" အလုပ်နားရက်ဘယ်တော့လည်း "
အလုပ်ကပြန်ရောက်လာတာတောင် Lattop နဲ့ မျက်လုံးမခွာနိုင်သေးတဲ့ Kim.. ဧည့်ခန်းထဲ အလုပ်ရှုပ်နေတော့ အနားကိုရောက်လာပြီးမေးတဲ့ Jeon..
" ဒီရက်ပိုင်း ဘူဆန်မှာ shopping center အသစ်ဖွင့်ဖို့လုပ်နေလို့ နားရက်မရှိဘူးကောင်လေး "
ဒီလိုပြန်ဖြေတာတောင် Jeon ကိုမကြည့်ပဲ Lattop ကိုကြည့်ရင်းသာပြန်ဖြေလိုက်သည်..သူ့ရဲ့ဘေးထိုင်ချလိုက်တဲ့ Jeon.. အလုပ်လုပ်နေတဲ့ သူ့ရဲ့ပေါင်ပေါ်ခေါင်းအုံးကာ အိပ်ချလိုက်တာကြောင့် စာရင်းတွေစစ်နေတဲ့သူ့အတွက် အနည်းငယ် အခက်တွေ့သွားသည်..ဖိုင်တွဲတွေကိုခဏချကာ သူ့ရဲ့ပေါင်ပေါ်အိပ်နေတဲ့ Jeon ကိုကြည့်မိတော့ မျက်လုံးလေးမှိတ်လို့ ငြိမ်နေသည်..သူလည်းပြုံးလိုက်ပြီး ကျန်နေသေးတဲ့ဖိုင်တွဲတွေထဲက စာရင်းတွေကိုစစ်နေပြန်သည်..
" ခင်များကျွန်တော်ကို အချိန်မပေးနိုင်ဘူးလား "
" အင်း "
" အင်းတဲ့လား ခင်များအဖြေက အင်းတဲ့လား "
ပေါင်ပေါ်အိပ်နေရာကနေဆက်ခနဲကောက်ထသွားတဲ့ Jeon..Kim အချိန်မှီလက်ကိုလှမ်းဆွဲပြီးတားလိုက်သည်..
" ဘာလည်း "
" အိပ်တော့မလို့လား "
" အဲ့တာကျွန်တော်ကိစ္စ ခင်များနဲ့မဆိုင်ဘူး အိပ်ချင်အိပ်မယ် ထချင်ထမယ် ဂရုစိုက်မနေနဲ့ ကျွန်တော် မရှိသလိုပဲနေ "
" ကောင်လေး "
ဆွဲထားတဲ့လက်ကိုဆွဲဖြုတ်ကာ အိမ်ပေါ်ထပ်သို့တက်လို့သွားတဲ့ Jeon ကိုမျက်စိတဆုံးလိုက်ကြည့်မိသည်..စားပွဲပေါ်တင်ထားတဲ့ ဖုန်းကိုကောက်ကိုင်လိုက်ပြီး Hoseok Hyung ဆိုတာကိုနှိပ်ကာဖုန်းခေါ်လိုက်သည်..
# Hyung
# အင်း Taehyung ပြော မိုးတောင်ချုပ်နေပြီဘာဖြစ်လို့လည်း "
# ဟိုလေ စိတ် စိတ်ဆိုးသွားတဲ့သူကို ဘယ်လိုချော့ရမလည်း သိလား
သူမေးလိုက်တဲ့အမေးကို တဖက်ကအကိုဖြစ်သူကအားရပါးရအော်ရယ်လို့နေသည်..
# ဟားဟားဟား ဘာလည်း မင်းကောင်လေးစိတ်ဆိုးသွားလို့လား
#ဟုတ်တယ် Hyung ကလည်း ကျွန်တော်မသိလို့ပါဗျာ ပြောပြပါ
