အခန်းဆယ့်ရှစ်

203 37 10
                                    

အားလုံးပြီးစီးသွားသည့်အချိန်ဝယ် ကျိုးချီချန်းသတိထားမိသည်က လန်ဖုန်း၏အမူအယာမှာအနည်းငယ်ထူးဆန်းလို့နေခဲ့သည်ဆိုတာကိုပင်။ အကြင်သူကခေါင်းကိုတွင်တွင်ငုံ့ထားလေကာ လက်ထဲရှိဘီယာဗူးအားတင်းကျပ်စွာဆုပ်ကိုင်ထားလျက် တစ်ကိုယ်လုံးကတုန်ရီနေလေ၏။ အကြင်သူ၏ထိုကဲ့သို့သောအပြုအမူမျိုးအားအရင်တုန်းကသူမမြင်ဖူးခဲ့ချေ။
“ ကိုယ်ပြောတာတွေ......အရမ်းများသွားလို့လား “
လန်ဖုန်းက သူ့မျက်လုံးတွေအားပင့်ကာကြည့်လာသည်မို့ ကျိုးချီချန်းအားအကြင်သူ၏မျက်လုံးတွေမှာနီရဲလို့နေကာ မျက်ဝန်းနက်နက်တွေထဲ မျက်ရည်စက်လက်ဖြင့်လင်းလက်လို့နေသည်အားတွေ့လိုက်ရပါတော့လေသည်။ လန်ဖုန်းကယခုခံစားချက်တွေကိုအတတ်နိုင်ဆုံးထိန်းညှိရန်ကြိုးစားနေပါလေ၏။ သူတကယ်ကြီးကို လန်ဖုန်းအား ငိုအောင်လုပ်မိသွားချေပြီ။
ကျိုးချီချန်းမှာဒါကိုမြင်မြင်ချင်းအံ့သြသွားရကာ အကြင်သူ့ကိုမည်သို့နှစ်သိမ့်ပေးရမည်မှန်း တကယ်မသိခဲ့တော့။ နောက်ဆုံးတော့ သူကပြုံးလိုက်ကာ လန်ဖုန်း၏ပခုံးလေးကိုအသာပုတ်ပေးလိုက်တော့သည်။
“ ကိုယ်ဖြင့်...ဘာမှတောင်မလုပ်ရသေးပါဘူးကွာ။ မင်းကဘာလို့ငိုသွားရတာတုန်း။ “
သို့သော်ငြား သူ့အပြုံးတို့ကအထိန်းအကွပ်မဲ့စွာလွတ်လပ်နေပါလေ၏။
“ကိုယ်က.......မင်းအတွက်ဝမ်းနည်းမိတာပါ။ အဲ့သည့်နေရာမှာ Ivy နဲ့ကိုယ့်မိဘတွေသာဆိုရင် ဖြစ်နိုင်တာက.......ကိုယ်တကယ်........”
