Unicode
"ဟင်....ခင် ခင်ဗျား ကျွန်တော်အခန်းထဲ ဘာလာ
လုပ်တာလဲ"စိတ်တွေ မွန်းကျပ် ရှုပ်ထွေးနေသလို မနေ့ညက
ကြောက်စရာအဖြစ်အပျက်များအား အံကြ်ိတ်
တင်းခံရင်း ဟိုလိမ့်ဒီလိမ့်နှင့် အိပ်မပျော်လို့မှအဆုံး
ငုတ်တုတ်ထိုင်ရင်းသာ မိုးလင်းသည် အထိစောင့်နေတော့၏။ ဘယ်အချိန်က ဘယ်လို အိပ်ပျော်သွားမိလဲမသိ ပြန်နိုးလာတော့....မိုးစင်စင်လင်းနေပီ။
အိပ်ရေးပျက်ထားသဖြင့် လူကနုံးခွေနေတော့၏။မျက်လုံးဖွင့်ဖွင့်ချင်း မိမိအားရမ္မက်ခိုး တဝေဝေဖြင့်အဆီပြန်သော မျက်နှာကြီးဖြင့် ငုံ့မိုးကြည့်နေသော
ဦးရီးတော် ဆိုသူအား တွေ့လိုက်ရသောကြောင့်
ကြောက်အားလန့်အားဖြင့် ထထိုင်မည်ပြုရာ
ဦးရီတော်ဆိုသူမှသူ၏ပခုံးနှစ်ဖက်အားပြန်ဖိထားလိုက်ပီး......."မကြောက်ပါနဲ့ကွာ ဦးကမင်းများအဆင်ပြေရဲ့လားလို့လာကြည့်တာပါ"
"ခင်...ခင်ဗျား အခန်းထဲကခုထွက်သွား"
"ဟား....ဖြေးဖြေးပေါ့ကောင်လေးရယ်မင်းကို
ဘာမှတောင်လုပ်ရသေးတာမဟုတ်ပဲစိတ်လေးနဲနဲလျော့ပါ""ခုထွက်သွား"
"ထွက်သွားမှာပါကောင်လေးရဲ့ဦးရဲ့ဆန္ဒတွေဖြည့်ဆည်းပီးသွားရင်ပေါ့...ဟား..."
ပြောလဲပြော ကျေနပ်စွာအော်ရီလိုက်ပီနောက်ဦးရီတော်ဆိုသူမှယမ်းသတ္တ၏အကျီအားဆွဲချွတ်ရန်ပြင်လိုက်စဉ် ယမ်းသတ္တမှာသူ၏လက်အား အားကုန်
ရုန်းရင်း ရမ္မက်ခိုးတဝေဝေဖြင့်မွှန်နေသော လူယုတ်မာအဖိုးကြီး၏ကိုယ်အားမိမိ
ခန္ဓာကိုယ်ပေါ်မှဆောင့်တွန်းထုတ်လိုက်လေ၏။"အား ဝုန်း"
ယမ်းသတ္တ၏ တွန်းလိုက်သောအရှိန်မှာမပြင်းသော်လည်း ဦးရီးတော်ဆိုသူမှာ တစ်စုံတစ်ယောက်ကနောက်မှအားပါးပါးနှင့် စောင့်ဆွဲတွန်းထုတ်လိုက်သည့်အလားအရှိန်မထိန်းနိုင်ပဲနောက်သို့လန်ကျသွားရင်း နံရံနှင့်ခေါင်းစောင့်မိကာ နဖူးမှသွေးများစီးကျလာတော့သည်။သွေးများစီးကျလာသည့်နဖူးအားလက်ဖြင့်အုပ်ရင်း