စိတ်ညစ်သွားပြီး
"လုပ်ချင်တာလုပ်တော့" ဆိုပြီးထွက်သွားကြမလို့လုပ်တော့
"ဘယ်သွားကြမလို့လဲ?"
"အပြင် ညမှပြန်လာမှာ"
"ဒါ-" ဆိုပြီးပဲရှိသေး၅ယောက်လုံးထွက်သွားကြကာဆောင်းဟွန်းလည်းကြောင်သွားပြီး
"နေနေကျဖြစ်နေပါပြီတစ်ယောက်တည်းက...ဖိုက်တင်း!ငါအကောင်းဆုံးလုပ်နိုင်တယ်ဒါနဲ့ဥက္ကဌကြီးကဘယ်တော့မှပြန်လာမှာပါလိမ့်?" ဆိုပြီးတွေးနေရင်းအနောက်ကိုလည်းလှည့်ကြည့်လိုက်ကောအရောင်တွေမတူနေတဲ့အံ့စာတုံး၁၀တုံးကိုမြင်သွားတော့တယ်...။
"သူများပစ္စည်းထိတာရယ်တော့မဟုတ်ပေမဲ့...စိတ်ထိန်းမနိုင်တော့လို့ပါတကယ်တောင်းပန်ပါတယ်ဗျ" ဆိုပြီးစားပွဲပေါ်ကအံ့စာတုံးတွေဆီရောက်သွားကာအရောင်တူသွားအောင်အားလုံးကိုတစ်ထိုင်တည်းဆက်ပလိုက်ပြီး
"ရပြီ!ဒီလောက်လွယ်တာကိုးဘာလိုမဆက်ပဲထားထားကြတာပါလိမ့်?" ဆိုပြီးကြည့်နေတုန်းစားပွဲကရှုပ်ပွခတ်နေတာနဲ့မနေတတ်တော့ရှင်းပလိုက်တာပေါ့...။
လှေကားမှာလည်းပန်းအိုးတွေအများကြီးထားထားပေမဲ့ပန်းတွေကညိုးပြီးပန်းအိုးကလည်းညစ်ပတ်နဲ့ဖြစ်ချင်တိုင်းဖြစ်နေတော့
"တောင်းပန်ပါတယ်အိမ်နတ်ရှင်ကြီးတို့ခင်ဗျ" ဆိုပြီးလက်အုပ်ကြီးချီရင်းပန်းအိုးတွေအားလုံးကိုမီးဖိုချောင်ထဲမသွားကာဘေစင်မှာသွားဆေးကြောလိုက်တော့လေရဲ့...။
"ပန်းကဘယ်လိုလုပ်ရမလဲ?" ဆိုပြီးစဉ်းစားနေတုန်း
"အာဟုတ်သားခြံမှာ" ဆိုပြီးတံခါးဖွင့်ပြီးခြံထဲမှာနှင်းဆီပန်းတွေနဲ့နေကြာပန်းတွေကိုခူးလိုက်ကာ
"ကြိုက်ပါ့မလား?မလုပ်တာကောင်း-မသိတော့ဘူးဟာ" ဆိုပြီးပန်းတွေကိုယူပြီးအိမ်ထဲကိုပြန်ဝင်သွား၍ပန်းအိုးတွေထဲထည့်လိုက်တာပေါ့...။
သူတစ်ယောက်တည်းကိုရောက်ယှက်တွေခတ်နေပြီးတစ်အိမ်လုံးကိုလည်းသန့်ရှင်းရေးလုပ်ပစ်ကာ
"အခန်းထဲ...သူတို့အခန်းထဲဝင်တာမကြိုက်လောက်ဘူးထင်တယ်ဒါမဲ့လည်းပစ္စည်းမထိရင်ရတာပဲဟုတ်တယ်" ဆိုပြီးအခန်းတစ်ခန်းချင်းစီတိုင်းကိုဝင်ပြီးအိပ်ရာခင်းတွေ၊စောင်တွေကိုသပ်သပ်ရပ်ရပ်လုပ်ပေး၍အိပ်ရာဘေးကပန်းအိုးထဲကိုလည်းပန်းလေးတွေစိုက်စိုက်ထည့်ပေးလိုက်တော့တယ်...။
YOU ARE READING
Missed Only One Place of Many Hearts || All sunghoon 🐧🐶🦅🦌🐥🐈
RomanceSunooကတော့ဆောင်းဟွန်းတို့ရဲ့သားဖြစ်လာမည့်သူဖြစ်တာကြောင့်sunsunမပါပါကြိုပြောထားပါတယ်နော်အရင်ကလည်းအရမ်းအပြောခံရလို့ပါရှင့်မိုရ်ဒါကိုလည်းကြိုပြောပြီးသားလို့ထင်ပါတယ်နော်~