Unicode
နူးညံ့တစ်ယောက် ခြည်ခြည့်ရဲ့လျင်မြန်လှတဲ့ လှုပ်ရှားမှုတစ်ချို့ကြောင့် တစ်ဖက်ကအဖွဲ့အကြီးအကျယ်ဒုက္ခရောက်သွားတာကို ကြည့်ပြီး အူမြူးနေလေရဲ့။ ကြံကြံဖန်ဖန် တိုက်ဆိုင်လွန်းတာကလည်း ဘယ်သူနဲ့ပြဿနာတက်သွားတာလဲမေး၊ နိုရာမျဉ်းပြိုင်ရဲ့ မာတာမိခင်၊ ဒေါ်မျိုးမမ။ အစိုးရအထက်တန်းလွှာအသိုင်းအဝိုင်းထဲမှာ စည်းစနစ်ကျသော၊ ဂုဏ်ရှိန်ဝါကြီးမားသော ၊ မာနခေါင်ခိုက်သော ၊အနိုင်ကျင့်တတ်သော စသည်ဖြင့် နာမည်ကြီးလှသည့် ၀န်ကြီးကတော်တစ်ယောက်ဖြစ်ရကား တည်တံ့ချမ်းသာတို့ အဖွဲ့ လွယ်လွယ် ကူကူလွတ်မြောက်မည့် ပုံမပေါ်။ ဘယ်သူကရော အတင့်ရဲပြီး ညီညာရိုးခြည်ကို ပြဿနာရှာခိုင်းလို့လဲ။ ဟွန်း။
ခြည်ခြည်ပါ မျက်လုံးလေးတွေမှိတ်ကျသွားသည်အထိရယ်မောလိုက်ပြီး နူးညံ့ရဲ့ လက်ကလေးကို ဆွဲကာကျောင်းကိုပြန်ဖို့ပြင်လိုက်သည်။ ကားအနားမှာ စောင့်နေတဲ့ ဦးနိုင်ကတော့ ခြည်ခြည်တို့ ပျော်ရွှင်ပြီး ပြန်လာကြတာကိုမြင်လိုက်ရသဖြင့် ဤဆိုင်က သခင်လေးတို့ အကြိုက်တွေ့သွားသည်ဖြစ်ရမည်ဟုတရားသေမှတ်လိုက်ကာ သူဌေးလင်မယားကို တစ်ဆိတ် ပြောပြဖို့တွေးထားလိုက်သည်။
"ဦးနိုင် ၄၆ လမ်းကျရင် boba tea shop မှာခဏရပ်ပေးပါနော်။ bubble tea ၀ယ်ချင်လို့ပါ။ "
ဟော ကြည့်။ ညီညာရိုးခြည်ဆိုတဲ့ ကလေးလေးက သူဌေးလင်မယားလိုပဲ အပြောချိုကာ သိပ်ကိုသဘောထားဖြောင့်မတ်တဲ့ကလေး။လူတွေကို အထက်ရယ် အောက်ရယ်၊ နိမ့်တယ် မြင့်တယ်ရယ် သဘောမထားပါဘဲ ကြီးသူကိုကိုရိုသေရကောင်းမှန်းသိပြီး ငယ်သူကိုလည်း သနားချစ်ခင်တတ်တယ်။တစ်ခုပဲ ရွှေပေါ်မြတင် သူဌေးလေးတို့ ထုံးစံ ဒူပေဒါပေ ခံလှတယ်တော့မရှိ။ သိပ်ကို နူးညံ့ပြီး အထိအခိုက် မခံ။
"ဟုတ်ပါပြီဗျာ "
"ကျေးဇူးပါဦးနိုင် "
ခြည်က အပြုံးလေးတစ်ခုနဲ့ဦးနိုင်ကိုကျေးဇူးတင်လိုက်ပြီးနောက် ဘေးနားမှာ ထိုင်နေတဲ့ နူးညံ့ကို မျက်စိမှိတ်ပြလိုက်သည်။
"အာ ငါမေ့နေတာ ဖုန်းတစ်ချက်ခေါ်လိုက်ဦးမယ်"
"အင်း "

YOU ARE READING
သတိရလာပြီးတဲ့နောက် သူဌေးကြီးရဲ့ ဒုတိယရင်သွေးကို ကိုယ်၀န်လွယ်ထားရတယ်
Romance𝙲𝚘𝚖𝚎𝚍𝚢 | 𝚁𝚘𝚖𝚊𝚗𝚌𝚎 | 𝚁𝚎𝚋𝚒𝚛𝚝𝚑 | 𝚁𝚎𝚟𝚎𝚗𝚐𝚎 | 𝙼-𝙿𝚎𝚛𝚐