တနင်္လာနေ့ကျောင်းလည်းပြန်တက်ရကော
"ငါ့ဆိုင်ကယ်ပေါ်လိုက်စီး"
"အောင်မယ်မင်းကမောင်ပိုင်စီးမယ်ပေါ့လေမရပါဘူးနော်ငါ့ဆိုင်ကယ်ပေါ်လိုက်စီး"
"ငါ့ဆိုင်ကယ်ကပိုကောင်းတယ်"
"ချောချောမွေ့မွေ့နဲ့မင်းခြေထောက်ကိုမနာအောင်ခေါ်ဆောင်သွားပေးမှာနော်" ဆိုပြီးပြိုင်လုနေကြတုန်းနီခီကမျက်နှာကိုလွှဲထားတော့
"ကျွန်တော်အကိုလေးနဲ့လိုက်သွားလို့ရမလားဗျ?"
"ဟမ်?ဘယ်အကိုလေးလဲ?အကိုလေးက၅ယောက်တောင်လေ"
"ဟိုထောင့်ဆုံးကအကိုလေးဗျ"
"နီခီလား?ဟိုက်~မင်းနာမည်တောင်သေချာမသိသေးဘူးပဲငါ့နာမည်ကဟီဆွန်းသူကဂျုံဆောင်းဟိုဘက်ကဂျောင်ဝန်းဟိုနားကဂျိတ်ခ်မင်းပြောတဲ့ထောင့်ဆုံးကဆိုတာနီခီ"
"အာ...ဟုတ်ကဲ့ဗျ"
"ဒါနဲ့နေပါဦးမင်းကငါ့ကိုမခင်တော့ဘူးလား?ဘာလို့နီခီလဲ?"
"အဲ့လိုသဘောမျိုးမဟုတ်ရပါဘူးဗျ"
"ဟွန့်" ဆိုပြီးစိတ်ဆိုးပြနေစဉ်နီခီကအနောက်ခုံကိုသေချာသန့်ရှင်းရေးလုပ်ပေးနေတာကိုမြင်သွားတော့တာပေါ့...။
ဆောင်းဟွန်းကြည့်နေတာလည်းသိသွားကောရှက်သွားပြီး
"ရား!ငါ့ဆောင်းဟွန်းကိုသေချာစောင့်ရှောက်ပေးနော်"
"ပစ်ချလိုက်မှာမို့လို့လား?အကဲပိုနေတယ်"
"ငခီ!အကောင်းကိုပြောမရဘူးဟွန့်" ဆိုပြီးအရင်ထွက်သွားလိုက်ကာအားလုံးလည်းလိုက်ထွက်ကြပြီး
"တက်လေ" ဆိုပြီးလုံးဝမကူပေးပဲ
"ဟုတ်ကဲ့ဗျ" ဆိုပြီးသူ့ဘာသာသူလည်းတက်ကောချော်လဲကျမလိုဖြစ်သွား၍ချော်လဲခါနီးဆဲဆဲနီခီကခါးကနေလှမ်းဖမ်းထိန်းလိုက်တော့တယ်...။
ဆောင်းဟွန်းလည်းလှည့်ကြည့်လိုက်ကောလေတွေတဖြူးဖြူးနဲ့တိုက်ခတ်လာပြီးနီခီတစ်ယောက်အပေါ်ဆုံးကြယ်သီးပြုတ်နေတာနဲ့ဆောင်းဟွန်းရင်ဘတ်ကိုအတိုင်းသားအပေါ်ကနေမြင်နေရတော့မျက်လုံးကတဖြည်းဖြည်းအဲ့ကိုရောက်သွားတော့လေရဲ့...။
YOU ARE READING
Missed Only One Place of Many Hearts || All sunghoon 🐧🐶🦅🦌🐥🐈
RomanceSunooကတော့ဆောင်းဟွန်းတို့ရဲ့သားဖြစ်လာမည့်သူဖြစ်တာကြောင့်sunsunမပါပါကြိုပြောထားပါတယ်နော်အရင်ကလည်းအရမ်းအပြောခံရလို့ပါရှင့်မိုရ်ဒါကိုလည်းကြိုပြောပြီးသားလို့ထင်ပါတယ်နော်~