6

3.2K 154 0
                                    

မနက်ခင်းအလုပ်မသွားခင် မနက်စာစားရန်ပြင်ဆင်နေတဲ့ Kim.. ပုံမှန်တိုင်းတယောက်စာသာပြင်ဆင်လို့နေချိန် အနောက်ကနေခါးလေးသိုင်းဖက်ခြင်းခံလိုက်ရသည်..

အခုထိမနက်တိုင်းတယောက်ထဲဆိုတဲ့အသိပဲရှိနေတာကြောင့် အနောက်ကနေထိုသို့ရောက်လာပြီးဖက်ခြင်းခံရတာကအကျင့်မရှိသေးတာကြောင့်ရော လူက လန့်သွားပြန်သည်..အနောက်သို့ခေါင်းလေးစောင်းကာလှည့်ကြည့်လိုက်တော့ သူ့ကိုပြုံးပြနေတဲ့ Jeon..

" morning ညကကောင်းကောင်းအိပ်ပျော်တယ်မဟုတ်လား "

" အင်း morning ပျော်ပါတယ် "

" မနက်စာကတယောက်စာပဲလုပ်ထားတာမဟုတ်လား "

" အင်း စား စားမလို့လား "

" မစားတော့ပါဘူး ဒါပေမယ့် ညစာတော့ ခင်များချက်တဲ့ ပဲပိစပ်ဟင်းရည်စားချင်တယ် "

Kim အံ့သြစွာတဖန်လှည့်ကြည့်မိပြန်တော့ ပြုံးပြကာမျက်ခုံးလေးပင့်လို့ ရလားလို့တောင်းဆိုနေပုံလုပ်ပြနေတဲ့ Jeon..သူလည်းခေါင်းလေးညိတ်ပြလိုက်သည်..

" အင်း ရပါတယ် "

သူ့အဖြေကြားတော့ ထပ်မှန်ပြုံးပြကာ သူ့ရဲ့ပါးပြင်လေးကိုအနမ်းပေးလို့ နှုတ်ဆက်ကာထွက်လို့သွားသည်..

ပြွတ် " သွားပြီနော် "

အနမ်းပေးပြီးထွက်သွားသူကသွားပြီ သူမှာတော့ မနက်စာစားရန်ကိုင်လို့ထားတဲ့ ဇွန်းနဲ့တူကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားမိပြီး ​ေကျာက်ရုပ်လိုရပ်နေမိသေးသည်..

မနက်စာစာရင်းခုဏအကြောင်းကိစ္စက ခေါင်းထဲပြန်ပေါ်လာပြန်ကာ Kim တယောက်ထဲပြုံးနေမိသည်..ထိုအချိန်ဖုန်းဝင်လာပြန်တဲ့အဖေဖြစ်သူ..

# ဟုတ်ကဲ့အဖေ

# နောက်လထဲ ဘူဆန်က shopping center အသစ်ဆောက်လုပ်ရေးကိုသွားကြည့်ရမယ်နော်

# ဒါဆိုဒီက ကိစ္စတွေကရော

# တချို့စာရင်းဇယားဖိုင်တွေကို မင်းစီ အတွင်းရေးမှုးကတဆင့် ပို့ခိုင်းလိုက်မယ် ကျန်တာကတော့အဖေ ခဏဝင်လုပ်ထားမယ်

# နောက်လထဲလား

# မသေချာသေးဘူး သေချာရင်ပြန်ပြောမယ်

AFTER (Complete) Where stories live. Discover now