ဖြစ်နိုင်တာက သူသာဆိုပါလျှင် ဘဝတစ်ခုစာလုံး၏အဓိပ္ပါယ်ဆုံးရှူံးသွားလောက်မည်ပင်။
“ကိုယ်က သည်လိုမျိုးတစ်ခါမှမတွေ့ကြုံဖူးတာမို့။ ဘယ်တော့မှနားလည်နိုင်မယ်မထင်ပါဘူးလေ “
လန်ဖုန်းကနောက်ဆုံးတော့ထုတ်ပြောလာကာ သူ့အသံမှာတင်းကျပ်လို့နေခဲ့၏။ ကျိုးချီချန်းအကြင်သူနှင့်အတူရှိနေခဲ့သည့်ကာလအနည်းငယ်အတွင်း လန်ဖုန်းတစ်ယောက် ကိုယ်တိုင်၏စိတ်တည်ငြိမ်မှူပျောက်ဆုံးသွားသည့်အဖြစ်မျိုးအားမမြင်ဖူးခဲ့ပေ။
“ ကိုယ့်မှာအဲ့သလိုအတွေ့အကြုံမျိုးရှိလို့လည်း သည်လိုမျိုးနေနိုင်တာပေါ့လေ။ နည်းလမ်းတစ်ခုရှာပြီး တစ်နေ့နေ့သူမကို ပြန်ဆက်သွယ်လို့ရနိုင်မှာဆိုတဲ့ရည်မှန်းချက်သေးသေးလေးတစ်ခုထားထားတယ်။ ကိုယ်ကြိုးစားမှာပါ “
ကျိုးချီချန်းကထိုသို့ပြောလာ၏။
အထူးသဖြင့် သည်အခြေအနေမှာ သူဟာကျိုးချီချန်းရှင်းပြလာတာကိုနားထောင်ဖို့ရာ အတော်အတန်ဝေးလေသည့် ဆွစ်ဇ်ဇာလန်မှနေတဆင့် လာခဲ့ရတာဖြစ်သည်။ တခြားတစ်ဖက်မှအရာရာတိုင်းကို မပြောပြခဲ့ပါလျှင် သူတို့နှစ်ယောက်အနေဖြင့်နောက်တစ်ဆင့်ကိုဆက်ဖို့ရာမဖြစ်နိုင်ပေ။  အချိန်ကိုနောက်ပြန်လှည့်၍ရခဲ့ပါလျှင် လန်ဖုန်းဟာ သူမေးလိုသည့်မေးခွန်းများကိုနောက်ဆုတ်ခဲ့ချင်ပြီး ဖြစ်နိုင်ပါလျှင် အနာဂတ်နောက်တစ်နေ့ဝယ် ကျိုးချီချန်းဘက်မှနေ သည်အကြောင်းတွေအားအသေးစိတ်ပြောပြဖို့အဆင်ပြေပြီဟုခံစားမိသောအချိန်မှ နားထောင်ရလည်းသူကဖြင့်ကိစ္စမရှိပါ။ ယခုလို အမာရွတ်တွေနှင့် စိတ်ဒဏ်ရာတွေအားတစ်လွှာပြီးတစ်လွှာခွာချဖို့ရာမလိုအပ်ပါလေ။ ဒါတောင်မှ သူ့လူကရယ်မောနေနိုင်တုန်း။ သူစိတ်မကောင်းဖြစ်ရသည့်အချက်က ကျိုးချီချန်း၏အရင်ကအတိတ်အကြောင်းအရာများအတွက်ဝမ်းနည်းနေရသည်သာမက “ ကိုယ့်ကိုအားလုံးပြောပြပါ “ဟူ၍တောင်းဆိုခဲ့မိသည်ကိုလည်းနောင်တရမိ၏။ သူအရမ်းအလျင်စလိုနိုင်တယ်လို့ခံစားနေရတုန်းပင်။ သူ့လူကအကုန်ပြောပြလာပြီးသည့်နောက် လန်ဖုန်းက ကျိုးချီချန်း၏ဘဝဟာ စွန့်ပစ်ထားသည့်စစ်မြေပြင်တစ်ခုကဲ့သို့နှယ်ဟူ၍နားလည်သွားရ၏။ အဲ့သည့်စစ်မြေပြင်အတွင်းသူဟာ ယမ်းငွေ့တလူလူကြားမှနေရှင်သန်နိုင်ဖို့ရုန်းကန်ခဲ့ရပြီး ယခုနေ့သူလျှောက်လှမ်းလို့နေသည့် လမ်းတိုင်းကလည်း မြေမြှုပ်မိုင်းတို့ဖြင့်အတိပြီးသလိုဖြစ်ကာ အကြင်သူကဘယ်အကြောင်းအရာကိုပဲပြောလို့လာပါစေ ဝမ်းနည်းစရာအဖြစ်တေွ၊ စိတ်ဒဏ်ရာတွေကိုတော့ဖြင့်‌ရှောင်လွှဲဖို့ရာမဖြစ်နိုင်ခဲ့ပါ။ 
သို့ပေတည့်သည်လူသားက အကောင်းမြင်စိတ်အတော်လေးရှိသည်မို့ အချိန်အများစုမှာပင် သူ့ပတ်ဝန်းကျင်ရှိလူများအား စကားလုံးအနည်းငယ်ဖြင့်တောင်ရယ်မောလာအောင်လုပ်နိုင်သူဖြစ်သည်။ အရင်က သည်လူသားကို ယမ်းငွေ့များအလယ်တွင်တောင်မှ တည်ငြိမ်စွာရပ်တည်နေနိုင်သည်ဟုထင်မြင်မိကာ နောက်ခံဇာတ်လမ်းတစ်ပုဒ်နှင့်လူသားဟု သူကတွေးမိပေမင့် ယခုနေ့တွင်တော့ ထိုတည်ငြိမ်စွာရပ်နေလေသော လူသား၏ခြေထောက်အောက်မှ မြေလွှာထုသည်ကား အခေါင်းပေါက်တို့အတိပြီးကာရှိနေသည်ကို သူမြင်သွားနိုင်ခဲ့ပါသည်။
သို့သော် ကျိုးချီချန်းမှပြောလာပါလေ၏။
“ ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့။ မင်းကို အရာအားလုံးမဟုတ်ရင်တောင် တစ်ချို့ကိုတော့ ကိုယ်အစောကြီးတည်းကပြောပြခဲ့သင့်တာပါ။ ဒါပေမယ့် သည်လိုမျိုးထုတ်ပြရတာတော့မကောင်းဘူးပေါ့လေ။ “
လန်ဖုန်းကခေါင်းကိုညိတ်ပြလာကာ မျက်ရည်တို့ကိုသုတ်ဖို့ သူ့လက်ကိုမြှောက်လိုက်တော့၏။ တကယ်တော့ ကျိုးချီချန်းဟာ သူပြောပြလိုက်ခြင်းကြောင့် လန်ဖုန်းငိုသွားသည်ကိုမြင်လိုက်ရသော် နည်းနည်းလေးတော့ရွှင်မြူးမိ၏။ အခု သူခံစားနေရသည်က စိတ်လှုပ်ရှားမှူသက်သက်သာဖြစ်သည်။ သူကသည်လိုမျိုးစိတ်ပျက်ကြေကွဲစရာတွေကိုပြောပြခဲ့တာတောင်မှ လန်ဖုန်းကအလွယ်တကူပျော်ဝင်ခံစားပေးနိုင်လေသည်။ လန်ဖုန်းနှင့်အတူ သူ၏နှလုံးသားလေးသည်လည်း အိုးတစ်လုံးအတွင်းသို့ စုစည်းကာအရည်ဖျော်ခံလိုက်ရလေပြီ။ ထိုအရာက ချဥ်ချဥ်စပ်စပ်အစားအစာတွေကိုစားမိလျှင်ဖြစ်ပေါ်လာလေသောခံစားချက်နှင့်တူညီလှသည်။ နှစ်များစွာဖြတ်သန်းပြီးလာသည်အထိ အနှီခံစားချက်ကို သူကတစ်ခါလေးသော်မျှမကြုံဖူးခဲ့ပါချေ။
