Unicode
"ဟင့်...ဟင့်"
"ဟင်း...ဟီး.."
ငိုကြွေးသံလား....ညည်းညူသံလား
နက်ရှိုင်းသောအ မှောင်ထုကြီးတွင် ဘာဆိုဘာမှမသဲကွဲ....။
ချောက်ချားဖွယ်ကောင်းသော ထိုအသံတို့က ဘယ်ကနေ လာမှန်းလည်းမမှန်းဆနိုင်ပြန်။
ဦးတည်ရာမဲ့ လျှောက်သွားနေရင်း သူစိတ်အစဉ်သည်လည်းလွင့်မျောချင်တိုင်းမျောလို့နေခဲ့သည်။ဘာကိုမှရေရေရာရာမဖမ်းဆုပ်နိုင်သေးစဉ်မှာပင်"ဟင့်...ဟင့်"
ဟော...ထပ်ကြားရပြန်ပီ။ဒီတစ်ခါတွင်တော့ တစ်စုံတစ်ယောက် ငိုကြွေးနေသည်မှာ သေချာပါသည်။ပို၍သေချာသည်ကမိန်းကလေးတစ်ယောက်၏နာနာကျင်ကျင်ငိုကြွေးသံ။
သူငိုသံကြားရာဆီသို့ခန့်မှန်းပြီးလျှောက်လာလိုက်ရာတစ်နေရာအရောက်တွင်တော့...."ဟင်...."
ဟုတ်ပါသည်။ အလင်းရောင်ခပ်ဖျော့ဖျော့လေးသာ
ရှိသည့် ခပ်လှမ်းလှမ်းတွင် ထိုင်ငိုနေသော မိန်းကလေးတစ်ယောက်။ နက်မှောင်သောဆံပင်
ရှည်ကြီးများဟာလည်း ကျောလည်အထိ အိကျဖြောင့်စင်းနေသည်။ မျက်နှာကိုလက်နှင့်အုပ်ရင်း နင့်နင့်သည်းသည်းငိုကြွေးနေသည််မှာတကယ့်ကိုဝမ်းနည်းပက်လက်။
သူလည်းထိုမိန်းကလေးအနားတွင်ဒူးထောက်ထိုက်လိုက်ရင်း"ဒီကအစ်မဘာဖြစ်လို့ငိုနေတာလဲဟင်"
သူ့အသံကြောင့်ထိုမိန်းကလေးထံမှငိုသံတိတ်သွား၏။ထို့နောက်ဖျက်ခနဲမော့ကြည့်လာတော့
"အား...."
လန့်အော်မိသည်အထိရုပ်ပျက်လွန်းသောမိန်းကလေး။
အမှောင်ကျနေသည့်တိုင် ထိုမိန်းကလေး၏ မျက်
နှာကိုကောင်းစွာမြင်ရပါသည်။ သူနှင့်လွန်စွာရင်းနှီးခဲ့သောမျက်နှာလေး။ သို့သော်မျက်နှာတစ်ခြမ်းဟာကြောက်မက်ဖွယ်ကောင်းအောင် ရုပ်ပျက်ဆင်းပျက်
ဖြစ်နေသည်။သူအံ့ဩတုန်လှုပ်စွာပင်...
"မမ...."
"ယမ်းသတ္တ"
မမကိုယ်တိုင်ကလည်းသူ့ကိုမြင်တော့အတော်လေးအံ့ဩတုန်လှုပ်သွားပုံရ၏။မယုံကြည်နိုင်ဟန်နှင့်
![](https://img.wattpad.com/cover/373058042-288-k421933.jpg)