အပိုင်း ၆၂၁- နှစ်သစ်လက်ဆောင်
ရှောင်ချောင်းက စကားပြောပြီးတဲ့နောက် ခေါင်းကို ငုံ့လျက် သူမရဲ့ ဖွံ့ထွားလာကာစ ပေါက်စီလုံးလေးတွေကို ကြည့်လိုက်မိသည်။ ရှောင်ချောင်းက ပျော်လည်းပျော်မိသလို ကူကယ်ရာမဲ့သလိုလည်း ခံစားလိုက်ရသည်။ သူမက ရင်ဘတ်ပြားသူ မဟုတ်တာကြောင့် ပျော်ရွှင်မိသော်လည်း အတော်လေး သေးနေသေးတာကြောင့် အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူမရဲ့ ရင်ဘက်က မကြာခင် ပေါက်စီလုံးအကြီးကြီးတွေ ဖြစ်လာဖို့သာ မျှော်လင့်မိသည်။
သူမခေါင်းကို မော့လိုက်တော့ ကျူးကျွင်းယန်ရဲ့ အကြည့်ကလည်း သူမရဲ့ အကြည့်လားရာဆီသို့ လိုက်ကြည့်နေခဲ့သည်ကို သတိပြုမိသွားသည်။ ရှောင်ချောင်းက အမြန်ပဲ သူမလက်တွေကို ရင်ဘတ်ပေါ် ယှက်တင်လိုက်ပြီး ဝံပုလွေတစ်ကောင်ကို စူးစိုက်ကြည့်သည့်အတိုင်း ကြည့်လိုက်ရင်း
"ရှင် ဘယ်ကို ကြည့်နေတာလဲ နှာဘူး! တဏှာရူးပဲ!! ရှင့်အပြုအမူက မသင့်လျော်ဘူးဆိုတာ သိရဲ့လား"
ကျူးကျွင်းယန်က တကယ်ပဲ အပြစ်ကင်းစင်လှသည်။ ကောင်မလေးက အဝတ်သုံးလွှာ ဝတ်ဆင်ပြီး ဝက်ဝံလေးတစ်ကောင်လို ထုပ်ပတ်ထားတာဖြစ်သည်။ သူ မြင်စရာ ဘာများရှိလို့လဲ။ အကြောင်းမဲ့သက်သက် အော်ခံလိုက်ရတာကြောင့် အနည်းငယ် မပျော်မရွှင်ဖြစ်သွားရသည်။
သူက ရှောင်ချောင်းရဲ့ လက်မောင်းကို လှမ်းဆွဲပြီး ရင်ခွင်ထဲသို့ ဆွဲယူပွေ့ဖက်လိုက်သည်။ ထို့နောက် သူ့ရဲ့ တခြားလက်တစ်ဖက်ကို သူမခေါင်းနောက်မှာ ထားလျက် အသာဆွဲကပ်ကာ သေးငယ်ပေမယ့် နီမြန်းနေသော သူမရဲ့ နှုတ်ခမ်းသားပေါ်သို့ ခပ်ဖွဖွ အနမ်းပေးလိုက်၏။ သူမရဲ့ နှုတ်ခမ်းအား အသာ ဖိကိုက်ရင်း ဆွဲမက်ဖွယ်ကောင်းပြီး နူးညံ့သော နှုတ်ခမ်းပါးထက်၌ သွားရာရေးရေး ထင်ကျန်နေစေခဲ့သည်။ ဝူထုန်နှင့် ရင်းချွမ်တို့ထံမှ အံ့ဩမှုဖြင့် အာမေဍိတ်သံသံ့သံ့ ထွက်လာတော့မှ ဇဝေဇဝါဖြစ်နေသည့် သူ့ကောင်မလေးအား လွှတ်ပေးလိုက်သည်။ ကျူးကျွင်းယန်က ခပ်ဖွဖွ ရယ်လျက်
![](https://img.wattpad.com/cover/385090479-288-k862314.jpg)
YOU ARE READING
သက်တန့်ရောင်မိန်းမပျို (ယွီရှောင်ချောင်း) Book 4
Roman d'amourအပိုင်း ၆၀၁ ကစတင်ပါမည်။ Black Pearl Translation (Telegram Channel) စဆုံး free pdf များ တင်ထားပေးပြီးပါပြီ။