Chapter 12

49 12 3
                                    

ကျန်းချန်အလုပ်လုပ်သောနေရာသည် ပီဇာဆိုင်တစ်ဆိုင် ဖြစ်သည်။ ဆိုင်မှာ စီးပွားရေးကောင်းပြီး အစောပိုင်းမှာပင် စားသုံးသူများ ပြည့်ကြပ်နေ၏။ ကံကောင်းစွာနဲ့ ချီလဲ့က ကျန်းချန်းကို ဖုန်းကြိုဆက်ထား၍ နေရာ ချန်ထားပေးခြင်းကြောင့် ထိုင်စရာနေရာ ရသွားသည်။

နှစ်ယောက်သား ထောင့်‌နားက စားပွဲမှာ ထိုင်လိုက်ကြပြီး ချီလဲ့က သူ့လက်ကိုင်ဖုန်းကို နှိပ်ပြီး စားစရာ တော်တော်များများကို မှာလိုက်သည်။

ရှန်းကျိုးက စားစရာများ ပြည့်နေသည့် စားပွဲကို ကြည့်လိုက်ပြီး ခေါင်းကိုက်လာသဖြင့် မျက်ခုံးကြားနေရာလေးကို နှိပ်နယ်နေလေသည်။ "ငါတို့ ဒါတွေ ကုန်အောင် စားနိုင်တာ သေချာလား"

"ဖြည်းဖြည်းချင်းစား"ဟုပြောပြီး ချီလဲ့က သူ့အနာဂတ် ဇနီးလေး ကို ဆိုးဆိုးရွားရွား ဆက်ဆံမိမည်ကို စိုးရိမ်နေသည်။ "စားလို့ မလောက်ရင် နောက်ထပ် မှာလိုက်။"

ကျန်းချန်က လမ်းလျှောက်လာရင်း ဘာမပြော ညာမပြောနဲ့ ကြက်ကြော်တစ်ဖဲ့ကို ယူပြီး သူ့ပါးစပ်ထဲကို ပစ်ထည့်လိုက်သည်။ "ငါနဲ့ အတူစားတုန်းကကျ မင်းဘာလို့ ဒီလောက် အများကြီး မမှာတာလဲ။ ရှန်းကျိုးနဲ့ မှလား....."

"မဟုတ်တာတွေ လျှောက်ပြောနေပြန် ပါပြီ။ လူချမ်းသာမိသားစုရဲ့သားက အမြဲတမ်း ရက်ရောပါတယ်ကွ။"

ကျန်းချန်က တခစ်ခစ်ရယ်လိုက်ပြီး မျက်နှာချင်း ဆိုင်ထိုင်နေသည့် ရှန်းကျိုးကို ပြုံးပြလိုက်သည်။

ပီဇာဆိုင်ထဲတွင် မီးများ ပွင့်လာသောအခါ တေးဂီတချိုချို ပြန့်လွင့်လာကာ အလင်းရောင်သည် ခပ်နွေးနွေးနှင့် လိမ္မော်ရောင်ဖျော့ဖျော့ ယှက်ပြေးလျက်ရှိပြီး အပြင်ဘက်တွင်လည်း နှင်းပွင့်များ ကျဆင်းလျက် ရှိပေသည်။ ဖြတ်သွားဖြတ်လာများမှာလည်း အလျင်လိုနေကြပြီး ရံဖန်ရံခါ လူငယ်စုံတွဲလေးများ တံခါးကို ဖြတ်လျှောက်သွားလေ့ရှိသည်။

ချီလဲ့သည် တေးဂီတကို နားထောင်ရင်း အစာစားကာ သူ့ခြေထောက်လေးတွေက စည်းချက်အတိုင်း လှုပ်ရှားနေရင်း ယနေ့ သူပစ်ခဲ့သည့် ပစ်ချက်များကို ပြန်စဥ်းစားနေကာ အနည်းငယ် စိတ်လှုပ်ရှားနေသေးသည်။

ငါမင်းကို လုံးဝပေးမကိုက်နိုင်ဘူးWhere stories live. Discover now