အပိုင်း ၆၀၃ - အိမ်ပြန်ခြင်း

446 42 2
                                    

အပိုင်း ၆၀၃ - အိမ်ပြန်ခြင်း


ကြည့်ရတာ မြင်းအမေကြီးက ဝိဉာဉ်စွမ်းအင်ပါတဲ့ မြင်းစာတွေကိုစားပြီး ကျန်းမာပြည့်ဖြိုးနေတာကြောင့် ဖြစ်မည်။ မြင်းပေါက်အသစ်လေးရဲ့ မွေးဖွားမှုက ရှောရှောရှူရှူပဲ ဖြစ်ခဲ့သည်။ ရှောင်ချောင်း ရောက်သွားပြီး မကြာခင်မှာပဲ မြင်းမကြီးက အနီရောင် မြင်းပေါက်လေးတစ်ကောင်ကို သူမကိုယ်တိုင် ဖွားမြင်ခဲ့သည်။ သမားတော်ဝမ် ရောက်လာတဲ့အခါ သူက မြင်းမကြီးနဲ့ သားပေါက်လေးကို ခြေဆုံးခေါင်းဆုံး စစ်ဆေးပြီး နှစ်ကောင်လုံး ကျန်းမာတယ်ဆိုတာ သေချာမှ ပြန်သွားခဲ့သည်။

လေပွေနက်လေးက လူအုပ်ကြားထဲကို တိုးကျိတ်ဝင်ပြီး မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်သေးတဲ့ သနားစရာ အကောင်ငယ်လေးကို လာစူးစမ်းသည်။ သူက မနှစ်မြို့စွာနဲ့ မျက်နှာလွှဲကာ လှည့်ထွက်ဖို့ လုပ်လိုက်သည်။ သို့ပေမယ့် သူ့သခင်က ဒီကောင်လေးကို သူ့ထက် ပိုချစ်သွားမှာ စိုးတာကြောင့် သူ့ရဲ့ စိတ်မြန်ပြီး ကလေးဆန်တဲ့ စိတ်ရင်းနဲ့ လုံးဝကွဲပြားစွာဘဲ ဘေးနားမှာ လိမ်လိမ်မာမာလေး ရပ်စောင့်နေလိုက်သည်။ ရှောင်ချောင်းက တခြားမြင်းပေါက်လေးကို အံ့ဖွယ်ကျောက်ရေ တိုက်တဲ့အခါမှာတောင် သူက လုယူဖို့ မကြိုးစားခဲ့ပေ။

မြင်းပေါက်အသစ်လေးက မျိုးကောင်းမြင်းတစ်ကောင် ဖြစ်ပြီး သူ့ရဲ့ကိုယ်ခံအား တိုးတက်စေရန်အတွက် အံ့ဖွယ်ကျောက်တုံးရေတချို့ တိုက်ကျွေးခဲ့သည်။ မြင်းခြံမှာ တစ်ဆောင်းတွင်း ကုန်ဆုံးပြီးနောက် ဒီမြင်းပေါက်လေး အရွယ်ရောက်လာခဲ့ရင် နှင်းကျားလေးထက် နည်းနည်းလေးမှ နိမ့်ကျမည် မဟုတ်ပေ။ ယွီရှောင်ချောင်းက မြင်းရိုင်းအုပ်ထဲမှာ တခြားဇီးရှိတဲ့ မြင်းမတွေ ရှိနေတာကိုလည်း သတိထားမိသည်။ ထို့ကြောင့် သူမက ထိုမြင်းမတွေနဲ့ သူတို့ရဲ့ အနာဂတ်သားပေါက်လေးတွေကို ကောင်းကောင်း ဂရုစိုက်ပေးဖို့ ကျွမ်းကျင်တဲ့ မြင်းထိန်းတချို့ကို အထူးအနေနဲ့ စေလွှတ်ခဲ့သည်။ ထိုမြင်းပေါက်လေးတွေ အားလုံးက ဒီမြင်းခြံရဲ့ အနာဂတ် မျှော်လင့်ချက်တွေပင် ဖြစ်သည်! ထိုမြင်းတွေရဲ့ နောက်မျိုးဆက်တွေက သူတို့ရဲ့ ကလေးဘဝ တစ်ချိန်လုံးကို မြင်းမွေးမြူရေးခြံရဲ့ သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာသာ ကုန်ဆုံးခဲ့တာကြောင့် အနာဂတ်မှာ ဒီလို ကောင်းမွန်ပြည့်စုံတဲ့ 'အိမ်'ကနေ ထွက်ခွာသွားဖို့ အတော်လေး ဝန်လေးနေကြလိမ့်မယ်ဆိုတာ သူမ ယုံကြည်သည်။

သက်တန့်ရောင်မိန်းမပျို (ယွီရှောင်ချောင်း) Book 4Where stories live. Discover now