အပိုင်း ၆၂၅ - ဧည့်ခံစားသောက်ပွဲ

775 48 9
                                    

အပိုင်း ၆၂၅- ဧည့်ခံစားသောက်ပွဲ


ယွီရှောင်ချောင်းက နားမလည်နိုင်သော မျက်နှာဖြင့် သူမသူငယ်ချင်းကောင်းတွေ​ရဲ့ မျက်နှာပေါ်မှ လေးနက်တဲ့ အမူအရာကို ကြည့်ပြီး သူမနှာခေါင်းလေးကို ပွတ်သပ်လိုက်မိသည်။ သူမက သတိတရှိနဲ့ မေးလိုက်သည်

"တော်ဝင်မင်းသားယန်ရဲ့မျက်နှာက တကယ်ပဲ အဲ့လောက် ကြောက်ဖို့ကောင်းလို့လား သူမှာ တခြားတစ်ယောက်ဆီ ကူးစက်သွားနိုင်လောက်အောင် ကြည့်ကောင်းလွန်းတဲ့ ပန်းပုထုဆစ်ထားသလို ချောမောတဲ့ မျက်နှာမျိုးရှိတယ်ဆိုပြီး ဒီထဲမှာ တွေးမိတဲ့သူ တစ်ယောက်ယောက်များ မရှိဘူးလား။ သူက ဒီလောက် ကြည့်ကောင်းတာကို ဘာလို့ နင်တို့အားလုံးက ကြောက်ဖို့ကောင်းတယ်လို့ ထင်နေကြတာလဲ"

ဟယ်ဝမ်နင်က နောက်ထပ် ချောကလက်တုံးလေးတစ်ခုကို သူမပါးစပ်ထဲ ပစ်သွင်းလိုက်ပြီး မျက်စိမှိတ်ရင်း ကျေနပ်နှစ်ခြိုက်စွာ အရသာ ခံနေသည်။ သူမက ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်

"တော်ဝင်မင်းသားယန်ရဲ့ ပုံမှန်အမူအရာက နှစ်တစ်သောင်းသက်တမ်းရှိတဲ့ ရေခဲမြစ်ထဲက ရေခဲလို အေးစက်နေတာ အေးလွန်းလို့ လူတွေပါ ချက်ချင်း ခဲကုန်တော့မလားပဲ။ သူ့ရဲ့ အကြည့်စူးစူးတွေက လူတစ်ယောက်ရဲ့ နှလုံးသားကို ဖောက်ထွက်တော့မယ့်အတိုင်းဆိုမှတော့ ဘယ်သူကများ သူ့ကို တိုက်ရိုက် ကြည့်ရဲမှာလဲ။ သူ့တစ်ကိုယ်လုံးကလည်း သင်တုန်းဓားလို ထက်ရှတဲ့အရောင်အဝါတွေ ထုတ်လွှတ်နေတဲ့အတိုင်းပဲလေ လူတွေလည်း သူ့ရှေ့ရောက်ရင် တုန်လှုပ်ကုန်ကြပြီပေါ့။ သူက ချောမောနေရင်တောင် ဘယ်သူမှ ထုတ်ဖော် ချီးကျူးရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရှေ့မှာဆို သူက မဲလုံးလေးလို နာခံပြီး လိမ္မာတယ်လေ။ ဒီတော့ မင်းက သူ့ရဲ့... ကောင်းတဲ့အပိုင်းတွေကို ချီးကျူးနိုင်တာ သဘာဝပဲ မဟုတ်ဘူးလား"

အခန်းထဲမှ အခြားသခင်မလေးများက ဟယ်ဝမ်နင် ရည်ညွှန်းပြောဆိုသော မဲလုံးလေးကို မသိကြသော်လည်း ရှောင်ချောင်း​၏ သူငယ်ချင်းများ အားလုံးကတော့ သိကြသည်။ ဟယ်ဝမ်နင်က တော်ဝင်မင်းသားယန်ကို ရှောင်ချောင်းရှေ့မှာ အကဲပိုစွာနှင့် ချစ်ဖို့ကောင်းအောင် ပြုမူတတ်သော အိမ်မွေး ဝံပုလွေတစ်ကောင်နဲ့ ရဲတင်းစွာ နှိုင်းယှဉ်သည်ကို ကြားလိုက်ရတဲ့အခါ အသံမထွက်အောင် ထိန်းလျက် ရယ်မောနေကြတော့သည်။ ယွီဝမ်ချင်းတစ်ယောက်ကတော့ ကော်ဖီတစ်ငုံ သောက်နေစဉ်အတွင်း ဟယ်ဝမ်နင်ရဲ့ နှိုင်းယှဉ်မှုကို ကြားလိုက်ရတာမို့ ရုတ်တရက် ကော်ဖီသီးသွားရပြီး မိနစ် အနည်းငယ်ကြာ ချောင်းဆိုးသွားခဲ့ရသည်။

သက်တန့်ရောင်မိန်းမပျို (ယွီရှောင်ချောင်း) Book 4Where stories live. Discover now