အခန်းလေး - အတိတ်အ​ကြောင်း

218 29 7
                                    


သို့သော် ကျိုးချီချန်းအတွက်ကတော့ "တစ်စုံတစ်ယောက်အားနှစ်သက်ခြင်း" ဟူသည့်စကားလုံးသည် အဖိုးထိုက်တန်သည့်ဇိမ်ခံပစ္စည်းတစ်ခုလိုပင်။

အသက်ဆယ့်ငါးနှစ်အရွယ်တွင် ပထမဆုံးအဖြစ်တစ်စုံတစ်ယောက်ကိုချစ်မိခဲ့သည်။ ထိုအချိန်က သူသည်မိသားစုနှင့်အတူ ရှန့်ယန်ခရိုင်အနီးရှိမြို့အသေးလေးတစ်ခုတွင်နေထိုင်ခဲ့၏။ သူတို့အတန်းထဲက ရွှီစုစုလို့ ခေါ်တဲ့ ပိုနီတေးနှစ်ဖက်နဲ့ကောင်မလေးက သူ့ကိုနမ်းခဲ့သည်။ ရွှီစုစုသည် သူတို့အတန်းထဲတွင်အလှဆုံးကောင်မလေးဖြစ်ပြီး သူမကိုချစ်ခွင့်ပန်သူများလည်းမနည်းလှပေ။ ထိုလူများထဲမှတစ်ယောက်ကတော့ ကျောင်းတွင်‌ဒေါသအနည်းငယ်ကြီးသည်ဟုနာမည်ကျော်ကြားသော ချန်တန့်ဆိုသည့်ကောင်ကလေးပင်။ ထိုအကြောင်းကိုကြားပြီးသည့်နောက် အနှီကောင်လေးက ကျိုးချီချန်းအားတိုက်ခိုက်ရန်ရောက်လာခဲ့၏။ ရှန့်ယန်၏ဆောင်းရာသီသည်အလွန်အေးလှပြီး ယောကျ်ားလေး ငါးယောက် ခြောက်ယောက်ခန့်မှလည်း သူတို့အားကြည့်နေခဲ့ကြသည်။ နှစ်ယောက်စလုံးက ကျောင်းကုတ်အင်္ကျီနှင့်ဆွယ်တာများကိုချွတ်ပစ်ကာ ကွန်ကရစ်ကြမ်းခင်းပေါ်တွင် နပန်းလုံးကြတော့သည်ပင်။ ထိုကောင်ကလေး၏ ခန္ဓာကိုယ်နှင့်အသက်ရှုထုတ်လိုက်သည့်အငွေ့အသက်တို့ကအစ အရမ်းကိုမှပူလှကြောင်းသူမှတ်မိနေခဲ့သည်။ တကယ်တော့ ချန်တန့်က သူ့ထက်တစ်နှစ်ခန့်ငယ်သည်။ ဆယ်ကျော်သက်အရွယ်ကောင်ကလေးတွေသည်ကားတစ်နှစ်နှင့်တစ်နှစ် ကြီးထွားမှုနှုန်းမြန်ကြပေသည်။ ကျိုးချီချန်းက ချန်တန့်လောက်အရပ်လည်းမရှည်သလို အားလည်းသိပ်မသန်လှ။ သို့သော် သူကချန်တန့်ကို အပြင်းထန်ဆုံးနည်းဖြင့် တိုက်ခိုက်ခဲ့ကာ သူ့ခန္ဓာကိုယ်အောက်ဝယ် လှူပ်မရအောင်ဖိထားခဲ့၏။ သူမှတ်မိနေတာတစ်ခုက ထိုကောင်ကလေး၏ ရွှီစုစုထက်ပင်ပိုရှည်နေသော မျက်တောင်ဖျားလေးတို့ပင်။ ထို့အပြင် သူ့ခန္ဓာကိုယ်အောက်အဖိခံထားရချိန်ဝယ်မျက်နှာလေးမှာလည်းနီရဲနေလျက်မို့။ နောက်ထပ်ဆယ်နှစ်ကျော်ကြာသွားသည့်အချိန်မှာတောင် သူကရွှီစုစု၏ အထူးတလည်ဆွဲဆောင်မှူရှိသောရုပ်ရည် သို့တည်းမဟုတ် သူမနှင့်မျှဝေခဲ့ရသော ထိုအနမ်း၏ခံစားချက်တို့ကိုမမှတ်မိတော့ပေ။ သို့သော် ချန်တန့်၏ တဖျပ်ဖျပ်ခတ်လို့နေသောမျက်တောင်ရှည်တို့ကိုတော့ သူကမှတ်မိလို့နေပါသေးသည်။ "အတွင်းစိတ်၏ဆန္ဒ" ဟူသည်မျက်စိဖြင့် မမြင်နိုင်သလို ဖော်ပြ၍လည်းမရသော စကားစုတစ်စုသာဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ်ထိုစကားစုအား ကျိုးချီချန်းကခိုင်မာသည့်ပုံရိပ်တစ်ခုအဖြစ်မြင်နိုင်ခဲ့၏။

​တိုက်​လေယာဥ်​နောက်မြှီးမှ ဖမ်းချိတ်​ ( မြန်မာမှူပြန်လည်ပြုစု )Where stories live. Discover now