အပိုင်း ၆၁၃ - အိမ်တော်​၏ အနာဂတ်သခင်မ

330 38 2
                                    

အပိုင်း ၆၁၃ - အိမ်တော်​၏ အနာဂတ်သခင်မ


ယွီရှောင်ချောင်းက ကျူးကျွင်းယန်​ရဲ့ အဓိပ္ပာယ်မရှိတဲ့ အပြုအမူတို့ကို မတားဆီးနိုင်တော့တာကြောင့် လျစ်လျူရှုဖို့ ဆုံးဖြတ်ပြီး ဆိုင်ရှင်ကျန်းကို ပြောလိုက်သည်

"ကျန်တဲ့ ကျောက်စိမ်းတုံးအားလုံးကရော ဘယ်လောက်ကျလဲ"

"အာ..."

ဆိုင်ရှင်ကျန်းက သူ့သခင်အား လျို့ဝှက်စွာ တစ်ချက် ကြည့်လိုက်သည်။ သူ့သခင်က လျန်ထောင်ချီမက တန်ဖိုးရှိသည့် ထိပ်တန်းအဆင့် နို့နှစ်ရောင်ကျောက်စိမ်းတုံးကိုတောင် အလကား ပေးထားမှတော့ ဒီပိုက်ဆံ တစ်ပဲနှစ်ပြားကို သူဘာလို့ ဂရုစိုက်နေရဦးမှာလဲ။ ဒီကျောက်စိမ်းခြောက်ခုကိုပါ ထပ်ထည့်ပေးရမှာကို တွေးကြည့်ရုံနဲ့တင်... သူ့နှလုံးအောင့်မိသော်လည်း...

"မင်း ဘာလို့ ဒီမင်းသားကို ကြည့်နေတာလဲ ယူစရာရှိတာ ယူထားလိုက်"

ဒီလိုပြောလိုက်သော်လည်း ကျူးကျွင်းယန်က သူ့ကောင်မလေးရဲ့ အကြည့်ကွယ်ရာကနေ ဆိုင်ရှင်ကျန်းကို တိတ်တဆိတ် သိသာထင်ရှားသော အမူအရာတစ်ခု ပြလိုက်သည်။ သူတို့ သေချာပေါက် ပိုက်ဆံအချို့ ယူဖို့ လိုသည်။ သို့မဟုတ်ရင် ကောင်မလေးက စိတ်ဆိုးပြီး ကျောက်စိမ်းတစ်ခုမှ မယူဘဲ ထွက်သွားလိမ့်မည်။ နှစ်သစ်ကူးပြီး တင်တောင်းပစ္စည်းတွေ ပို့ပေးရန်ပင် ခက်ခဲသွားနိုင်သည်။

ဆိုင်ပိုင်ရှင်က သူ့သခင်​ရဲ့ အချက်ပေးမှုကို လက်ခံသိရှိလိုက်ပြီး ယဉ်ကျေးသောအပြုံးလေးနှင့် ဆိုလိုက်သည်

"မိန်းကလေးယွီလက်ထဲက နို့နှစ်ရောင်ကျောက်စိမ်းတုံးနှစ်ခုမှာ ပိုသေးတဲ့တစ်ခုက လျန်တစ်သောင်း ကျသင့်ပြီး ပိုကြီးတဲ့တစ်ခုကတောင် လျန်တစ်သောင်းခွဲ ကျသင့်ပါတယ်။ ကျန်ရှိတဲ့ အဖြူရောင်ကျောက်စိမ်းနဲ့ အစိမ်းရောင် ကျောက်စိမ်းတွေကိုတော့ ကျွန်တော် လျန်ငါးထောင်ပဲ ထားလိုက်ပါ့မယ်။ ဒီတော့ အားလုံးပေါင်း လျန်သုံးသောင်းပါ မိန်ကလေးက သခင်ကိုယ်တိုင် ခေါ်လာတဲ့သူဆိုတော့ ကျွန်တော်ဆို့ဆိုင်က အကောင်းဆုံး လျှော့ဈေးနဲ့ ပေးမှာမို့ အားလုံးပေါင်း လျန်တစ်သောင်းခွဲပဲ ပေးဖို့ လိုပါတယ်"

သက်တန့်ရောင်မိန်းမပျို (ယွီရှောင်ချောင်း) Book 4Where stories live. Discover now