူ့သူငယ်ချင်းဖြစ်တဲ့လုရွှမ်ကိုချစ်နေမိတယ်ဆိုတာ သိသွားခဲ့တယ်။ သူတို့နှစ်ယောက်က စားလည်းအတူ အိပ်လည်းအတူဖြစ်ခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် ခွဲမရတဲ့အထိ အခင်ဆုံးသူငယ်ချင်းတွေလေ။ခင်မင်ခဲ့တဲ့ ဒီနှစ်တွေအတွင်း သူသိလိုက်ရတာက လုရွှမ်က အဖြောင့်ကိုမှ သံမဏိလိုအဖြောင့်ကြီး !
ဒါပေမယ့်လည်း သူ့ရဲ့ကြည့်ကောင်းလှတဲ့ရုပ်ရည်ကြောင့် လိင်တူကြိုက်တဲ့အမျိုးသားတွေအတွက်တော့ အရမ်းကိုဆွဲဆောင်နိုင်လွန်းတယ်။
လိင်တူတစ်ယောက်ယောက်က ဖွင့်ပြောလာတဲ့အခါတိုင်း လုရွှမ်က တစ်စက္ကန့်လေးတောင်တုန့်ဆိုင်းမနေဘဲ အကုန်လုံးကို ငြင်းလိုက်တာချည်း။ အရင်တုန်းက ခင်မင်ခဲ့ဖူးတဲ့သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ရင်တောင် မဆိုင်းမတွ blacklist သွင်းပြီး သူ့ဘဝထဲကနေ ကန်ထုတ်လိုက်တာ။ခုလိုသူငယ်ချင်းဆက်ဆံရေးလေးကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက်ရော နောက်ပြီး သူလုရွှမ်အပေါ်ထားတဲ့ခံစားချက်တွေကို ရှာမတွေ့စေဖို့အတွက် ယဲ့ယောင်ဟာ လုရွှမ်နဲ့ကုန်ဆုံးရတဲ့အချိန်တိုင်းကို နည်းနိုင်သမျှနည်းအောင် ကြိုးစားပါတော့တယ်။
လုရွှမ်က သူနဲ့နှစ်ယောက်တည်းခရီးသွားချင်တယ်။ ယဲ့ယောင်ငြင်းလိုက်တယ်။
လုရွှမ်ကသူနဲ့တူတူရေချိုးချင်တယ်တဲ့။ ယဲ့ယောင်ငြင်းလိုက်ပြန်ပြီ။
လုရွှမ်က သူနဲ့အတူတူအိပ်မယ်တဲ့။ ယဲ့ယောင်ငြင်းလိုက်ဆဲ။
_____ယဲ့ယောင် တတ်နိုင်သမျှလုရွှမ်နဲ့အထိအတွေ့နည်းအောင်နေလိုက်တယ်။ ဒါပေမယ့် တစ်ရက်ကျ ယဲ့ယောင်တစ်ယောက်တည်းအိမ်မှာရှိနေတဲ့အချိန် ... လုရွှမ်က သူ့ကိုပိတ်ကွယ်တားဆီးထားလိုက်တယ်။
သူ့ကိုအမြဲတောက်ပတဲ့နေတစ်စင်းလို နွေးထွေးပြီး အပြုံးချိုချိုတွေပေးခဲ့တဲ့လူက အခုတော့ကြောက်မက်ဖွယ်ရာ အေးစက်စက်မျက်နှာပေးနဲ့ နံရံမှာယဲ့ယောင်ကိုကပ်တွန်းပြီးပိတ်ကာထားလေရဲ့။
"ငါ့ကိုရှောင်နေတယ်ပေါ့ ?"
