part(21)

78 2 0
                                    

Unicode

အနက်ရောင်သားရေဖြင့်ချုပ်ထားသည့်စာအုပ်ထူထူတစ်အုပ်။ စာအုပ်ပေါ်သေသပ်စွာရေးသားထားသည်က....

"နန်းမဟာစံအိမ်တော် မှတ်တမ်း"

ယမ်းသတ္တ တအံ့တဩနှင့်စာအုပ်ကိုကောက်ယူမိ၏။ ဖုန်တက်နေသည့်စာအုပ်ကိုလက်နှင့်အသာသပ်လိုက်ရင်း...စာအုပ်အဖုံးကိုဖွင့်လိုက်တော့
အနီရင့်ရင့်စာလုံးဖြင့်ပထမဆုံးရေးသားထားသည်က

"ကျွန်ုပ်မြို့စားကိုယ်တော်ကြီးစဝ်ခွန်ပန်၏။ ပထမဆုံးသောသားတော်၊ စော်ဘွားအနွယ်ဝင်
နန်းသုဇာရီ၏မြေးစဝ်ခွန်ရာဇဤမှတ်တမ်းကို
ကိုယ်တိုင်ရေးသားခဲ့သည်...."

စိတ်လှုပ်ရှားမှုကြောင့် သူ့ရင်ထဲလှပ်ခနဲဖြစ်သွား၏။ စာအုပ်ကိုင်ထားသည့် ယမ်းသတ္တလက်တို့က သိသာစွာပင်အေးစက်သွား၏။
ဒါ...ဒါဆို..ဒီစာအုပ်က နန်းမဟာစံအိမ်တော်အကြောင်းမှတ်တမ်းတင်ရေးထားတဲ့ဒိုင်ယာရီစာအုပ်ပါလား...
အတွေးဖြင့် ယမ်းသတ္တစိတ်အာရုံတ်ို့က စာအုပ်ထဲ
ဝယ်လူးလွင့်လို့။ခြောက်ခြားဖွယ်ပတ်ဝန်းကျင်နှင့်
အတူလက်ရှိအနေအထားက်ိုပါမေ့လျော့ကာစိတ်အစဉ်တို့ကာ....

တဖြတ်ဖြတ်လှန်လိုက်သည့် စာရွက်တွေနှင့်အတူ
ကူးလူးသွားရင်းနှင့်.....
ဒိုင်ယာရီမှတ်တမ်းပါအကြောင်းအရာထဲသို့...ကိုယ်တိုင်တိုးဝင်သွားခဲ့ရာ....

မြို့စားကိုယ်တော်ကြီး သခင်စဝ်ခွန်ပန် သေဆုံးသွားပီးနောက်နန်းမဟာစံအိမ်တော်ကိုအုပ်ချုပ်
ရန်ရောက်လာသူကစ ဝ်ခွန်ပန်၏တစ်ဦးတည်းသောညီမဝမ်းကွဲတော်နန်းသုဇာရီ...

နယ်စပ်သူပုန်တ်ိုက်ပွဲတွင် အကိုတော်စဝ်ခွန်ပန်ကျဆုံးသွားသဖြင့် အက်ိုတော်၏ဇနီးနှစ်ယောက်မှ မွေးဖွားခဲ့သည့် ရင်ခွင်ပိုက်အရွယ်သားငယ်လေးနှစ်ယောက်ကိုစောင့်ရှောက်ရန်နန်းမဟာစံအိမ်တော်သို့ရောက်ရှိလာခဲ့ခြင်းပင်။ထိုအချိန်ကသူမ၏အသက်၁၃နှစ်ပင်ရှိသေးသည်။

နန်းမဟာစံအိမ်တော်သို့ ရောက်ရှိချိန်တွင် စံအိမ်ကြီးကာဆိုးဝါသောအဖြစ်ဆိုးတွေနှင့်သူမကိုကြိုဆိုခဲ့၏။ အကိုတော်၏ဇနီးနှစ်ယောက်
အပါအဝင် နန်းမဟာစံအိမ်တော်တွင်းရှိနေကြသည့်အခြွေရံအပေါင်းအပါများပါ မကျန် ကွပ်မျက်ခံခဲ့ရသည်။ အစ်ကိုတော်စဝ်ခွန်ပန်ကျဆုံးပီး နောက်ပိုင်းမှစ၍ နယ်စပ်သူပုန်တို့က မြို့စားအနွယ်ဝင်များအားလုံးကိုကွပ်မျက်ခဲ့သည်။ အစ်ကိုတော်၏သားတော်လေးနှစ်ပါးကာသူမလက်ထဲတွင်ရှိနေခဲ့သည့်အတွက်
အသက်ချမ်းသာခွင့်ရခဲ့သည်။ သို့တိုင်ဒီအတိုင်းဆက်သွား၍မဖြစ်နိုင်တော့မှန်းသိ၍သူမလက်
ထဲကျန်ရှိနေခဲ့သည့်ကလေးနှစ်ယောက်အားသူမ၏မျိုးရိုးဖြစ်သည့်စော်ဘွားမျိူးနွယ်တွင်းကိုသာဝင်ရောက်စေခဲ့သည်။

နန်းမဟာ (Season 2)Where stories live. Discover now