နောက်ဆုံးထိ သူကဆက်ပြီးထိုအကြောင်းတွေအားစိတ်ပါလက်ပါပြောပြပေးချင်ပါသော်ငြား လန်ဖုန်းကတော့နားထောင်ရတာလုံလောက်ပါပြီဟုဆိုလေကာ သူ့ကိုဆက်ပြောခွင့်မပေးတော့ပေ။
နောက်ဆုံးတော့ ကျိုးချီချန်းက ကိစ္စတစ်ခုလုံး၏အ‌ရေးကြီးဆုံးသောပင်မအချက်ကိုပြောခွင့်ရခဲ့တော့၏။
“ ဒါကနောက်ဆုံးစကားတစ်ခွန်းပါ။ ကိုယ်က မင်းအပေါ်ခံစားချက်တွေမရှိခဲ့တာမျိုးမဟုတ်ဘူး။ သည်အတိုင်းကိုယ်တို့က မလိုက်ဖက်ဘူးလို့ထင်ခဲ့တာ။ မင်းက.....အရမ်းကိုမှပြီးပြည့်စုံတဲ့လူသားဖြစ်ပြီး ကိုယ်ကတော့ စိတ်ပျက်စရာကောင်းလောက်အောင်အသုံးမကျတဲ့လူ။ ကိုယ်နဲ့ချစ်သူဖြစ်ရတာက မင်းကိုပင်ပန်းစေလိမ့်မယ်။ မင်းအနေနဲ့ ကိုယ့်အပေါ်လိုက်လျောညီထွေဖြစ်အောင် နေပေးစရာမလိုပါဘူး။ တကယ်ပါ “
သည်တစ်ကြိမ်တွင်တော့ လန်ဖုန်းက ပြတ်သားစွာပင်တုံ့ပြန်လာပါလေ၏။
“ လိုက်ဖက်မှူရှိမရှိ ကိုယ့်အတွက်မင်းကဆုံးဖြတ်ပေးရမှာမဟုတ်ဘူး။ ကိုယ်ကတော့မလိုက်ဖက်ဘူးလို့ကိုတွေးမနေခဲ့တာ။ မေးပါရစေအုံး မင်းအခုဆုံးဖြတ်ချက်ကို ချတုန်းက ကိုယ့်ကိုရောတစ်ခွန်းမေးခဲ့လား? “
အတိအကျကြီးကိုကျိုးချီချန်းမှာပြောစရာစကားတို့ပျောက်ဆုံးသွားရလေကာ သူတစ်ခွန်းပဲပြောနိုင်တော့သည်။

“ ကိုယ်........”
လန်ဖုန်းပြောလာသည်မှာ အမှန်တရားသာဖြစ်ကြောင်းသူသိနေသည်။ လူနှစ်ဦးအတူတူရှိသွားရခြင်း သို့တည်းမဟုတ်လမ်းခွဲရခြင်းဟူသည် ထိုလူနှစ်ဦးကသာအတူတူဆုံးဖြတ်ချက်ချရသည့်ကိစ္စတစ်ခုဖြစ်၏။ အရင်ကသူသည် မိမိ၏စိတ်တံခါးကိုတစ်ဖက်သတ်ပိတ်ချထားလေကာ အတွင်းစိတ်တွေအကြောင်းမဆွေးနွေး၊ အကြောင်းပြချက်တစ်ခုသော်မျှမပေးပဲ ကိုယ်တိုင်၏စိတ်ဆန္ဒအတိုင်း လုပ်ဆောင်ခဲ့တာသာဖြစ်သည်။
လန်ဖုန်း၏အသံမှာနူးညံ့ငြင်သာနေလျက်ဖြင့်
