// (wink) အရမ်းချစ်ဖို့မကောင်းနဲ့ကွာ လာဖက်နမ်းပစ်လိုက်မယ်////နားကားနဲ့လူကြီး ဟွန့်>< ကြည့်လို့မရဘူး မုန်းစရာကြီးးးးး//
//နှုတ်ခမ်းလေးကိုက.. လူကိုသိပ်ပြုစားတာပဲကွာ//
Wedding ပွဲတစ်လျှောက်လုံး yeol နဲ့ Baek အကြည့်တိုက်ပွဲဆင်နွှဲနေကြသည်။
After wedding~"Baekhyun shii~ အရမ်းကျေးဇူးတင်ပါတယ်နော် ~
ခုလိုကူညီပေးတာ...""Arr...gwinchana..အမြဲပျော်ရွှင်ပါစေနော် hyung နဲ့ Noona.."
"ပျော်မှာပါ...ပျော်မှာပါ...baek လည်း ဟိုကောင်ကြီး chanyeol နဲ့
အမြဲမခွဲပျော်ပျော်နေရပါစေဗျာ~အဲ့ကောင်ကြီးက baek ကိုသိပ်ချစ်တာ
hyung က baek ကိုလူမမြင်ဖူးသေးခင်ကတည်းက byun baekhyun ဆိုတဲ့နာမည်ကိုရင်းနှီးနေတာ""ဟိတ်ကောင်! ငါ့ babe ကိုဘာတွေပြောနေတာလဲ!"
ပြောနေတုန်းရောက်လာသူကအဲ့နားကားကြီး!
မျက်နှာကပြုံးစိစိနဲ့. မုန်းစရာကြီးးး
သူ့ကိုစိတ်ဆိုးပြေပြီများထင်နေလားမသိ!"မင်းမကောင်းကြောင်းတွေပြောနေတာ..ရှင်းပလား!"
"မင်းတော့သေတော့မယ်! မင်္ဂလာဦးညမှာ နာချင်လို့! ဟွန့်!
Babe လာ..ပြန်မယ် ကလေးပင်ပန်းနေပြီ""အမယ်လေးဟဲ့! သွား...သွား ပိုကိုပိုတယ်! "
"သွားမှာ သွားမှာ! လာ babe ပြန်မယ်"
အွန်~ သူနဲ့ဘယ်သူကပြန်မယ်ပြောတာကျ -.-
လူကိုများဆွဲသွားလိုက်တာအရုပ်ကြနေတာပဲ!"Park chanyeol shii~ ခင်ဗျားနဲ့အတူပြန်မယ်များပြောမိလို့လား??
ကျွန်တော့်လက်ကိုလွှတ်ပါ"ပြောရင်းသူတွဲထားတဲ့ကျွန်တော့လက်ကိုဆတ်ခနဲဖြုတ်ချလိုက်သည်
ကိုယ့်ဘာသာကိုယ်ပြန်မယ်ဆိုတဲ့အတွေးနဲ့လှည့်အထွက်!
သူကကျွန်တော့ကိုအနောက်ကနေဖက်ထားလေရဲ့...
နွေးထွေးတယ်...အင်း သူ့ရင်ခွင်ဟာလေ
ဘယ်အချိန်ဖြစ်ဖြစ်ကျွန်တော့အတွက်အနွေးထွေးဆုံးထင်ပါရဲ့
ခါးတစ်ဝိုက်ကိုသူ့လက်တွေနဲ့ဖက်ထားပြီး သူ့မေးလေးကို ကျွန်တော်
ပုခုံးပေါ်တင်ပြီး သူ့နှုတ်ခမ်းတွေက
ကျွန်တော်လည်ပင်းကိုမြတ်နိုးစွာနမ်းရှိုက်နေတယ်...
သူ့အသက်ရူသံညှင်းညှင်းလေးကလည်းကျွန်တော့ကိုလာကျီစယ်
နေတယ်... သူ့လက်တွေကိုကျွန်တော့ခါးမှာပိုခိုင်မာစေလိုက်ပြီးသူ့ပါးလေး
နဲ့ကျွန်တော့ပါးလေးကို ထိကပ်ထားတယ်.... ရူးတော့မှာ...
တကယ်ဆို ရုန်းထွက်ပြီး ပြေးခဲ့ရမှာ.. အဲ့လိုမှမလုပ်နိုင်သေးပဲလေ~