Unicode
"ကြီးကြီးမြ"
"ဝေ"
"သခင်လေး စဝ်ခွန်မိုင်က အမြဲအဲ့လိုပဲ ပြတင်းပေါက်ဘက်တမှိုင်မှိုင် တထွေထွေနဲ့ကြည့်နေတတ်တာလား"
"ရှူူး တိုးတိုးပြောပါအေ.... သခင်လေးအကြောင်းမသိတာကြလို့၊ သူ့အတင်း ပြောတာသာ ကြားသွားရင် ညည်းရော ငါရော ဒီစံအိမ်ကြီးကနေ နှင်ချခံနေရမယ်၊ သခင်လေး ဘလောက်ထိစိတ်ကြီးသလဲ ညည်းအသိဆုံးပါ"
"ဟုတ်..ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ မိနွယ်က သခင်လေးကိုသနားလို့ပါ"
"မယ်မယ်ကြီးပြောတာတော့ သခင်လေးစဝ်ခွန်မိုင်ကလူဝင်စားတဲ့၊ သူ့ကောင်လေးကို စောင့်နေတယ်ပြောတာပဲ"
"ဟင် ဒါဆို သခင်လေးက လူဝင်စားပေါ့နော် သူ့ကောင်လေးကရောအခုဘယ်မှာလဲဟင်"
"မိနွယ် ညည်းအေ တော်တော်စပ်စုတာပဲ သခင်လေးတောင် သူ့ကောင်လေးကိုစောင့်နေပါတယ်ဆို ငါက ဘယ်သိမှာတုန်း "ဂေါက်" မိနွယ်၏ နဖူးအား ကြီးကြီးမြ လှမ်းခေါက်လိုက်တော့
မိနွယ်က သူမ၏ နဖူးလေးအားပွတ်လျက် "ဟီးး ကြီးကြီးမြကလဲ မိနွယ်က စပ်စုချင်ယုံပါ နာလိုက်တာ ဖြည်းဖြည်းလေးခေါက်လဲရတာကို"
"သွား သွား ကိုယ့်အလုပ်ကိုယ်သွားလုပ်တော့ သခင်ကြီးပြန်လာရင် ညည်းရော ငါရောဆူခံထိနေမယ်"
အရှေ့မှ ကားစက်ရပ်သံကြား၍ "ဟော ပြောရင်းဆိုရင်း သခင်ကြီးပြန်လာပီ" ကမန်းကတန်း ထကာ အပေါက်ဝသို့ ကြီးကြီးမြ အပြေးသွားတော့ မိနွယ် ကြီးကြီးမြနောက်မှ လိုက်လာကာ ကိုယ်ကိုကိုင်းညွတ်လိုက်ပီးခေါင်းလေးငုံ့ကာ ကြီးကြီးမြရော မိနွယ်ပါ သခင်ကြီးအား စံအိမ်ကြီး၏ အပေါက်ဝ၌ စီးကြိုလေသည်။
"မယ်မယ်ကြီးရော"
"မယ်မယ်ကြီးက အပေါ်ထပ်မှာ နားနေပါတယ် သခင်ကြီး"
"ခွန်မိုင်ရော ဘယ်သွားနေသလဲ"
"ဟို..ဟိုလေ သခင်လေးစဝ်ခွန်မိုင်က စောနလေးတင် မြို့ထဲ သွားပီ"
"ကြီးမြ ခွန်မိုင် ပြန်လာရင် ကိုယ်တော် အခန်းထဲလွှတ်ပေး"
"ဟုတ်ကဲ့ပါ သခင်ကြီး"