လုရွှမ်က အေးစက်စက်လေသံနဲ့ရယ်ပြီး ပြောလာတယ်။
"မင်းငါ့ကို ဆီလျော်တဲ့အကြောင်းပြချက် ပေးရင်ပေး မပေးရင်တော့ ... နေ့တိုင်းအချိန်တိုင်း မင်းနောက်တကောက်ကောက်လိုက်နေမှာကို အပြစ်မတင်နဲ့"ယဲ့ယောင် သူ့ကိုဝန်ခံလိုက်ရပြီ။
ယဲ့ယောင် ... ယောက်ျားတွေကိုပဲသဘောကျတဲ့အကြောင်း လုရွှမ်ကိုဖွင့်ပြောလိုက်တယ်။သူ လုရွှမ်ကိုကြိုက်နေပါတယ်ဆိုတဲ့အကြောင်းတော့ ကွယ်ဝှက်ထားရင်းပေါ့။အဲ့ဒီနောက်တော့ ဂေးတွေကိုရှောင်ကြဉ် မနှစ်မြို့တဲ့လုရွှမ်တစ်ယောက် သူ့ကိုအထူးနည်းတွေနဲ့ ကုသပေးပါတော့တယ်။
ယဲ့ယောင်ကိုမရှောင်ဖယ်ရုံသာမက သူနဲ့အတူတူရုပ်ရှင်တွေကြည့်ခိုင်းပြီး ယဲ့ယောင်ပြန်ဖြောင့်လာဖို့အရေး ကြိုးပမ်းပါတော့တယ်။
"အနံ့ထွက်ပြီး ကြမ်းကြမ်းတမ်းတမ်းနေတတ်တဲ့ယောက်ျားတွေက ဘာများကောင်းလို့လဲ၊ စိတ်ပျက်စရာကြီးကိုနော့်"
လုရွှမ်က ယဲ့ယောင်ရဲ့ပုခုံးကိုသိုင်းဖက်ရင်း ကွန်ပျူတာစခရင်ပေါ်က အလုပ်ကြိုးစား (*အလုပ်တကယ်ကြိုးစား) နေတဲ့အမျိုးသားကို ညွှန်ပြရင်း ပြောလိုက်တယ်။
"သူတို့က ကြမ်းကြမ်းတမ်းတမ်းနဲ့ နောက်ပြီး အနံ့ကလည်းကောင်းမှာမဟုတ်ဘူး အဲ့လိုယောက်ျားကြီးတစ်ယောက်က မင်းအောက်ရောက်နေတယ်လို့ စဉ်းစားကြည့်စမ်းပါ ... ယောက်ျားတွေကို မကြိုက်ဘဲနေရအောင် ဟုတ်ပြီလား"
ယဲ့ယောင်ခဏလောက်တော့ တိတ်ဆိတ်သွားတယ်။
"မင်းပြောတာအကုန်မှန်တယ် ဒါပေမယ့် ...အောက်မှာနေရတာကိုကြိုက်တဲ့သူက ငါလေ"
"....."
လုရွှမ် မူးလဲမတတ်ဖြစ်ပြီးတဲ့နောက် အဲ့ဒီကနေ ထွက်လာခဲ့တယ်။
လုရွှမ်နဲ့သူ့ရဲ့သူငယ်ချင်းဆက်ဆံရေးဟာ ဒီနေရာမှာပြီးဆုံးသွားပြီလို့ ယဲ့ယောင်တွေးလိုက်သည်။
ဒါပေမယ့် လူမှုရေးပွဲတစ်ခုရဲ့ အမှောင်ကျကျနေရာတစ်ခုမှာ ယဲ့ယောင် သူရင်းနှီးကျွမ်းဝင်နေတဲ့ ပွေ့ဖက်မှုထဲကျရောက်နေခဲ့ရ၏။အမြဲတမ်းလိုလို တည်ငြိမ်ပြီးနားဝင်ချိုတဲ့လေသံက အခုတော့ ဒေါသတကြီးနဲ့ပြောလာ၏။
"မင်းကိုအဲ့ကောင်လာထိတာကို ငြိမ်ခံနေရဲတယ်ပေါ့"နောက်ဆုံးတော့ ယဲ့ယောင်နားလည်လိုက်ပါပြီ။
လုရွှမ်တောင် သူ့ကိုယ်သူမသိလိုက်ခင်မှာပဲ ယဲ့ယောင်တစ်ယောက် လုရွှမ်ကိုခြင်ဆေးခွေလိုကွေးအောင် လုပ်လိုက်မိပြီဆိုတာကိုလေ။×××××
YOU ARE READING
Don't Hide From Me (ဘာသာပြန်)
Romance你再躲试试 Author: 今闲 Tags: Modern, School Romance, Sweet, Roomates, Misunderstandings, Hiding True Feelings Status: 55+26 extras (completed) (Burmese translate from English tran) #Allrightdeservd