“ ကိုယ် မင်းကိုအပြစ်တင်နေတာမဟုတ်ဘူးနော်။ မင်း ကိုယ့်အတွက်တွေးပေးတာကိုလည်းနားလည်တယ်။ ကိုယ်က....အနာဂတ်မှာအလားတူကိစ္စရပ်တွေရှိလာတဲ့အခါ ကိုယ့်ကိုအရင်ဆုံးမေးပေးဖို့မျှော်လင့်မိရုံ။ ပြောလို့မရဘူးလေ မင်းမျှော်လင့်မထားတဲ့အဖြေမျိုးကိုယ်ကပေးနိုင်နေမှာ “
ကျိုးချီချန်းကခေါင်းကိုညိတ်ပြီး ပြုံးပြလာလေသည်။
“ မင်းနဲ့ဆုံပြီးတည်းက ကိုယ့်မှာ မထင်မှတ်ထားတဲ့အရာတွေပဲဖြစ်နေခဲ့တာလေ “
သည်တစ်ကြိမ်မှာတော့ ကျိုးချီချန်းမမျှော်လင့်ထားပေမယ့် လန်ဖုန်းကသူ့ကိုတွန့်ဆုတ်နေခွင့် သို့တည်းမဟုတ် ငြင်းပယ်ခွင့်လည်းမပေးလေပဲ ခေါင်းကိုငုံ့ကာ နှုတ်ခမ်းချင်းဦးတည်းနမ်းရှိုက်လာပါလေတော့၏။ တကယ်ကြီး သူစိတ်ကူးပုံဖော်ထားသလိုမျိုး ကျိုးချီချန်းရဲ့နှုတ်ခမ်းသားတွေက နူးညံ့အေးစက်လို့နေကာ နမ်းရှိုက်လို့လည်းကောင်းလှသည်။ လန်ဖုန်းက သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့လေပဲ သူ့လျှာဖျားတို့နှင့်တစ်ဖက်လူ၏သွားတွေအားတွန်းဖွင့်လိုက်ကာ ခံတွင်းထဲအထိမွှေနှောက်စုပ်ယူကာ နမ်းလေတော့သည်ပင်။ ပြီးနောက် သူ့လူ၏ ခံတွင်းထဲမှ ချောကလက်အရသာမွှေးမွှေးလေးကိုပါရလိုက်လေသည်။
တကယ်ကိုထူးဆန်းပါလေသည်။ လန်ဖုန်းဟာ ထိုလူသားနှင့်အတူအရင်းနှီးဆုံးဟုဆိုရမည့် အချိန်တို့အားရှိခွင့်မြင်ခွင့်ရခဲ့ပါ၏။ ဥပမာဆိုရလျှင် အေးစက်နေသောကြမ်းပြင်ပေါ်ဝယ် ဒူးထောက်ပြီး သူ့အသားချောင်းကို ပါးစပ်ဖြင့်စုပ်ပေးနေချိန်မှအစ သည်လူသားကိုယ်ထဲသူထိုးသွင်းနေချိန်မှာဖြစ်ပေါ်လာတဲ့အသက်ရှူသံခပ်ပြင်းပြင်းတို့အလယ် ခုခံကာနိုင်စွမ်းမဲ့ကာ အိပ်ပျော်လို့နေသည့်မျက်နှာလေးအဆုံး သူကမြင်ခွင့်ရခဲ့သည်။ သို့သော် သည်အနမ်းကတော့ဖြင့်အရမ်းကိုမှကြာလေပြီးသည့်အချိန်မှ ပြန်၍နမ်းခွင့်ရခဲ့တာဖြစ်သည်။ ဖန်းဟောက်၏အိမ်ရှိ နားနေခန်းတွင် နမ်းခဲ့လေသောအချိန်ကိုလည်း ပြန်၍တွေးတောလို့ရနေပါသည်။ သည်လူသားကို သူကထွေးပွေ့နမ်းရှိုက်ရခြင်းအား အင်မတန်မှနှစ်သက်ရသလို တစ်ခါလေး နမ်းရှိုက်ရခြင်းကလည်း လုံလောက်မည်မဟုတ်ချေ။
