ကျိုးချီချန်းသည်အရပ်ဘက်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် ဟိုင်နန်သို့ပြောင်းရွှေ့လာပြီးသည့် ပထမတစ်နှစ်ကုန်ခါနီးတွင် ရှိန်းကျိမ့်မြို့ဝယ် ယွီရှောင်းယွမ်နှင့်တွေ့ဆုံခဲ့ရတာဖြစ်သည်။
နှစ်ဦးသားစတင်ဆုံစည်းကြသည့် အဖြစ်အပျက်က ပုံပြင်ဆန်လှကာ သူကဒါကိုပြန်ပြောပြတိုင်း ဘေးနားမှသူငယ်ချင်းတွေက မင်းတို့အကြောင်းက တီဗွီဒရာမာဆန်လိုက်တာဟု အမြဲပြောကြပေသည်။ ဒါက သူ့အတွက်တော့ A320 ဆိုသည့်ကောင်ကလေးနှင့်အတူ ရှိန်းကျိမ့်ပေါင်အန်းမှနေ ရှန့်ဟိုင် ဟုန်းချောင်သို့ ပထမဦးဆုံးအကြိမ်ပျံသန်းမောင်းနှင်မှူသာဖြစ်သည်။ ခရီးစဥ်တဝက်လောက်ရောက်သောအချိန်တွင်မူ လေယာဥ်ခရီးသည်များအခန်းမှနေ ဆူညံမှူများဖြစ်လာတော့သည်ပင်။ သန့်စင်ခန်းသွားရာမှမိမိခုံနေရာသို့ပြန်လာသောခရီးသည်တစ်ဦးက ရုတ်တရက်နှလုံးထဖောက်ကာ ကြမ်းပြင်ပေါ်သို့လဲကျသွားခဲ့သည်။ ထိုသူ့မျက်နှာကဖြူရော်လို့နေကာ ပါးစပ်ဟရင်းအသက်ကိုလုရှူနေရသည်မို့ လေယာဥ်ပေါ်ရှိခရီးသည်များအားလုံး လန့်ဖြန့်သွားခဲ့ရတော့သည်။ ကျိုးချီချန်းက လေယာဥ်မှူးတစ်ဦးအနေဖြင့် အသံလွှင့်စနစ်ကိုသုံးခဲ့လိုက်ကာ ပါလာသည့်ခရီးသည်များထဲ ဆရာဝန်ရှိမရှိ မေးမြန်းခဲ့၏။ ထိုခရီးစဥ်သည်သာမာန် ရုံးတက်ရက်များအတွင်းကခရီးစဥ်ဖြစ်ပြီး လိုက်ပါလာသူအများစုက အလုပ်လုပ်ဖို့ရာမလိုအပ်တော့သော သက်ကြီးရွယ်အိုများသာဖြစ်ကြတော့သည်ပင်။ ထို့ကြောင့်အစကတော့ သူ့မှာမျှော်လင့်ချက်သိပ်မရှိပေ။ သို့သော် ယွီရှောင်းယွမ်က ရှန့်ဟိုင်တွင်ဆွေးနွေးပွဲတစ်ခုတက်ရန် သာမာန်ရုံးတက်ရက်အတွင်းလေယာဥ်စီးနင်းခဲ့သည်မို့ ထိုအဖြစ်အပျက်များအတွင်းသူကလေယာဥ်ပေါ်ရှိနေခဲ့သည်။ သူသည် ရင်ဘတ်နှင့်ဝမ်းဗိုက်ပိုင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်ပေမို့ ယခုအခြေအနေအားကောင်းကောင်းကိုင်တွယ်နိုင်ပါလေ၏။ နေရာမှချက်ချင်းဆိုသလိုထရပ်လိုက်ပြီးလျှင် လူနာကို အလယ်လမ်းသို့ရွှေ့ကာ CPR လုပ်ကာ ရှေးဦးသူနာပြုနည်းဖြင့်အသက်ကယ်ခဲ့တော့သည်။

YOU ARE READING
တိုက်လေယာဥ်နောက်မြှီးမှ ဖမ်းချိတ် ( မြန်မာမှူပြန်လည်ပြုစု )
عاطفيةအယ်ဗန်လန်ဖုန်း×အားချန်း ပိုင်းလော့×ပိုင်းလော့