နောက်ထပ်နှစ်ပတ်တာသောအချိန်များဝယ် ကျိုးချီချန်းသည် ချက်ပြုတ်ရင်း၊ အိမ်သန့်ရှင်းရေးလုပ်ရင်း၊ ရေချိုးနေရင်း သို့တည်းမဟုတ် အိပ်ချင်စိတ်မရှိပဲ အိပ်ယာထဲလှဲပြီး အနားယူလိုက်လေတိုင်း ထိုအကြောင်းနှင့် လန်ဖုန်းကိုပဲတွေးနေမိခဲ့၏။ တကယ်တမ်းက နေထိုင်လာသည့်သက်တမ်းသုံးဆယ်ကျော်ဝယ် နှစ်ကြိမ်ပဲနှုတ်ဆက်စကားပြောခဲ့ဖူးကာ ရှိန်းကျိမ့်မှနေ ယွီရှောင်းယွမ်နှင့် လမ်းခွဲခြင်းအားလည်းတစ်ကြိမ်ပဲလုပ်ခဲ့ဖူးသည်။ သို့သော် ကွာခြားချက်ကမူ အနှီလမ်းခွဲမှူမတိုင်ခင်က သူတို့အခြေအနေသည် အတည်တကျမဖြစ်ခင်လေးတင်မှာပင်ခွဲခွာခဲ့ရသည့်အတွက် ဝမ်းနည်းမှူကပိုအလေးသာနေ၏။ ယခုတစ်ကြိမ်တွင်တော့ အင်မတန်မှနောင်တရမိပေသည်။ ထိုနောင်တတရားဟာ သူထိုသို့လုပ်ခဲ့ခြင်းမလုပ်ခဲ့ခြင်းထက် သူကသူမဟုတ်ပဲ၊ အတိတ်အကြောင်းတွေ ၊ ပူပန်ရမှူတွေ၊ စွဲလန်းရမှုတွေမပါပဲ သူက သည်အတိုင်းလေးရိုးရှင်းသောလူမျိုးသာဖြစ်နေခဲ့လျှင်ပိုကောင်းမည်ဆိုသည်ကိုပင်။
စိတ်ပိုင်းဆိုင်ရာခံစားချက်များကောင်းမနေ၍ပဲလားမသိပေ။ ပြီးခဲ့သည့်နှစ်ပတ်အတွင်း သူ့ကျောအောက်ပိုင်းမှ ဒဏ်ရာတွေသည်ပျောက်သွားနှင့်ပြီးဖြစ်တာတောင် မကြာခဏဆိုသလိုနာကျင်နေတတ်ပေ၏။ ကိုယ်တွင်းမှ တစ်သျှူးတွေ အပျော့စားထိခိုက်မှူဖြစ်နိုင်သလို သူအသေအချာလည်းမပြောနိုင်ပေ။ ပထမတော့ သူက နွေဦးပွဲတော်ရက်များအတွင်း လေယာဥ်ဖြင့် အကြာကြီးပျံသန်းမှူလုပ်ခဲ့ရတာကြောင့်ဟုထင်ခဲ့၏။ အခြေခံအားဖြင့်အိမ်ပြန်ရောက်လေသည့်အခါ အလုပ်၏ကြီးမားလေးလံသောတာဝန်နှင့် အချိန်ကွာဟမှူများကိုဖြတ်သန်းလာရခြင်းက သူ့ကိုပင်ပန်းနွမ်းနယ်စေကာ လုံလောက်စွာအနားယူမှူလည်းမလုပ်မိခဲ့ပေ။ သို့တည်းမဟုတ် စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများလည်းရှိနိုင်သေး၏။ အရင်တုန်းကဒဏ်ရာရခဲ့သည့်အကြောင်းကို ပြန်တွေးလေလေ၊ ခန္ဓာကိုယ်ထဲမှ မူမမှန်မှူများကို ပို၍ခံစားမိလေလေဖြစ်သည်။ သို့သော် နှစ်ပတ်ကြာသွားသည့်တိုင်နာကျင်မှူကခပ်စိပ်စိပ် ဖြစ်လာဆဲပင်။ လေယာဥ်မှူတစ်ဦးအနေဖြင့် သူ၏ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသည် လေယာဥ်ပေါ်မှအမှုထမ်းတွေနှင့်ခရီးသည်များအားလုံး၏ဘေးကင်းရေးနှင့်ဆက်စပ်နေသည်မို့ သူကထပ်ပြီးအချိန်မဆွဲရဲတော့။ ဓါတ်မှန်ရိုက်ဖို့ဆေးရုံသို့သာအမြန်သွားခဲ့လိုက်တော့သည်ပင်။

YOU ARE READING
တိုက်လေယာဥ်နောက်မြှီးမှ ဖမ်းချိတ် ( မြန်မာမှူပြန်လည်ပြုစု )
Lãng mạnအယ်ဗန်လန်ဖုန်း×အားချန်း ပိုင်းလော့×ပိုင်းလော့