Unicode
မြို့မှစထွက်လာတည်းက မိုးများ တဖွဲဖွဲရွာသွန်းနေ
ကာ စိမ့်အေးသောလေများ တိုက်ခတ်နေမှုကြောင့် ကားမှန်များ တစ်ဝက်ပိတ်ထားလိုက်ပီး မိမိမှာ အသက်ရှူူကျပ်တတ်၍ လေဝင်လေထွက် ရစေရန်
မျက်နှာနားတွင် အနည်းငယ်ဟထားလိုက်ရာ လေနှင့်အတူပါလာသော မိုးစက်မိုးပေါက်တို့မှ ပြတင်းဘေးဘောင်အားမှီရင်း အတွေးတို့ဖြင့် ငြိမ်သက်နေသော ယမ်းသတ္တအား လက်ရှိအနေအထားဆီသို့ ပြန်လည်ခေါ်ဆောင်လိုက်လေသည်။"ဝေး မိုးတွေသည်းကြီးမဲကြီးရွာလာပြန်ပီ ဖွင့်ထားတဲ့ပြတင်းပေါက် တံခါးတွေ ပိတ်ပေးကြပါ"
ကိုယ့်အရပ်ဒေသအကြောင်းသိနေသော....
စပယ်ယာ လုပ်သူ၏ အော်ဟစ်လိုက်သံကြောင့် အတွေးကိုယ်စီဖြင့် ငြိမ်သက်နေသော ခရီးသည်များမှာသတိဝင်လာပီးလှုပ်လှုပ်ရှားရှားဖြစ်လာကြလေသည်။"ဂျိန်း ဒိုင်း" မိုးခြိမ်းသံများဟာလဲကြောက်ခမန်းလိလိပင်။
"ဟဲ့တံခါးကျပ်နေတယ် လာပိတ်ပေးဦး"
"ဒီမှာလည်းပ်ိတ်မရဘူးဟေ့"
ပြတင်းတံခါးပိတ်သူကပ်ိတ် ပိတ်မရသူက စပယ်ယာအားလှမ်းခေါ်သူခေါ်ဖြင့်ခရီးသွားကားတစ်ခုလုံးဆူညံသွားဆဲ....
"ဝေါ ဝေါ"
"အမလေး ဘာဖြစ်တာလဲ"
ရုတ်တရက် လေပြင်းတိုက်ခတ်လာသံနှင့်အတူ
ဖြောင့်တန်းစွာ သွားနေသော ကားလေးမှာ ဘေးဘက်သို့ ယိုင်ထိုးသွားလေ၏။"အီ အီ"
"ဝုန်း"
"ဟ ဘာဖြစ်တာလဲ"
မိုးများ သည်းကြီးမဲကြီးရွာသွန်းနေရာမှ လေပြင်းများပါ တိုက်ခတ်လာသည့်အသံနှင့်အတူ မိမိမြင်ကွင်းရှေ့ကားမှန်ထဲတွင် ဖြူဖြူအရိပ်ငွေ့များဖြင့် ပိတ်ဖုံးသွားသဖြင့် ဒရိုင်ဘာမှ မမြင်မစမ်း မောင်းမိလိုက်ရာချိုင့်ခွက်တခုတည်း ဘီးချော်ဝင်သွားသည်တွင်
စိုးရိမ်တကြီး ဘရိတ်အုပ်လိုက်သော်လည်း ဘရိတ်မှာမမိတော့ဘဲ ကားမှာ လမ်းဘေးသို့ တစ်ရှိန်ထိုး ထိုးဆင်းသွားလေတော့သည်။