အပိုင်း ၆၀၁ - ရှင့်ကိုစွဲလမ်းနေမိပြီ
ကံကောင်းစွာနှင့် ကောင်မလေးက ပိန်ပါးနေပုံ ပေါက်သော်လည်း ခန္ဓာကိုယ် ဖွဲစည်းပုံ အခြေအနေကတော့ ကောင်းမွန်သည်။ သို့သော် မြောက်ပိုင်းဒေသ၏ နှင်းနှင့် အပူချိန်တို့အား လျှော့တွက် ၍မရချေ။ နှိုင်းယှဉ်ကြည့်လျှင် မြို့တော်ရဲ့ ဆောင်းရာသီက အများကြီး ပိုနွေးသည်။
"ကျွန်မ သိပါတယ်! ရှင်က အဘွားအိုလေး တစ်ယောက်လို တကျည်ကျည် လုပ်နေတော့တာပဲ"
ယွီရှောင်ချောင်းက သူ့အား အခန်းအပြင် နှင်ထုတ်လိုက်၏။ ဖြစ်ချင်ရာ ဖြစ်တော့ဟူ၍ မအေးအောင် အဝတ်တွေ တစ်ထပ်ပြီး တစ်ထပ်သာ ဝတ်လိုက်တော့သည်။ သူမသာ ကျူးကျွင်းယန်ကို ဆက်ပြီး ပွစိပွစိ လုပ်ခွင့်ပေးထားလိုက်မယ်ဆိုရင် သူမစောင်ပတ်ပြီးမှသာ အပြင်ထွက်နေရလိမ့်မည်။
ကျူးကျွင်ယန်ရဲ့ နှဖူးထက်မှာ အနက်ရောင်အစင်းကြောင်းတို့ပင် ဖြစ်ပေါ်လျက်
'ကိုယ့်လောက် ချောတဲ့ အဘွားအိုလေးရောရှိလို့လား ဒီကောင်မလေးက တကယ် အသည်းနှလုံးမဲ့လိုက်တာ'
"အား အေးလိုက်တာ!"
သူမ ထွက်လာလာချင်း အေးစိမ့်နေသောလေက နှင်းပွင့်ဖတ်တို့နှင့်အတူ သူမမျက်နှာပေါ်သို့ တိုးဝှေ့တိုက်ခတ်သွားသည်။ ယွီရှောင်ချောင်းက မြောက်ပိုင်းဒေသ၏ အလွန်အမင်း အေးခဲမှုဒဏ်ကို အသားမကျနိုင်သေးဘဲ မျက်နှာ ရှုံ့မဲ့သွား၏။
ကျူးကျွင်းယန်က သူမရဲ့ နှင်းကာဦးထုပ်ကို ချွတ်ပြီး မြွေပါသား မွှေးမာဖလာထူထူကိုပါ ထပ်ပတ်ပေးလိုက်တာကြောင့် ပြူးကျယ်သော မျက်ဝန်းအစုံသာ မြင်ရတော့သည်။ အပြင်ဘက်မှ နှင်းထုက ခြေသလုံးအောက်အထိ ရှိသည်။ ကျူးကျွင်းယန်က အရပ်ရှည်သောကြောင့် နှင်းထဲတွင် လမ်းလျှောက်ရန် သိပ်အားမထုတ်ရပေမဲ့ ၁၆၀စင်တီမီတာပင် မပြည့်သေးသော ယွီရှောင်ချောင်းအဖို့ ခြေထောက်တိုတို သေးသေးလေးတွေသာ ရှိသည်မို့ အဖြစ်ဆိုးလှသည်။
သူမရဲ့ ခြေထောက်တစ်ဖက်ကို နှင်းထဲက ဆွဲထုတ်ပြီး နောက်ထပ် ခက်ခဲကြမ်းတမ်းသော ခြေတစ်လှမ်း လှမ်းကာ နောက်ခြေထောက်တစ်ဖက်ကို ဆွဲထုတ်ရပြန်သည်။ မီတာအနည်းငယ် အကွာအဝေးသာ ရှိသည့် ခြံဝန်းမှ တံခါးပေါက်ဆီသို့ လျှောက်ရန်ပင် သူမအတွက် ဆယ်မိနစ်ကျော်မျှ ကြာမြင့်နေပြီး တစ်ကိုယ်လုံး ချွေးရွှဲနေပြီ ဖြစ်သည်။
YOU ARE READING
သက်တန့်ရောင်မိန်းမပျို (ယွီရှောင်ချောင်း) Book 4
Любовные романыအပိုင်း ၆၀၁ ကစတင်ပါမည်။ Black Pearl Translation (Telegram Channel) စဆုံး free pdf များ တင်ထားပေးပြီးပါပြီ။