ထိုမနက်ခင်းတပိုင်းလုံး သူတို့ဟာ အလုပ်နှင့်ဘဝရေးရာအကြောင်းများမှလွဲ၍ တခြားအကြောင်းအရာများစွာကိုပြောဖြစ်ခဲ့ကြလေ၏။ ကျိုးချီချန်းကတော့ဖြင့် လန်ဖုန်းကတကယ်ကြီး အချိုစားရတာကြိုက်ကြောင်းရှာဖွေ့တွေ့ရှိခဲ့လေသည်။ ခဏလေးအတွင်းမှာကို သူကမတူကွဲပြားသည့်ချောကလက်သုံးလေးခုကိုစားလို့ကုန်သွားခဲ့လေပြီ။
“ မင်း ဒါတွေကို ကိုယ့်အတွက်ဝယ်လာတာလား၊ မင်းအတွက်ဝယ်လာတာလား? “
ကျိုးချီချန်းကသူ့ကိုရယ်ပြီးမေးလိုက်သည်။
လန်ဖုန်းက အလေးအနက်ပုံစံဖြင့်ပြန်ပြောလာသည်။
“ မင်းအတွက်ဝယ်လာပေးတာပါ။ မင်းကဒါကိုကြိုက်တယ်ဆို ကိုယ်အမြဲတမ်းဝယ်ပေးနေမှာ။ မင်းမကြိုက်ဘူးဆိုရင် မင်းဘာကိုကြိုက်တတ်တာလဲဆိုတာ ကိုယ့်ကိုပြောပြလေ “
ကျိုးချီချန်းက စောဒကတက်မည့်သူမျိုးလည်းမဟုတ်ခဲ့ပေ။
“ မင်း ဘာမဆိုဝယ်လို့ရတယ်။ ဘာဝယ်ဝယ်ကိုယ်က ကျေကျေနပ်နပ်ကြီးလက်ခံပေးမှာပါ “
ချောကလက်တစ်ခုကုန်အောင်စားပြီးတိုင်း လန်ဖုန်းကသူ့ကိုတစ်ခါနမ်းလာလေ၏။ ယခုတစ်ကြိမ်တွင်တော့ သူကအလွယ်တကူလှုပ်ရှား၍မရလေသည်မို့ လည်ပင်းကိုအသာလေးမော့ကာ တုံ့ပြန်ပေးလိုက်၏။ သို့သော် လန်ဖုန်းကနမ်းနေရင်း ပခုံးနှင့်ရင်ဘတ်တို့အားလက်ဖြင့်ထိတွေ့ပွတ်သပ်လာလေရုံဖြင့်မပြီးသွားလေပဲ  အဝတ်တို့ထဲလက်ကရောက်လာပြီးလျှင် ခါးမှတဆင့်နောက်ကျောဘက်ရှိအမာရွတ်တို့အား ပွတ်သပ်ချော့မြှူလာလေ၏။ နောက်ဆုံးမှာတော့ ကျိုးချီချန်းက သည်အတိုင်းဆက်သွားလို့မဖြစ်ချေတော့ဟုတွေးမိလိုက်သည်။
“ ကိုယ်တကယ်ကြီး ဒါလုပ်လို့မရဘူး “
ကျိုးချီချန်းက သူ့လက်ကိုဖမ်းဆွဲကာစောင်အပြင်ကိုထုတ်လိုက်၏။ ပြီးနောက် လန်ဖုန်း၏နာမည်ကိုခေါ်လိုက်ကာပြောလေတော့၏။
“ အယ်ဗန် ၊ မင်းကတကယ်ကြီးကိုယ့်ကိုသေအောင် ဆွဲဆောင်နေတာနော်။ ဆရာဝန်ဝင်လာတဲ့အခါကျ ကိုယ့်ကိုအော်လိမ့်မယ်လို့ “
သူကိုယ်တိုင်သည်လည်း လိုအင်ဆန္ဒတို့ပြင်းပြတတ်သောလူမျိုးဖြစ်သည်။ သို့‌သော် အများပြည်သူရှိနေသည့်ဆေးရုံတွင် နေ့လည်ဘက်ရောက်လုနီးအချိန်ဖြစ်နေကာ ခွဲစိတ်ဒဏ်ရာတို့ကသက်သာနေပြီဖြစ်ပါသော်ငြား သူကအမှားတစ်ခုခုအဖြစ်မခံရဲပေ။
