အပိုင်း ၆၁၉- ယောက်ဖလေးနဲ့တော့အခက်တွေ့ပြီ
"ဟုတ်ပြီ! ဒီနေ့ အချစ်ရဆုံး မောင်လေးအတွက် ဒီအစ်မကြီးက အကောင်းဆုံး လက်စွမ်းပြပေးမယ်!"
ယွီရှောင်ချောင်းက သူမရဲ့ အင်္ကျီလက်တွေကို ခေါက်တင်ကာ လက်ကို ခါးမှာထောက်ပြီး လူစွမ်းကောင်းပုံစံတစ်ခု ထုတ်ပြလိုက်သည်။
အမျိုးသမီးလျိုက ပြုံးချင်စိတ်ကို ထိန်းကာ သူမအငယ်ဆုံးသမီးကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"မင်းအခု ဘယ်လိုပုံပေါက်နေတာလဲ? မိန်းကလေးနဲ့ လုံးဝကို မတူဘူး။ သတိထားနော် လက်မထပ်နိုင်ဘဲ နေလိမ့်မယ်..."
ယွီဟိုင်က ထိုစကားကြောင့် မပျော်မရွှင်ဖြစ်ပြီး ချက်ချင်း ပြောလာသည်။
"မင်း ကိုယ့်သမီးကိုယ် အဲ့လိုပြောမှ ဖြစ်မှာလား? ငါတို့သမီးကို မြင်သူတိုင်း ချစ်ကြတဲ့ဟာကို ဘယ်လိုလုပ် လက်မထပ်နိုင်ဘဲ နေမှာလဲ?"
ရှီထုန်လေးက သူရှိသေးတယ်ဆိုတဲ့အကြောင်း သတိပေးဖို့ ဝင်ပြောလာသည်။
"ဒုတိယအစ်မ၊ အဲ့တာတွေ အရေးမကြီးပါဘူး! ကျွန်တော်ကတော့ အစ်မက အခုအတိုင်းလေးပဲ ကိုယ့်ပုံစံအတိုင်းနေပြီး ဟန်ဆောင်မှုလုံးဝမရှိတာ ကောင်းတယ်လို့ ထင်တယ်! တကယ်လို့ တစ်ယောက်ယောက်က အဲ့လိုနေလို့ အစ်မကို မကြိုက်ဘူးဆိုရင်လည်း အဲ့လူအမြင်မရှိလို့ပဲ! အစ်မ လက်မထပ်နိုင်ဘူးဆိုရင်လည်း စိတ်မပူပါနဲ့ ကျွန်တော် အစ်မကို လုပ်ကျွေးမှာပေါ့!"
"ဖယ် ဖယ် ဖယ်!"
ရှောင်လျန်က သူမမောင်လေးကို သာသာလေး တွန်းထုတ်လိုက်သည်။ သူမက ရှောင်ချောင်းဘက်ကို ရွှတ်နောက်နောက် ကြည့်ပြီး ကျိတ်ရယ်လိုက်ရင်း
"ငါတို့ရှောင်ချောင်းကို တစ်စုံတစ်ယောက်က အချိန်အကြာကြီး ပိုးပန်းနေခဲ့တာ။ သူတို့က သူမ အရွယ်ရောက်ပြီး အိမ်ခေါ်သွားလို့ရမယ့် အချိန်ကို စောင့်နေကြရုံပါနော်! မင်းလုပ်ကျွေးရမယ့်အလှည့် ဘယ်လိုလုပ် ရောက်နိုင်မှာလဲ?"
အမျိုးသမီးလျိုက ဒါကိုကြားတော့ စိုးရိမ်မှုနဲ့ မျက်မှောင် အနည်းငယ် ကျုံ့လိုက်သည်။

YOU ARE READING
သက်တန့်ရောင်မိန်းမပျို (ယွီရှောင်ချောင်း) Book 4
Romantikအပိုင်း ၆၀၁ ကစတင်ပါမည်။ Black Pearl Translation (Telegram Channel) စဆုံး free pdf များ တင်ထားပေးပြီးပါပြီ။