ဒီအပိုင်းက အရင်အဟောင်းမှာ လိုအပ်တဲ့စကားအသွားအလာတွေအများကြီးပြောင်းရေးထားပါတယ်...
.
.
.မနက်အစောကြီးလေယာဥ်နဲ့ပြန်ရောက်လာတဲ့ Kim အတွင်းရေးမှုးကိုဖုန်းဆက်ထားတာကြောင့် လေယာဥ်ကွင်းရောက်တာနဲ့ချက်ချင်းပဲအိမ်သို့အပြေးပြန် လာခဲ့သည်..အိမ်ရောက်တာနဲ့ Jeon ကိုသာအော်ခေါ်ရင်းရှာမိသည်..တချိန်လုံးဖုန်းဆက်မရနေတာကြောင့် သူ့ကိုသူထက် Jeon ကိုပိုစိတ်ပူနေမိတဲ့ Kim..
" ကောင်လေး!!! ကောင်လေး ကောင်လေး!!!"
သူအကြိမ်ကြိမ်အော်ခေါ်တော့မှ ထမင်းစားခန်းကနေအသံထွက်လာသည်..
" ဘာလဲ "
ဘာလဲဆိုသည် အသံကို Kim သဘောတော့မကျ ဒါပေမယ့်နဂိုထဲကအဆိုးလေးဆိုတော့ Kim သိပ်တော့ဗွေမယူ..Kim တယောက် အသံလာရာ ထမင်းစားခန်းကိုသွားကာကြည့်လိုက်တော့ စားပွဲခုံပေါ်အရက်ပုလင်းပေါင်းများစွာကလဲကျလို့နေပြီး စားပွဲခုံပေါ်မှောက်လျက်အိပ်နေတဲ့ Jeon ကိုလည်းတွေ့ရသည်..
"ကိုကိုမှာ စိတ်ပူလိုက်ရတာကွာ ဖုန်းတွေဆက်တာလည်းမကိုင်ဘူး ဘာများဖြစ်နေလို့လည်းစိတ်ပူလို့ချက်ချင်းပြန်လာခဲ့တာ ဟင် ကောင်လေး ဘာဖြစ်လို့ အရက်တွေအများကြီးသောက်ထားတာလည်း "
မှောက်အိပ်နေတဲ့ Jeon ရဲ့လက်မောင်းကိုကိုင်ကာမေးလိုက်တော့ သူ့ရဲ့လက်ကိုဆွဲခါလိုက်ခြင်းခံလိုက်ရပြီး မှောက်အိပ်နေရာကနေထလာသည်.
" ဘယ်လောက်ထိလိမ်မှာလည်း ဘယ်အချိန်ထိလိမ်မှာလည်း ကျွန်တော်ကို ဘယ်လောက်ထိလိမ်နေအုံးမှာလည်း ဟမ်! "
" ဘာကိုလည်း ကိုကို နားမလည်ဘူး ကောင်လေး အေးဆေးပြောရအောင်ကွာ ကိုကိုမင်းကိုဘာလိမ်မိလို့ လည်း"
" ဘာလိမ်မိလို့လည်းဟုတ်လား ခင်များတို့က ဘာတွေလည်း ခင်များတို့က တိတ်တိတ်ပုန်းတွဲနေတာလား လူတွေအမြင်မှာညီကိုဆိုပြီး တိတ်တိတ်လေးခိုးစားနေကြတာလား ပြောစမ်းပါအုံး"
" ဒါဘာစကားလည်း ကောင်လေး ဘယ်သူကိုပြောနေတာလည်း "
Kim ရဲ့ပခုံးနှစ်ဖက်ကို ညစ်ကိုင်ကာဆွဲခါလို့ ဒေါသနဲ့ပြောလာတဲ့ Jeon..