လန်ဖုန်းကနာခံမှူရှိလှစွာဖြင့် သူ့လက်တို့ကိုလှုပ်ရှားမှူရပ်လိုက်ပါသော်ငြား ကျိုးချီချန်း၏လက်ကောက်ဝတ်ကိုတော့ လွှတ်မပေးပဲဆက်၍ကိုင်ထားဆဲဖြစ်သည်။ သူကပြောလိုက်၏။
“ ဒါဆိုလည်းကောင်းပြီလေ။ ကိုယ်တို့အတူတူဆက်ပြီးကြိုးစားကြမယ်။ အခုကအရမ်းစောနေသေးပေမယ့် မင်းမှာမသေချာမရေရာတာမျိုးဖြစ်လာခဲ့ရင် ကိုယ်တို့အတူတူအဖြေရှာကြမယ်။ ကိုယ့်ကိုပြောပြဖို့လုံးဝမတွန့်ဆုတ်မိစေနဲ့။ မင်းကိုယ်မင်း ရင်ဆိုင် “
ကျိုးချီချန်းက လန်ဖုန်း၏လက်ကိုပြန်ဆုပ်ကိုင်လိုက်ပြီးမှ ပြောလေသည်။
“ပွင့်လင်းစွာပဲပြောရရင် ဘာကြောင့်ရယ်မသိ အခုဖြစ်နေတဲ့အရာအားလုံးကတကယ်မဟုတ်ဘူးလို့ထင်နေမိတာ။ မင်းကကိုယ်ပြောတာနားထောင်ပေးဖို့ သည်အထိရောက်လာတာလည်းသိပေမယ့် ဒါကအိမ်မက်မဟုတ်တာသေချာချင်တယ်။ အိမ်မက်ဆိုရင်လည်းမနက်ဖြန်မနက်ကို နိုးမလာချင်တော့ဘူး “
လန်ဖုန်းက သူ့လူကိုအမြန်ပင်နှစ်သိမ့်ပေးလိုက်ပါ၏။
“ အိမ်မက်မဟုတ်ပါဘူးကွာ။ ကိုယ်လည်းပဲ တကယ်အမှန်မဟုတ်ဘူးလို့ခံစားနေရတာပါ။ အဲ့သည့်နေ့ မင်းကိုဖုန်းခေါ်ခဲ့တုန်းက ကိုယ့်စိတ်ထဲဘာအစီအစဥ်မှမရှိခဲ့တာတကယ်ပါ။ ကိုယ်တကယ်လည်း မင်းကိုစွန့်လွှတ်လိုက်ဖို့တွေးနေခဲ့တာ။ ဒါကြောင့်မို့လို့ မင်းဘက်ကသာစိတ်မပြောင်းပဲ ကိုယ့်ကိုဖုန်းထပ်မခေါ်ခဲ့ဘူးဆိုရင် ကိုယ်တို့တကယ်ကြီးဝေးသွားကြရတော့မလို့ သိရဲ့လား။ “
ထို့နောက် သူကသူ့လူမျက်လုံးဝိုင်းဝိုင်းလေးများ၏အတွင်းအနက်ဆုံးထိအကြာကြီးစိုက်လို့ကြည့်နေခဲ့ပြီးမှ တိုးတိုးလေးသာပြောလိုက်သည်။
“ ကိုယ်ကမင်းထက်ပိုပြီးဆင်ခြင်တုံ့တရားရှိတယ်ဆိုပေမယ့် မင်းကကိုယ့်ထက်ပိုပြီးရဲရင့်တယ်၊သတ္တိရှိတယ်လေ “
