Unicode
"ဟိတ်...."
"အမလေး..."
အသံနှင့်အတူ အနားသို့ ရုတ်တရက် ရောက်လာသောသခင်လေးစဝ်ခွန်မိုင်ကြောင့် မြယမုံလန့်ဖြန့်သွားကာကိုယ်လေးပင်ယိုင်သွားသည်။ သို့သော် သခင်လေးက ယိုင်ကျသွားသော သူမခန္ဓာကိုယ်လေးကို အလျင်အမြန်ပင် လှမ်းဆွဲလိုက်တော့....
မြယမုံကိုယ်လုံးလေး သခင်လေးရင်ခွင်ထဲသို့ အလိုလိုရောက်သွားတော့သည်။ သူမအား အုပ်မိုးကြည့်လာသော သခင်လေး၏ စူးရှထက်မြက်သော မျက်ဝန်းအစုံနှင့် ယောကျ်ားတန်မဲ့ ဆိုးဆေးအကူမပါပဲ နီရဲစိုစွတ်နေသောနှုတ်ခမ်းသားတို့က သူမကိုပင် ငေးခနဲဖြစ်အောင်ည်ို့အားပြင်းလှပါသည်။ ဒီကမ္ဘာမှာ မိန်းကလေး ထက်ပိုပြီးလှပစွာ မွေးဖွားလာတဲ့ယောကျ်ားတစ်ယောက်ဟု ထင်မှားစရာကောင်းလောက်အောင်ထိ အနီးကပ်ကြည့်လေ အလွန်ချောမွေ့စွဲမက်ဖွယ်ရာ ကောင်းလေဖြစ်သော ထိုသခင်လေး၏ ရင်ခွင်ထဲ
ရောက်နေသည် ဆိုသည့် အသိကြောင့် ဘယ်ဘက်
ရင်အစုံရှိ နှလုံးသားလေးဟာ တဒိတ်ဒိတ်ဖြင့် ခုန်ပေါက် နေသကဲ့သို့ ရှက်စိတ်တို့ကြောင့် မျက်နှာလေးပင် နီရဲလာတော့သည်။"ဘာလို့ အဲ့လောက်ထိလန့်သွားရတာလဲ မသိရင် သရဲတစ္တေတွေ့တဲ့အတိုင်းပဲ"
"ရှင်..."
"ပြော ကိုယ့်ပုံစံက သရဲတစ္တေလို ကြောက်စရာကောင်းနေလို့လား"
"ဟို....ခုလောလောဆယ် ယမုံကိုလွတ်ပေးပါလားဟင်"
သခင်လေးက ချက်ချင်းမလွတ်ပေးသေးပါ။ မြယမုံ မျက်နှာလေးအား စူးစိုက်ကြည့်ရင်း
"ယမုံက ဘာလို့အဲ့လောက်တောင် လှနေရတာလဲ"
"အို...သခင်လေးရယ်"
ဆိုကာသူမမျက်နှာ ရဲခနဲဖြစ်သွားရင်း သခင်လေး၏ ရင်အုပ်ကျယ်ကြီးထဲသို့ မြယမုံ မျက်နှာအပ်မိပြန်သည်။"အဲ့ဒါဘာဖြစ်နေကြတာလဲ"
ခပ်ပြင်းပြင်းနင်းလျှောက်လာသည့်ခြေသံများနှင့်အတူ ဩဇာပြင်းစွာထွက်ပေါ်လာသည့်အသံနှင့်ရောက် လာသည်ကသခင်ကြီး.....။
သခင်ကြီးအသံကြောင့် မြယမုံကြောက်လန့်တကြား သခင်လေး၏ ရင်ခွင်တွင်းမှ အတင်းရုန်းကာမှ စဝ်ခွန်မိုင်လွှတ်ပေးတော့သည်။
![](https://img.wattpad.com/cover/373058042-288-k421933.jpg)