အပိုင်း ၆၂၄ - သူငယ်ချင်းများကြားက စကားဝိုင်း

56 8 1
                                    

အပိုင်း ၆၂၄- သူငယ်ချင်းများကြားကစကားဝိုင်း


"ညီမလေးရှောင်ချောင်း ငါ့ခန့်မှန်းတာသာ မှန်မယ်ဆိုရင် ဒီအချိုပွဲအသစ်တွေက နင့်တို့ 'ယွီ' ရေခဲမုန့်နဲ့ ကိတ်မုန့်ဆိုင်က မလား"

ဟယ်ဝမ်နင်က ရှေ့မှာရှိတဲ့ တီရာမိဆုကိတ်လေးကို အကိုက်သေးသေးလေး ကိုက်ကြည့်ပြီး အရသာ မြည်းကြည့်လိုက်သည်။ သူမ မျက်လုံးတွေက ‌သဘောကျ ပျော်ရွှင်စွာ ကွေးညွတ်သွားပြီး အမူအရာကလည်း ဗိုက်ပြည့်အောင် စားထားတဲ့ ကြောင်လေးတစ်ကောင် နေရောင်ခြည် နွေးနွေးအောက်မှာ နေပူဆာလှုံရင်း အိပ်ချင်နေတဲ့အတိုင်း ဖြစ်နေသည်။

အနီးအနား စားပွဲတွေက အခြားမိန်းကလေးတွေကလည်း ထိုမုန့်အသစ်တွေကို မြည်းကြည့်နေရင်း အဓိကစားပွဲက စကားဝိုင်းကို နားစွင့်နေကြသည်။

ယွီရှောင်ချောင်းက သူမအကြိုက်ဆုံး ချောကလက်အမှုန်ကိတ်ကို တစ်ကိုက်ကိုက်ပြီး နှုတ်ခမ်းထောင့်က ချောကလတ် အပေအကျံတွေကို ပန်းနုရောင်လျှာလေးသုံးပြီး အပြတ်ရှင်းလိုက်သည်။ စားပြီးမှ သူမက လျို့ဝှက်ဆန်းကြယ်စွာနဲ့ ပြောလာသည်။

"အစ်မဟယ် ဒီတစ်ခါတော့ ခန့်မှန်းတာ မှားသွားပြီ!"

"ဘယ်လိုလုပ် မှားနိုင်မှာလဲ။ ယွီကိတ်မုန့်ဆိုင်က လွဲပြီး ဘယ်နေရာကမှ ဒီလိုထူးခြားတဲ့မုန့်မျိုး မလုပ်နိုင်ဘူး။ ပြောရရင် သောင်ရှန်းရွာလို ဆိုင်ကလည်း ခေတ်နောက်ကျတဲ့မုန့်တွေပဲ လုပ်နိုင်တော့တာကို"

ယွီကိတ်မုန့်ဆိုင် မဖွင့်ခင်ကတော့ သောင်ရှန်းရွာရဲ့ မုန့်တွေကို ဟယ်ဝမ်နင် အကြိုက်‌ဆုံးပင်။ ဒါပေမယ့် 'ယွီ'ကိတ်မုန့်ဆိုင် ဖွင့်လိုက်သည်နှင့် ချက်ချင်း စိတ်ပြောင်းပြီး ယွီမုန့်ဆိုင်ရဲ့ သစ္စာရှိပရိသတ် ဖြစ်လာတော့သည်။

တစ်ဖက်မှာတော့ ယွမ်ရွှယ်ယန်က ထူးခြားပုံမပေါ်တဲ့ ချောကလက်အပိုင်းလေးကိုယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ ဒီလိုမျိုး လျှာပေါ်မှာ အရသာပြင်းပြင်းလေး စိမ့်ဝင်သွားတာမျိုး တစ်ခါမှ မစားဖူးဘူး။ ချောကလက်ရဲ့ ခါးသက်သက် အရသာကြားမှာ အချိုအရသာ ဖျော့ဖျော့လေးလည်း ရှိနေသည်။ အရသာရှိတဲ့ အစားအသောက်တွေကို ဘယ်တုန်းကမှ စွဲစွဲလမ်းလမ်း မဖြစ်ဖူးပေးမယ့် ဒီချောကလက် တစ်ပိုင်းကတော့ အိမ်မက်လို‌ လွင့်မျောနေအောင်တောင် စွမ်းဆောင်နိုင်ပေသည်။

သက်တန့်ရောင်မိန်းမပျို (ယွီရှောင်ချောင်း) Book 4Where stories live. Discover now