AFTER REBIRTH [ EPISODE 9 ]

19.2K 1K 101
                                        

Unicode

ဦးဦးဒေါက်တာနဲ့အန်တီဒေါက်တာတို့က ဦးနိုင်ကိုလာမကြိုစေဘဲ ခြည်ခြည့်ကို သူတို့ကိုယ်တိုင် ကားလေးနဲ့အိမ်အရောက်ပို့ပေးခဲ့ကြသည်။

အစပိုင်းတုန်းကတော့ ကျောင်းကို နေ့တစ်၀က်သာခွင့်တိုင်ထားခဲ့ပေမယ့် ခြည်ခြည်တို့ ကိစ္စတွေအပြီး အိမ်ပြန်ရောက်တော့ နေ့လည် တစ်နာရီပင်ထိုးခဲ့ပြီ။

ခြည့်လက်ဒဏ်ရာအပါအ၀င် ဂိုထောင်အခန်းထဲမှာ ပိတ်မိခဲ့တဲ့ပင်ပန်းဒဏ်တွေကို အသက်နှစ်ဆယ်အရွယ် ညီညာရိုးခြည်အနေနဲ့ ခံနိုင်မှာမဟုတ်သေး။

အတိတ်မှာတုန်းက ညီညာရိုးခြည်ဆိုတဲ့သူ,ပုံမှန်ထက်မာရေကျောရေရှိလာတယ်ဆိုတာက ကောင်းကင်းမြင့်မြတ်ဟိန်းဆိုတဲ့ကောင်ရဲ့ကျေးဇူးတော်တွေပင်။လောကဓံရဲ့အထုအထောင်းအရိုက်အပုတ်ဒဏ်တွေကို သူကတော့ ခါးစီးခံရင်း ကောင်းကင်မြင့်မြတ်ဟိန်းအတွက် လမ်းရှင်းပေးခဲ့ရသည်။

ပြန်စဉ်းစားကြည့်တော့လည်း သူ့အနေနဲ့ အရင်ဘ၀မှာ ကုသိုလ်တွေမလုပ်ခဲ့တာတော့မဟုတ်။ခိုးစားကြတဲ့ နှစ်ယောက်ကို ပါရမီကူဖြည့်ပေးကာ တုံးအစွာနဲ့ ထိုသူနှစ်ယောက်အတွက် ပန်းခင်းသောလမ်းဖြစ်အောင် သူကအနင်းခံပြားဖြစ်ပေးခဲ့ရလေသည်။ ကြည့်ရတာ မိုးနတ်မင်းက ထိုအရာများအတွက် အခွင့်အရေးပြန်ပေးသည်ထင်ပါရဲ့။

ဟမ့် ... ဒီပြန်မွေးဖွားတဲ့ဘ၀မှာတော့ အကုသိုလ်ဖြစ်ရင်လည်းဖြစ်ပါစေ အဲ့ဒီလူသတ်သမားနှစ်ယောက်ကို မဖြစ်မနေကို လက်စားချေပါဦးမည်။

ခြည် အိမ်ပြန်ရောက်တော့ တီတီမာလာက အပြုံးလေးနဲ့ ကြိုဆိုသည်။သို့သော် ခြည့်လက်ကဒဏ်ရာများကို တွေ့ချိန်မှာတော့ သူမရဲ့မျက်နှာအမူအရာကရုတ်ချည်းပြောင်းလဲသွားပြီး ခြည့်လက်ကိုဖွဖွလေးဆွဲယူလိုက်သည်။

"ခြည်ခြည် တီတီ့ကိုမှန်မှန်ပြော၊ ဒါကဘာတွေဖြစ်လာခဲ့တာလဲ၊ လက်ဖ၀ါးကလေးတွေက နီရဲနေပြီ၊ယောင်နေတော့မှာ "

ဒေါ်မာလာတစ်ယောက် နုနယ်လှသည့် ကလေးပေါက်ရဲ့လက်ဖဝါးလေးတွေနီရဲနေကာ လက်ဆစ်ကလေးတွေပင် ယောင်နေသည်မို့ ခေါင်းနပန်းကြီးကာ စိုးရိမ်မှုက အမြင့်ဆုံးသို့ဆောင့်တက်လျက်။

𝖦𝖾𝗍𝗍𝗂𝗇𝗀 𝖯𝗋𝖾𝗀𝗇𝖺𝗇𝗍 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇Dove le storie prendono vita. Scoprilo ora