Chapter 14

68 12 2
                                    

စာသင်ခန်းချိန်တွင် ချီလဲ့သည် ရှန်းကျိုးကို နောက်ပြန် ခိုးကြည့်လိုက်ရာ ထိုသူက လုပ်နေကျအတိုင်း လက်ထဲရှိ ဘောပင်ကို ကိုင်ထားလျက် သင်ခန်းစာများကို နားထောင်နေသည်။

ဘောပင်လှည့်နေသည့် ရှန်းကျိုး၏ ခန့်ညားသောအသွင်အပြင်က ချီလဲ့ အမြင်အာရုံ ကိုဖမ်းစားသွားပြီး သူလဲ ဘောပင် လှည့်ကြည့်ရန် ကြိုးစားကြည့်သည်။

ချီလဲ့ လက်ထဲရှိ ဘောပင်သည် ဘတ်စကတ်ဘော ဘောလုံး ကဲ့သို့ပင် အထိန်းအကွပ်မဲ့ လည်ထွက်နေကာ လွင့်စင်ပြီး သူ့နောက်ရှိ စားပွဲအောက် သို့ လိမ့်သွားလေ၏။

...

ချီလဲ့ နောက်ပြန် လှည့်ကြည့်လိုက်သောအခါ ရှန်းကျိုး စားပွဲအောက်မှာ ဘောပင်က ရပ်သွားလေသည်။ ချီလဲ့သည် စင်မြင့်ပေါ်ရှိ အင်္ဂလိပ်ဆရာမကို မော့ကြည့်လိုက်ပြီး ကုလားထိုင် နောက်ကျောကို မှီကာ ရှန်းကျိုးကို အသံတိုးတိုးဖြင့် လှမ်းပြောသည်။ "ဘောပင် ကောက်ပေးနိုင်မလား။"

ရှန်းကျိုးက ညင်သာစွာ ပြုံးပြီး တမင်တကာ ထိုင်နေလေ၏? "မင်းကို ဘယ်သူက ဘောပင် ကောက်ပေးမှာလဲ။"

"ဟမ်...." ချီလဲ့က နားမလည်နိုင်ပဲ ကြည့်လိုက်သည်။

ရှန်းကျိုးသည် ချောင်းဟန့်ကာ သူ့လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး "ငါ ဖန့်ယွီနျန်ရဲ့ အဘိုး ဖြစ်ချင်တယ်။"

ဘေးကပ်ရပ် စာသင်ခန်းမှ အပြစ်မဲ့သော ဖန့်ယွီနျန်မှာ ရုတ်တရတ် နှာထချေသည်။

"သာ့ကော! ကောကော ......ကောက်ပေးပါနော်...." ချီလဲ့က နူးညံ့စွာ တောင်းပန်သည်။ "ကျိုးကော....ကျေးဇူးပြုပြီး ဘောပင်လေး မြန်မြန်ကောက်ပေးပါ။ မဟုတ်ရင် ဆရာက ကျွန်တော့်ကို မြင်တဲ့အခါ ထပ်ပြီး ဆူတာခံရလိမ့်မယ်။"

အင်္ဂလိပ်ဆရာမှာ စည်းကမ်းတင်းကြပ်လွန်း၍ နာမည်ဆိုးထွက်သူဖြစ်သည်။ သူ့ကို ဖမ်းမိသည်နှင့် ရုံးခန်း ခေါ်သွားပြီး တစ်ယောက်တည်း အပြစ်ပေးပေလိမ့်မည်။ ချီလီက သူ့ကို ရန်မစဝံ့ပေ။

ရှန်းကျိုး ဘောပင်ကို ကောက်ရန် ငုံ့လိုက်ပြီး ချီလဲ့ လက်လှမ်းမှီနိုင်သည့် နေရာတွင် ဘောပင်ကို ထားလိုက်သော်လည်း ဘောပင်ကိုတော့ ရှန်းကျိုး လွှတ်မပေးသေးပေ။

ငါမင်းကို လုံးဝပေးမကိုက်နိုင်ဘူးWhere stories live. Discover now