Chapter 13

75 16 0
                                    


Chapter 11 ကို Chapter 12 နဲ့ မှားတင်မိလို့ Chapter 11 လေး ပြန်ဖတ်ပေးကြပါဦးနော်.....

အပိုင်းလေး မှားတင်မိလို့ နောက်တစ်ပိုင်း ထပ်တင်ပေးလိုက်ပါတယ်ရှင့် 🙏🙏🙏

#####

နေ့လည်စာချိန် ကန်တင်းတွင် ချီလဲ့သည် သူအကြိုက်ဆုံး နံရိုးနှပ်ကို ရခဲ့ပြီး ကျေနပ်စွာ ပြုံးလိုက်မိသည်။ ကန်တင်းရှိ ဒေါ်ကြီးက သူ၏ချစ်စဖွယ် အပြုံးကို မြင်လိုက်ရသဖြင့် နံရိုးဟင်း အပို တစ်ဇွန်း ထပ် ထည့်ပေးမိသည်။ ချီလဲ့၏မျက်နှာပေါ်မှ အပြုံးမှာ ပိုမို ကြီးမားသွား အပြုံးအဖြစ်ပြောင်းသွားပြီး ဒေါ်ကြီးအား အပြုံးချိုချိုလေး ဖြင့် ကျေးဇူးတင်လိုက်သည်။

သူသည် ထမင်းစားပန်းကန်နှင့်အတူ စားပွဲဆီသို့ရောက်လာပြီး ဘတ်စကတ်ဘောနဲ့ ပတ်သက်ပြီး နတ်ဆိုးကောင်ရှန်းကို မေးခွန်းအချို့ မေးလိုကြောင်း သတိရသဖြင့် ရှန်းကျိုးနှင့် မျက်နှာချင်းဆိုင်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

အနီးနားရှိ ကျောင်းသားများသည် ထိတ်လန့် တုန်လှုပ်သွားကာ အခြားအတန်းများမှ ကျောင်းသားများကပင် သူတို့ကို တယောက်ပြီး တယောက် ကြည့်လာကြသည်။

ဤဘော့စ်နှစ်ယောက်၏ ဆက်ဆံရေး ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်ကို နားမလည်နိုင်ဖြစ်နေကြပြီး ထိုနှစ်ယောက်ကတော့ အတူတူပင် ထိုင်စားနေကြပြီဖြစ်သည်။

ရှန်းကျိုးက သူ့ခေါင်းကို မော့ပြီး ချီလဲ့ကို ကြည့်ပြီးနောက် သူ့နှုတ်ခမ်းထောင့်ကို အနည်းငယ် မြှင့်လိုက်သည်။ "မင်းထပ်ပြီး နွေးထွေးမှုတွေပေးမလို့ ရောက်လာပြန်တာလား။"

ချီလဲ့က တောက်ပစွာ ပြုံးပြလိုက်ပြီး၊ "မင်းကို မေးစရာရှိတယ်"

ကျန်းချန်သည် ချီလဲ့နှင့် အတူထိုင်ကာ ဘေးဘီကြည့်လိုက်ပြီးနောက် ခေါင်းငုံကာ စားနေတော့သည်။

ရှန်းကျိုးက ကျန်းချန်ကို တစ်ချက်ကြည့်လိုက်ပြီး ချီလဲ့အား မေးသည်။ "ငါ့ကို ဘာမေးမလို့လဲ?"

ချီလဲ့က နံရိုးတစ်တုံးကို ကောက်ကိုင်လိုက်ပြီး သူ့ ပန်းကန်ပေါ် တင်ပေးလိုက်သည်။ "ငါ မင်းကို မေးဖို့ ဘတ်စကတ်ဘောနဲ့ ပတ်သက်တဲ့ မေးခွန်းတချို့ ရှိတယ်။"

ငါမင်းကို လုံးဝပေးမကိုက်နိုင်ဘူးWhere stories live. Discover now