သူဟာဆင်ခြင်တုံ့တရားရှိသူဟုထင်မိပေမယ့် တခါတလေ လူနှစ်ဦးက တစ်ဦးအပေါ်တစ်ဦးသိကျွမ်းကာ ချစ်ခြင်းတရားတို့ဖြစ်တည်လာခဲ့ပါလျှင် ထိုဆင်ခြင်တုံ့တရားထက်အနည်းငယ်ပိုသော ဆင်ခြင်တုံ့တရားတို့လိုအပ်သည်ဖြစ်၏။ ကျိုးချီချန်းက သူတို့မလိုက်ဖက်ဘူးဟူ၍တွေးခဲ့ပေမင့် လန်ဖုန်းက ဒါကိုသဘောမတူဆန့်ကျင်ပါလေ၏။ တကယ်တမ်းက သူတို့နှစ်ဦးသည် အချင်းချင်း၏ကွက်လပ်ကလေးများကို ဖြည့်ဆည်းပေးရင်းဆက်သွားရနိုင်သည်ဟု ခံစားမိနေခဲ့သည်။
ကျိုးချီချန်းကထိုစကားကိုထောက်ခံပေးခြင်းမပြုသလိုငြင်းဆန်ခြင်းလည်းမလုပ်ခဲ့၏။ သူ့အမြင်အရဆိုပါလျှင် လန်ဖုန်းထံဝယ် “ဆင်ခြင်တုံ့တရားရှိခြင်း “ဟူသည့်စကားလုံးအပြင် အခြားလင်းလက်တောက်ပလို့နေသောအချက်များစွာလည်းရှိနေပေသည်။
နောက်ဆုံးတော့သူကထုတ်မေးလိုက်ပါ၏။
“ သည်နေ့ကဘာနေ့လဲ? “
လန်ဖုန်းက သူ၏ smart watch အားတစ်ချက်မြှောက်ကြည့်လိုက်ကာပြန်ဖြေလေ၏။
“ သည်နေ့က ဖေဖော်ဝါရီ ၁၅ရက်နေ့ “
ထို့နောက် ကျိုးချီချန်း၏မေးခွန်းနောက်ကွယ်မှဆိုလိုရင်းအမှန်အားသူကတိတ်တဆိတ်ပင်နားလည်သွားပုံရကာ တွေးတောခြင်းတောင်မပြုလေပဲ ပြောလာခဲ့သည်။
“ ကိုယ် သည်အခန်းတံခါးကိုဖွင့်ပြီးဝင်လာတဲ့အချိန်မှာ နယ်သာလန်စံတော်ချိန် ၁နာရီနဲ့၅၆မိနစ်ဖြစ်ပြီးတော့၊ UTC အရဆို ၂၃နာရီနဲ့၅၆မိနစ်ဖြစ်ပြီး ပေကျင်းဒေသစံတော်ချိန်အရဆို ၇နာရီနဲ့၅၆မိနစ်တိတိဖြစ်တယ်။ အနာဂတ်မှာ ကိုယ်တို့ရဲ့နှစ်ပတ်လည်ကို ပေကျင်းဒေသစံတော်ချိန်အတိုင်း ကျင်းပကြမယ် “

-------

The Translator has something to say :

Finally, they're official couple now....

​ဒါကို ခဏနားပြီး ချန်ကျားယွီတို့ဘက်မှာပြန်ဆုံမယ်​နော်။

Enjoy with luv,

Maybel

နယ်သာလန်သားနဲ့အ​ကြောင်းပါပြီး ဂျာမန်စာ​လေ့ကျင့်ရ​တော့မယ့် အစ်ကိုကြီးကျိုး🤣🤣နဖူးစည်းကြီးနဲ့အူတက်တာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နယ်သာလန်သားနဲ့အ​ကြောင်းပါပြီး ဂျာမန်စာ​လေ့ကျင့်ရ​တော့မယ့် အစ်ကိုကြီးကျိုး🤣🤣
နဖူးစည်းကြီးနဲ့အူတက်တာ

​တိုက်​လေယာဥ်​နောက်မြှီးမှ ဖမ်းချိတ်​ ( မြန်မာမှူပြန်လည်ပြုစု )Where stories live. Discover now