အိပ်မက်ထဲမှာဆောင်းဟွန်းတစ်ယောက်အရောင်စုံပြီးလှပလှတဲ့ဥယျာဉ်ထဲလမ်းလျှောက်ပြီးပျော်နေစဉ်နီခီတစ်ယောက်ဓါးကြီးနဲ့ရောက်လာကာ
"ဘယ်သူ-ဪ?"
"ထိုးသတ်ပစ်မယ်"
"ဟမ်?"
"ဒီဓါးနဲ့ထိုးသတ်ပစ်မယ်လို့!!!ဘာအတွက်?ဘာအတွက်ခွင့်ပြုချက်မရှိဘဲအခန်းထဲဝင်ရှင်းပြီးတစ်အိမ်လုံးကိုရှင်းပစ်ရတာလဲလို့!!ဟိုလူကြီးကခိုင်းတာလား?" ဆိုပြီးအော်ရင်းဆောင်းဟွန်းဆီပြေးလာ၍ဓါးကဗိုက်ထဲဝင်ခါနီးဆဲဆဲဆောင်းဟွန်းကိုဂျိတ်ခ်ကအနောက်ကနေလှဲချလိုက်တော့လေရဲ့...။
ရိုမန့်တစ်ဆန်ဆန်ဖြစ်သွားခဲ့ပြီး
"အရက်နံ့ထင်တယ်" ဆိုပြီးပြောလိုက်စဉ်မှာပဲလန့်နိုးလာကာ
"အမလေး ဟာ...ငါ့ဗိုက်" ဆိုပြီးသူ့ဗိုက်ကိုငုံ့ကြည့်ကာပြီးနောက်ဆုံးတော့သူအိပ်မက်ကိုမှတ်မိသွားခဲ့ပါပြီ...။
မနေ့ညကကိစ္စကိုလည်းမှတ်မိနေကာ
"သေပြီ!!!!" ဆိုပြီးအော်လိုက်ပြီးဖင်ပူးလောင်းကြီးထောင်ရင်းစောင်ကြီးခြုံထား၍
"ငါ...တကယ်ပဲဘာတွေဖြစ်ခဲ့တာလဲ?အားးးးမဟုတ်ဘူးမဟုတ်ဘူးငါတော့အလုပ်ဖြုတ်ခံရပြီထင်တယ်" ဆိုပြီးကုတင်ကိုထုနေတော့တယ်...။
ထိုစဉ်မှာပဲဖုန်းဝင်လာတာကြောင့်စောင်ထဲကနေလက်ထွက်ပြီးဖုန်းကိုလှမ်းယူလိုက်ကာ
"ဘယ်သူပါလိမ့်?" ဆိုပြီးကြောင်နေပြီးကိုင်လည်းကိုင်လိုက်ကော
"ဟယ်လိုအမိန့်ရှိပါခင်ဗျ"
"နိုးပြီလား?"
"အာဖုန်းမှား-"
"မဟုတ်ဘူးလေဦးလေးကြီးလေ"
"ဗျာ?ဘယ်...ဪ!ဥက္ကဌလားခင်ဗျ?'
"ဟုတ်တယ်လေကျောင်းတက်ဖို့အတွက်"
"ဗျာ?ဒီနေ့-အယ်မဟုတ်သေးဘူးဟိုကိစ္စနဲ့ပတ်သက်ပြီး..."
"သိပြီးသွားပါပြီမတော်တဆဆိုတာသိပါတယ်နားလည်တာမို့ကျောင်းတက်ဖို့သာပြင်ဆင်ထားလိုက်၈နာရီကျအတွင်းရေးမှူးလာကြိုလိမ့်မယ်"
YOU ARE READING
Missed Only One Place of Many Hearts || All sunghoon 🐧🐶🦅🦌🐥🐈
Storie d'amoreSunooကတော့ဆောင်းဟွန်းတို့ရဲ့သားဖြစ်လာမည့်သူဖြစ်တာကြောင့်sunsunမပါပါကြိုပြောထားပါတယ်နော်အရင်ကလည်းအရမ်းအပြောခံရလို့ပါရှင့်မိုရ်ဒါကိုလည်းကြိုပြောပြီးသားလို့ထင်ပါတယ်နော်~