စာမေးပွဲ အောင်စာရင်းများအား မကြာခင် ကြေညာတော့မည်ဖြစ်သည်။ ရှန်းကျိုးက အဆင့်တစ်ရသည်။ ချီလဲ့ကတော့ အတန်းတွင်း အဆင့် နှစ်ဆယ့်သုံးဖြစ်ပြီး နောက်ဆုံးစာမေးပွဲတုန်းကထက် နှစ်နေရာ ရှေ့ရောက်လေသည်။
ကွာခြားမှုမရှိဘူးဟု ပြောလို့ရပေမယ့် နှိုင်းယှဉ်လို့ရဆဲပင်။ ချီကျင်းတုန်းသည် ချီလဲ့ကို အလိုလိုက်ပြီး သူ့အပေါ် တောင်းဆိုချက်များ မရှိပေ။ သူ ကျန်းကျန်းမာမာနဲ့ အန္တရာယ်ကင်းကင်း ကြီးပြင်းလာဖို့ရန်သာ မျှော်လင့်သည်။ သူ့အဆင့်တွေကို ချီကျင်းတုန်း ဂရုမစိုက်ပေ။
ချီလဲ့၏မိခင်နာမည်မှာ ပိုင်မန်ဖြစ်ပြီး omega တစ်ယောက်ဖြစ်သည်။ ချီကျင်းတုန်းနှင့် သူ(မ)သည် ငယ်ချစ်များ ဖြစ်ကြသည်။ နာမကျန်းဖြစ်၍ သူ(မ)ဆုံးပါးသွားသည့်နောက် ချီကျင်းတုန်းမှာ အိမ်ထောင်ထပ်ပြုရန် ဘယ်သောအခါမှ စဉ်းစားခြင်းမရှိပေ။
ချီလဲ့သည် ချီကျင်းတုန်း၏ တစ်ဦးတည်းသောသား ဖြစ်သည်။သူ ဘာမှလုပ်စရာမလိုအောင် ငွေရှာခဲ့သည်။ ချီလဲ့အတွက် သူတို့မိသားစု ကြွယ်၀ချမ်းသာအောင် သူ ရှာဖွေသည်။ ချီလဲ့ ပညာသင်ပြီးသွားလျှင် ကျန်ရှိတဲ့ဘ၀တစ်လျှောက်လုံး အေးအေးချမ်းချမ်း နေနိုင်ဖို့ရန်ဖြစ်သည်။
သူ့ဘ၀နေ၀င်ချိန်မရောက်ခင် ချီလဲ့ ပျော်ရွှင်သည့်ဘ၀လေး ပိုင်ဆိုင်တာ မြင်ခဲ့ချင်သည်။ ထို့မှသာ သေဆုံးပြီး၍ ပိုင်မန်နှင့်အတူ မြှုပ်နှံခံရတဲ့အခါ သူ(မ)ကို ဖြေရှင်းချက် ကောင်းကောင်းပေးနိုင်မှာ ဖြစ်သည်။
ဒါ့ကြောင့် ချီလဲ့အဆင့် သိတဲ့အချိန်၌ အပြစ်တင်ပြောဆိုခြင်း မလုပ်သည့်အပြင် နှစ်ဆင့်တက်လာလို့တောင် ချီးကျူးလိုက်သေးသည်။ ချီလဲ့မှာ ငိုရမလား ရယ်ရမလား မသိပေ။
ဆောင်းရာသီပိတ်ရက်၌ ချီကျင်းတုန်းသည် ချီလဲ့ကို သုံးရက် အပြင်ထွက်လည်ရန် လိုက်ပို့သည်။ လေးရက်မြောက်နေ့တွင် ချီကျင်းတုန်းကိုယ်တိုင် ချီလဲ့အား ဆောင်းရာသီ ပိတ်ရက်စခန်းသို့ လိုက်ပို့လေသည်။
ချီလဲ့ စခန်းကိုသွားချင်သည်ဟု ပြောတုန်းက သူ အံ့ဩသွားရသည်။ သူက ချီလဲ့အတွက် အသင့်ရှိနေပြီး ထန်ဖေးစခန်းက တရား၀င်အဖွဲ့အစည်းမှန်း စုံစမ်းသိရပြီးသည့်အခါတွင် သူ သဘောတူခဲ့သည်။
YOU ARE READING
ငါမင်းကို လုံးဝပေးမကိုက်နိုင်ဘူး
Romanceချီလဲ့ အိပ်မက်တစ်ခု မက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူသည် သူရဲ့ ပြိုင်ဘက်နှင့် အတူ အိပ်နေခဲ့တယ်။ သူ့တစ်ကိုယ်လုံးတွင် Alpha ရဲ့ဖယ်ရိုမုန်းရနံ့အပြည့်ရှိနေပြီး နံရံပေါ်တွင် ချိတ်ဆွဲထားသော မင်္ဂလာဓာတ်ပုံတစ်ပုံကိုချိတ်ဆွဲထားတယ်။ အိပ်ရာက နိုးလာပြီးနောက် သူ့နဖူးမှ...