စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်ဇာတ်လမ်းအကျဉ်း
ရှောင်လင်းယွီတစ်ယောက် သူမချစ်သူထံမှသစ္စာဖောက်ခံရပြီးနောက် ဆန်ကုန်မြေလေးကောင်နဲ့အတူ လက်ဖက်စိမ်းခွေးမကိုပါ သူမခြေထောက်အောက်တွင်နင်းခြေခဲ့သည်။ ထို့နောက်တွင်တော့ နေရာလွတ်ကျောက်စိမ်းဆွဲသီးကိုသုံးကာ သူမမွေးရပ်မြေကိုပြန်လို့ အပင်များစတင်စိုက်ပျိုးတော့သည်။ သူမ ရောင်းပြီးရင်း ရောင်းပြီးရင်း မရောင်းချခင်တွက် စိုက်ပြီးရင်း စိုက်ပြီးရင်း ဆက်တိုက်စိုက်ပျိုးသည်။ သူမရဲ့ ရူးသွပ်လှစွာသော စိုက်ပျိုးရေးပြည်ထောင်စုကြီးတည်ထောင်ရေးလမ်းကြောင်းကို လျှောက်လှမ်းဖို့အရေး ဝေးဝေးရောက်အောင် ေပြးပြီးရင်း ပြေးနေတော့သည်။
ထောင်ယွမ်ရွာ၏မက်မွန်ပင်ကြီး တစ်ပင်အောက်မှ ဖြစ်ရပ်မတိုင်ခင်အထိပေါ့....
လမ်းလျှောက်တတ်ကာစ လေးငါးနှစ်အရွယ်ကလေးလေးတစ်ယောက်သည် သူ့ခေါင်းကို အတတ်နိုင်ဆုံးမော့ကြည့်ဖို့ရန် ကြိုးစားနေခဲ့သည်။ နောက်ဆုံးသူ့ခေါင်းကိုအဆုံးထိမော့ပြီးသွားသည်နှင့် ခန္ဓာကိုယ်ကိုပါ အဖြောင့်ဆုံးအနေအထားဖြစ်အောင် ပြင်လိုက်ပြန်သည်။ ခေါင်းကိုမော့ထားရတာကြောင့် သူ့လည်ပင်းကနာလာခဲ့သော်လည်း ခေါင်းမာမာဖြင့် ထိုပုံစံအတိုင်းဆက်ထိန်းထားကာ သူ၏မျက်လုံးဝိုင်းကြီးများကို မှေးကျဉ်းလိုက်ပြီး စပ်စပ်စုစုမေးလိုက်လေသည်။ "ဦးဦးကဘယ်သူလဲ? ဘာလို့သားနဲ့ရုပ်ချင်းတူနေရတာလဲ?"
အမျိုးသားသည်လည်း သူနှင့်မျက်နှာချင်းဆိုင်တွင်ရှိနေသည့် သူငယ်ရွယ်စဥ်ကနှင့်တစ်ထပ်တည်းတူသော ချစ်စရာကလေးလေးကို စိုက်ကြည့်နေသည်။ အမျိုးသားသည် အရပ်ရှည်ကာ ချောမောပြီး သူများထက်သာလွန်သည့် အရှိန်အဝါကိုလဲ ပိုင်ဆိုင်ထားသည်။
သူသည်လည်း မျက်လုံးများကိုမှေးကျဉ်းလိုက်ကာ အေးစက်စက်အသံဖြင့် မေးလိုက်သည်။ "မင်းဘယ်သူလဲ?"
သူ့စိတ်ထဲတွင်တော့ ဘယ်အတင့်ရဲတဲ့မိန်းမကများ ဒီလိုကိစ္စကိုလုပ်ထားလဲဟု တွေးနေခဲ့သည်။
သူမက ဒါမျိုးလုပ်ရဲမှတော့ ပြန်ပေးဆပ်ရမယ့်တန်ဖိုးအတွက်လဲ အသင့်ပြင်ထားသင့်ပြီ!
သို့သော်လည်း သူ ထိုအမျိုးသမီးကို ပြန်ပေးဆပ်အောင်မလုပ်နိုင်သေးခင်တွင်ပဲ ချစ်စရာကောင်ငယ်လေးက သူ့နားကပ်ကာ လက်ကိုဆွဲလာပြီး မျှော်လင့်နေသည့်မျက်ဝန်းကြီးများဖြင့် "ဦးဦး၊ သားလမ်းပျောက်နေလို့။ သားကိုအိမ်ပြန်လိုက်ပို့ပေးလို့ရမလား?"
ထိုအမျိုးသားလဲ ကောင်လေးလက်ကိုဆွဲကာ မမျှော်လင့်ဘဲ လယ်တောအိမ်လေးဆီသို့ ပြန်ပို့မိသွားချိန် ကလေးငယ်လေး၏စိတ်လှုပ်ရှားနေသည့်အသံကိုပါ ကြားလိုက်ရလေသည်။
"မေမေရေ၊ မေမေလက်ထပ်လို့ရပြီ! သားအခုပဲ သားနဲ့တူတဲ့လူကြီးတစ်ယောက်ကိုရှာတွေ့ခဲ့တယ်!"
လူတိုင်း "......"
ဒီကလေးက ပထွေးတစ်ယောက် အရမ်းလိုချင်နေရောပဲဟ!
အကျဉ်းချုပ်ရလျှင်တော့ ဒါဟာ ကော်လံဖြူလုပ်သားတစ်ယောက် မြို့တွင် ပြန်လည်မွေးဖွားလာသည့် ဇာတ်လမ်းတစ်ပုဒ်ပင်ဖြစ်သည်။ လူတစ်ယောက်နှင့်စည်းကျော်မိပြီးနောက် နေရာလွတ်စွမ်းရှိသည့် ကျောက်စိမ်းတစ်ခုကိုပါ မတော်တဆရရှိခဲ့ကာ ေကျးလက်သို့ပြန်ပြီး လယ်စိုက်ရင်း သူမသားကိုပျိုးထောင်ခဲ့ခြင်းပင်။ ဒါ့အပြင် သူမသားခေါ်လာသည့်အမျိုးသားကိုလဲ ဂရုစိုက်ပေးရင်း ချမ်းသာသည့်အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့သည်။
Telegram Group သို့မဟုတ် PDF ဝင်လို့ရပြီနော်။

YOU ARE READING
သက်တန့်ရောင်မိန်းမပျို (ယွီရှောင်ချောင်း) Book 4
Romantikအပိုင်း ၆၀၁ ကစတင်ပါမည်။ Black Pearl Translation (Telegram Channel) စဆုံး free pdf များ တင်ထားပေးပြီးပါပြီ။