Unicode
မိုးကတစ်နေကုန်တဖြောက်ဖြောက်ရွာနေတော့၏။
မနက်ကတည်းက မစဲနိုင်သည့် မိုးရေစက်တို့ကို
ငေးရင်းလမ်းပျောက်နေသည့်ကိုယ့်အဖြစ်ကိုမသက်ာစွာသူတွေးနေမိသည်။"ဆရာလေး..."
မိနွယ်ကသူ့နားလာထိုင်ရင်းဆိုလိုက်မှယမ်းသတ္တသတိဝင်လာပီး
"မအိပ်ဘူးလား မိုးကောင်းနေတာကို"
"မိနွယ်မအိပ်ချင်သေးလို့ပါ ဆရာလေးက်ိုပြောစရာရှိလို့"
"ပြောလေ...ကျွန်တော့်ကိုဘာပြောမလို့လဲ"
မိနွယ်ကသူ့မျက်နှာကိုထူးဆန်းစွာငေးစိုက်နေရင်းမှ
"ဆရာလေးနန်းမဟာစံအိမ်တော်ကနေပြန်သွားရင်မိနွယ်ကိုခေါ်သွားပါနော်"
"ထူးထူးဆန်းဆန်းပါလား...မိနွယ်ဘက်ကလိုက်ဖို့သေချာရင်ခေါ်သွားမှာပေါ့..."
"အင်း...ဝမ်းသာလိုက်တာဆရာလေးရယ် မိနွယ်ဒီစံအိမ်ကြီးမှာဆက်မနေချင်တော့ဘူး"
မိနွယ်ပြောလိုက်သည့်စကားကြောင့်ယမ်းသတ္တအလွန်အံ့ဩမိပီး...
"ဒီမှာမိနွယ်ဘာဖြစ်နေလို့လဲ ဒီအိမ်ကမိနွယ်ငယ်ငယ်လေးတည်းကနေခဲ့တာမဟုတ်ဘူးလား"
"ဟုတ်တော့ဟုတ်ပါတယ် ဆရာလေးရယ်...ဒါပေမဲ့...."
မိနွယ်ကပြောလက်စ စကားတို့ကိုရပ်ပစ်လိုက်ပီး
မျက်ရည်လေးများဝဲကာ ဥယျာဉ်တော်ဘက်
တွေတွေလေးငေးကြည့်နေတော့ ယမ်းသတ္တဘာပြောရမှန်းပင်မသ်ိတော့ချေ။ မိနွယ်ကရုတ်တရက်ထရပ်ပီး..."ဆရာလေးလည်းကိုယ့်ကိုကိုယ်ဂရုစိုက်ပါ မိနွယ်မှာဒီထက်ပိုပြောပိုင်ခွင့်မရှိဘူး မိနွယ်ကိုသွားခွင့်ပြုပါဦးနော်..."
ယမ်းသတ္တသိချင်တာလေးပေါ်လာသဖြင့်လှည့်ထွက်ရန်ပြင်လိုက်သည့် မိနွယ်ကိုလှမ်းတားလိုက်ပီး....
"မိနွယ်သိထားသလောက်သခင်လေးနဲ့ပတ်သက်ပီးပြောပြပေးလို့ရမလား"
ရုတ်တရက်မေးလိုက်သည့် စကားကြောင့်ဆရာလေးကိုငေးကြည့်ရင်းမိနွယ်သက်ပြင်းတစ်ချက်ချလိုက်ကာ...