AFTER REBIRTH [ EPISODE 16 ]

1.2K 129 23
                                    

Recommended Song for this Part -
Rumours by Lizzo feat. Cardi B

Unicode

ခြည် ပထမတန်းတုန်းကဖြစ်စဥ်ကိုအင်တာနက်တွင် ခြည့်အကောင့်ဖြင့် တင်ခဲ့လိုက်သည်။သို့ပေမယ့် အများပြည်သူ၏အမြင်တွင်တော့ အဆိုပါပို့စ်သည် ညီညာရိုးခြည်၏လုပ်ကြံဇာတ်လမ်းဟုသာထင်မြင်ခဲ့ကြသည်။

"ဒါကြီးကညီညာရိုးခြည်ရဲ့ အကောင့်ကြီးမဟုတ်လား၊ ဝါး အံ့သြလွန်းလို့ ငါတော့စကားတောင်မပြောနိုင်တော့ဘူး၊ ဟိုးအတိတ်ကဖြစ်ရပ်တွေကိုလုပ်ကြံလီဇယ်ပြီးတင်ရဲတယ်နော် "

"ပထမတန်းတုန်းကဖြစ်ရပ် ? မှတ်ရောမှတ်မိတာသေချာရဲ့လား ၊ဒီလောက်တောင်ကြာနေပြီကို၊ တစ်ကယ်ပါပဲ စိတ်ပျက်စရာကောင်းချက်၊ ကိုယ်အကျင့်မကောင်းတာကိုဖုံးကွယ်ဖို့အတွက်နဲ့ ကြာလှပြီဖြစ်တဲ့ အဖြစ်အပျက်တွေ လျှောက်တင်နေတယ်"

"ချီးခြောက်ရေနှူးလုပ်တဲ့နေရာမှာ ညီညာရိုးခြည်ကဆရာကြီးပဲနော်၊ ငါတော့သူပြောတာ၊တင်တာ ဘယ်တစ်ခုကိုမှ ယုံမနေဘူး၊ ဘာလို့ဆို ငါ့အသိတွေထဲ မဟာကလူတွေရှိတယ်၊ လုံး၀ပဲ မြေပြင်အချက်အလက်အရဆိုရင် ညီညာရိုးခြည်က ကောင်းကင်မြင့်မြတ်ဟိန်းကို ကြိုက်နေတာသေချာတယ်"

"တစ်ဖက်သတ်လျှောက်ပြောနေတာကြီးကို ဘယ်သူယုံကြလဲ ငါတော့မယုံ"

"ဒီမှာ ပေါက်တတ်ကရတွေတင်နေမယ့်အစား နိုရာမျဉ်းပြိုင်ကိုပဲသွားတောင်းပန်စမ်းပါ ချီးလိုကောင်ရဲ့၊ ကိုယ့်သူငယ်ချင်းကို ရည်းစားတစ်ယောက်အတွက်နဲ့စွန့်ပစ်ရဲတဲ့သတ္တိနော် "

"ညီညာရိုးခြည်လို အတုအယောင်သူငယ်ချင်းတွေကသေသွားသင့်တာ၊ မွေးဖွားမလာသင့်ဘူး "

"သွားသေလိုက်စမ်းပါ ညီညာရိုးခြည်၊ မင်းကိုမြင်ရတာမုန်းစရာကောင်းလိုက်တာ "

ကောမန့်တွေကအကောင်းဘက်မှရှိမနေဘဲ လူထုအမြင်ကတစ်ဖြည်းဖြည်းနဲ့ခြည်ခြည့်အပေါ် အဆိုးဘက်ကိုချည်း ဦးတည်နေသည်။

"ငါ့သားကိုရာရာစစသေသွားဖို့ပြောရဲတယ်ပေါ့လေ၊ အခုရှာ ၊ အဲ့ဒီ မိုက်ရိုင်းပြီးလူမဆန်တဲ့ကောမန့်တွေမန့်တဲ့လူတိုင်းရဲ့အချက်အလက်တွေကိုရှာစမ်း၊ အာချောင်တဲ့အကျိုးဆက်ကိုသိသွားစေရမယ်၊ ရိုးရာ အစုအဖွဲ့ကတစ်ဦးတည်းသော သားကို စည်းလွတ်ဝါးလွတ် ပါးစပ်သယမ်းလက်သယမ်းရဲတယ်ပေါ့လေ "

You've reached the end of published parts.

⏰ Last updated: Dec 10 ⏰

Add this story to your Library to get notified about new parts!

Nyi Nyar Yoe Chi Where stories live. Discover now