DESCRIPTION

71.4K 1.6K 109
                                    

UNICODE
မိတ်ဆက်။

အမျိုးအစား - Rebirth,Revenge,Male-Preg,BL

ညီညာရိုးခြည် တစ်ယောက် သေဆုံးပြီးမှသိလိုက်ရတာက သူ့ရဲ့ရည်းစား မြေခွေးကောင်က သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလေးနဲ့ နောက်မီးလင်းနေတယ်တဲ့။အဆိုးဆုံးကတော့ အခုသေသွားရတာကလည်း သူ့အချစ်ဆုံးသူငယ်ချင်းက လုပ်ကြံလို့ဖြစ်ပြီး သူ့ရည်းစား ခွေးကောင်က ဒါကိုဖုံးကွယ်ပေးလိုက်သေးတယ်လေ။

ညီညာရိုးခြည် " ခွေးကောင်၊ ငါမင်းကိုချစ်ခဲ့ရတာအလကားပဲ၊စောက်မျိုးမမှန်တဲ့ကောင်၊ သွားလေရာကားတိုက်ပြီး လမ်းလျှောက်တိုင်း ခွေးချေးပုံတက်နင်းမိပါစေ၊ မင်းတို့ နှစ်ကောင်ကုတင်ပေါ်တက်လုပ်တိုင်း ကုတင်ကျိုးကျပါစေ"

သူဒေါသထွက်နေပေမယ့်ဘာမှမလုပ်နိုင်ခဲ့ဘူး။သူကသေပြီးသွားပြီ။ ဒါဆို ဒီအတိုင်းပဲ သူ့ရည်းစားနဲ့ သူ့သူငယ်ချင်း လူသတ်သမားက ပျော်ပျော်ရွှင်ရွှင်ပေါင်းစည်းသွားကြလေသတည်းဆိုတဲ့ခေါင်းစဉ်ကို ထိုင်ကြည့်နေရမှာလား။

ငါလိုးမ လောကကြီး ဖာ့ခ်ယူပဲ ဟျောင့် ဘောပဲ !

ညီညာရိုးခြည် လောကကြီးကိုဆဲနေတုန်းမှာပဲ စူးရှတဲ့အလင်းရောင်ကြီးက ထွက်ပေါ်လာခဲ့တယ်။သူလောကကြီးကိုဆဲလို့ မိုးနတ်မင်းက သူ့ကိုအပြစ်ပေးတော့လေမလားဆိုပြီး ထိတ်လန့်နေတုန်းမှာပဲ တစ်ကယ်ကြီး မိုးနတ်မင်းက တစ်ခုခုနဲ့ သူ့ခေါင်းကို ဒေါင်ခနဲ လွှဲရိုက်ချလိုက်တယ်။ သူ့ဝိညာဉ်လေးကထပ်မံပြီး မျက်စိမှိတ်ကာ အိပ်ပျော်သွားရပြန်ပြီ။

ညီညာရိုးခြည်တစ်ယောက် ခေါင်းနည်းနည်းကိုက်နေလို့ မျက်စိကိုအသာအယာဖွင့်ကြည့်မိတော့ စူးခနဲအလင်းရောင်နဲ့အတူ ဆေးရုံရဲ့အနံ့အသက်ကိုရလိုက်တယ်။

သူ့ရဲ့ မျက်၀န်းတွေကပြူးလာပြီး ထိုင်ထကြည့်မိတော့ သူရောက်နေတာက ဆေးရုံ တစ်ခုရဲ့အခန်းထဲမှာဖြစ်တယ်။သူက အချစ်ဆုံးသူငယ်ချင်းသတ်တာခံရပြီးသေသွားခဲ့ပြီလေ။

သူလေအေးတွေကို တစ်၀ကြီး ရှုရှိုက်မိလိုက်တယ်။
ဖြစ်နိုင်တာကတစ်ခုတည်း ပြန်လည်မွေးဖွားတာများလား။

𝖦𝖾𝗍𝗍𝗂𝗇𝗀 𝖯𝗋𝖾𝗀𝗇𝖺𝗇𝗍 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇Where stories live. Discover now